သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, August 1, 2013

ဆီးချိုရောဂါအကြောင်း သိကောင်းစရာများ

Photo: ဆီးချိုရောဂါအကြောင်း သိကောင်းစရာများ

ခန္ဓာကိုယ်၊ ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယဟုခေါ်သည့် အင်္ဂါရပ်က သွေး တွင်းရှိ 
အချိုဓာတ်အား ထိန်းချုပ်သည့် အင်စူလင်ဟော်မုန်းဓာတ်အား ထုတ်ပေး လျက်ရှိရာ 
အင်စူလင်ထုတ်ပေးမှု မလုံလောက်မှု သို့မဟုတ် ခန္ဓာကိုယ် ကလာပ် စည်းများ၊ 
အင်စူလင်အသုံးချခြင်းဆိုင်ရာ ချို့ယွင်းမှုတို့ကြောင့် သွေးတွင်း သကြား ဓာတ်
 လွန်ကဲလာကာ ဆီးချိုရောဂါကို ဖြစ်ပေါ်စေသည်။

ယေဘုယျအားဖြင့် ဆီးချိုရောဂါအမျိုးအစား(၁)နှင့် အမျိုးအစား(၂)ဟူ၍ ရှိကြရာ 
အမျိုးအစား(၁)မှာ ကလေးများနှင့် အသက်ငယ်သူများတွင် အဖြစ်များပြီး 
အင်စူလင်ထုတ်ပေးသည့် ပန်ကရိယရှိ ကလာပ်စည်းများ ပျက်စီးမှုကြောင့်ဖြစ်ကာ 
အသက်ဆက်လက်ရှင်သန်ရေးအတွက် ပြင်ပမှ အင်စူလင်ကို လိုအပ်ပေသည်။ 
ဆီးချိုရောဂါအမျိုးအစား(၂)မှာမူ ပန်ကရိယက အင်စူလင်ထုတ်ပေးပါလျက်နှင့် 
ခန္ဓာကိုယ်ကလာပ်စည်းများက သုံးစွဲနိုင်စွမ်းကို ခုခံခြင်းကြောင့်ဖြစ်၍ 
ထိုလူနာများ အတွက် အင်စူလင်ပြင်ပမှ တစ်ခါတစ်ရံသာ လိုအပ်သော်လည်း လက်တွေ့အား
 ဖြင့် စားဆေးများလိုအပ်ပေသည်။ အထိရောက်ဆုံး ကုသနည်းကတော့ အစား 
အသောက်ဆင်ခြင်ခြင်းနှင့် ကိုယ်ကာယလှုပ်ရှားမှုပြုလုပ်ခြင်းတို့ဖြစ်သည်။ ကမ္ဘာ 
အနှံ့ ဆီးချိုရောဂါခံစားနေရသူ သန်းပေါင်း ၃ဝဝ ကျော်ခန့်အနက် ၉ဝ 
ရာခိုင်နှုန်းမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဝေဒနာရှင်များ ဖြစ်ကြသည်။ 
ဆီးချိုရောဂါအမျိုးအစား (၁)ရော အမျိုးအစား(၂)ပါ အန္တရာယ်ကြီးမားသော 
ရောဂါများဖြစ်ကြသည်။ တတိယအမျိုးအစားမှာ ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပေါ် တတ်သည့် 
ဆီးချိုရောဂါဖြစ် သည်။ ယခင်ဆီးချိုရောဂါမရှိခဲ့သည့် ကိုယ်ဝန်ဆောင်များ၏ ၄ 
ရာခိုင်နှုန်းခန့်သည် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ခံစားရပြီး 
ရောဂါလက္ခဏာပြသမှု နည်းပါးကာ မီးဖွားချိန်၌ ဆီးချိုရောဂါအလိုအလျောက် 
ပျောက်ကွယ် သွားတတ်သော်လည်း နောင် ဆီးချိုရောဂါဖြစ်နိုင်ခြေ 
အလားအလာပိုများကြောင်း လေ့လာတွေ့ရှိ ရသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် 
ဆီးချိုဝေဒနာရှင် သန်းပေါင်း ၃ဝဝ ကျော်ခန့် ရှိရာမှ ထိရောက် သည့် ဟန့်တားမှု
 မပြုလုပ်ပါက ၂ဝ၃ဝ ပြည့်နှစ်တွင် သန်းပေါင်း ၄၅ဝ အထိ တိုးပွား 
လာနိုင်ကြောင်း သိရှိရသည်။

ကျန်းမာရေးပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း

ဆီးချိုရောဂါကာကွယ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့သည် နီးစပ်စွာ 
ဆက်နွှယ်နေကြသည်။ ကျန်းမာရေးပညာပေးခြင်းသည် ကြိုတင်ကာကွယ်ခြင်း၏ အခြေခံနှင့်
 မြစ်ဖျားခံရာ ဖြစ်သည်။ သွေးရှိ သကြားဓာတ်မှန်မှန်စစ်ဆေးခြင်း၊ မှတ် 
တမ်းပြုစုခြင်း၊ ဆီးချိုဆေးများ ပုံမှန်မှီဝဲခြင်း၊ မှန်ကန်သော 
စားသောက်မှုနည်းလမ်း များ ကျင့်သုံးခြင်း၊ ပုံမှန်ကိုယ်ကာယ 
လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ဆီးချို ရောဂါ၏ 
နောက်ဆက်တွဲဆိုးကျိုး(နှလုံးအတိုက်အခိုက်ခံရခြင်း၊ လေဖြတ်ခြင်း၊ 
မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း၊ အနာရင်းခြင်း၊ 
သွေးကြောပိတ် ဆို့ခြင်း၊ ခြေပုပ်ခြင်း စသည်များ)ခံစားနေရသူများအား 
စိတ်ဓာတ်မြှင့်တင်ပေးခြင်း တို့သည် အရေးပါသော အချက်များပင်ဖြစ်သည်။ 
မျက်မှောက်ကာလတွင် ဆေး ပညာရှင်များက အမျိုးအစား(၁) ဆီးချိုရောဂါကို   
ထိရောက်စွာ မကာကွယ်နိုင် သေးသော်လည်း စဉ်ဆက်မပြတ် 
သုတေသနများပြုလုပ်နေဆဲဖြစ်သည်။ အမျိုး အစား(၂)ဆီးချိုရောဂါအတွက်မူ 
ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန် နှင့် ကိုယ်ကာယ လှုပ်ရှားမှုသည် 
အရေးကြီးဆုံး ကြိုတင်ကာကွယ်မှုများပင်ဖြစ် သည်။ အပြည်ပြည်ဆိုင်ရာ 
ဆီးချိုရောဂါထိန်းချုပ်ရေးအဖွဲ့ကြီးက ရိုးရှင်းလွယ်ကူ ပြီး 
အဆင့်သုံးဆင့်ပါဝင်သည့် လမ်းပြမြေပုံကို တင်ပြထားရာ ပထမအဆင့်မှာ 
ရောဂါဖြစ်နိုင်ခြေရှိသူများအား ရှာဖွေ ဖော်ထုတ်ခြင်းပင် ဖြစ်သည်။ 
questionaire မေးခွန်းလွှာများဖြင့် အမျိုးသား/ အမျိုးသမီး အသက်၊ 
ကိုယ်အလေးချိန်၊ အရပ်၊ ခါးပတ်လည် အလျား၊ မျိုးရိုးရာဇဝင်၊ 
နှလုံးသွေးတိုးရောဂါများဆိုင်ရာ ရာဇဝင်၊ ကိုယ်ဝန်ဆောင်စဉ် 
ဆီးချိုဖြစ်ပွားမှု၊ ဆေးလိပ်၊ အရက်သုံးစွဲမှု စသည်များအား ဖြေဆိုစေပြီး 
စစ်တမ်းကောက်ယူခြင်းဖြင့် အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်ခြင်းပင် ဖြစ်သည်။ 
ဒုတိယအဆင့်တွင် ဆီးချိုရောဂါဖြစ်နိုင်ခြေရှိသူဟု ဖော်ထုတ်တွေ့ရှိသူ များအား
 ပုံမှန်သွေးဖောက်စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစား 
အစာစားသုံးစေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်စေခြင်းတို့ပါဝင်သည်။ နေ့စဉ် 
မှန်မှန် မိနစ် ၃ဝ ကိုယ်ကာယလှုပ်ရှားမှု (လမ်းသွက်သွက်လျှောက်ခြင်းဖြင့် 
ဆီးချို ရောဂါအမျိုးအစား(၂)အား ၃၅ မှ ၄ဝ ရာခိုင်နှုန်းအထိ 
ကြိုတင်ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ တတိယအဆင့်တွင် ဆီးချိုရောဂါ 
တွေ့ရှိပါက ထိရောက်သော ကုသမှုပေးရန်နှင့် နောက်ဆက်တွဲဝေဒနာများ မဖြစ်ပွားရေး
 ကြိုတင်ကာကွယ်မှု ပေးရန်တို့ဖြစ်သည်။

မိသားစုဝင်များ သတိပြုရမည့် လက္ခဏာများ

မိမိ မိသားစုဝင်တစ်ဦးဦးတွင် ဆီးမကြာခဏသွားခြင်း၊ အလွန်အမင်းရေငတ်  ခြင်း၊ 
ဆာလောင် မွတ်သိပ်မှု လွန်ကဲခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ မောပန်း 
လွယ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ 
ခြေလက်ထုံကျင်ခြင်း၊ မျက်စိမှုန်ခြင်း၊ အနာမကျက်ခြင်းစသည်များ ဖြစ်ပေါ်ပါက 
တတ်ကျွမ်းသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံ ပြသရပြီး 
ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ဆီးချိုရောဂါ စုပေါင်းကာကွယ်ကြပါ

*        ဆီးချိုရောဂါကြောင့် ကမ္ဘာတွင် ၁ဝ စက္ကန့်လျှင် တစ်ဦးသေဆုံးလျက်ရှိ 
                သည်။

*        ၁ဝ စက္ကန့်လျှင် နှစ်ဦး ဆီးချိုရောဂါဖြစ်ပွားလျက်ရှိသည်။

*        ဆီးချိုရောဂါကြောင့် သေဆုံးသူဦးရေသည် HIV/AIDS 
ကြောင့်သဆုံးသူဦးရေနှင့် ညီမျှနေသည်။

*        အမျိုးအစား(၁)ဆီးချိုရောဂါသည် နှစ်စဉ် ၃ 
ရာခိုင်နှုန်းတိုးပွားလျက်ရှိသည်။

*        ဆီးချိုရောဂါအမျိုးအစား(၂)သည် ကလေးများတွင် 
တစ်နေ့တခြားပိုမိုဖြစ်ပွားလျက်ရှိသည်။

*        ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်ထုတ်လုပ်မှုစွမ်းဆောင်နိုင်သည့် 
အသက်အရွယ်အုပ်စု (၃၅ နှစ်မှ ၆၄ နှစ်အတွင်း)  ပိုမိုဖြစ်ပွား လျက်ရှိသည်။   
    ဆီးချိုရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားသည်။

* ဆီးချိုရောဂါသည် လုံးရောဂါကြောင့် သေဆုံးခြင်း၊ လေဖြတ်ခြင်း၊ 
မျက်စိကွယ်ခြင်း၊ခြေထောက်ဖြတ်ခံရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့၏ 
အခြေခံအကြောင်း တရားတစ်ခုဖြစ်သည်။

*        ဆီးချိုရောဂါရှိသူတိုင်းတွင် အန္တရာယ်ရှိသည်။ 
ဆီးချိုရောဂါအပျော့စားဟူ၍ မရှိပါ။

Read More >> http://bit.ly/17lmwKd
ခန္ဓာကိုယ်၊ ဝမ်းဗိုက်အတွင်းရှိ ပန်ကရိယဟုခေါ်သည့် အင်္ဂါရပ်က သွေး တွင်းရှိ အချိုဓာတ်အား ထိန်းချုပ်သည့် အင်စူလင်ဟော်မုန်းဓာတ်အား ထုတ်ပေး လျက်ရှိရာ အင်စူလင်ထုတ်ပေးမှု မလုံလောက်မှု သို့မဟုတ် ခန္ဓာကိုယ် ကလာပ် စည်းများ၊ အင်စူလင်အသုံးချခြင်းဆိုင်ရာ ချို့ယွင်းမှုတို့ကြောင့် သွေးတွင်း သကြား ဓာတ် လွန်ကဲလာကာ ဆီးချိုရောဂါကို ဖြစ်ပေါ်စေသည်။
ယေဘုယျအားဖြင့် ဆီးချိုရောဂါအမျိုးအစား(၁)နှင့် အမျိုးအစား(၂)ဟူ၍ ရှိကြရာ အမျိုးအစား(၁)မှာ ကလေးများနှင့် အသက်ငယ်သူများတွင် အဖြစ်များပြီး အင်စူလင်ထုတ်ပေးသည့် ပန်ကရိယရှိ ကလာပ်စည်းများ ပျက်စီးမှုကြောင့်ဖြစ်ကာ အသက်ဆက်လက်ရှင်သန်ရေးအတွက် ပြင်ပမှ အင်စူလင်ကို လိုအပ်ပေသည်။ ဆီးချိုရောဂါအမျိုးအစား(၂)မှာမူ ပန်ကရိယက အင်စူလင်ထုတ်ပေးပါလျက်နှင့် ခန္ဓာကိုယ်ကလာပ်စည်းများက သုံးစွဲနိုင်စွမ်းကို ခုခံခြင်းကြောင့်ဖြစ်၍ ထိုလူနာများ အတွက် အင်စူလင်ပြင်ပမှ တစ်ခါတစ်ရံသာ လိုအပ်သော်လည်း လက်တွေ့အား ဖြင့် စားဆေးများလိုအပ်ပေသည်။ အထိရောက်ဆုံး ကုသနည်းကတော့ အစား အသောက်ဆင်ခြင်ခြင်းနှင့် ကိုယ်ကာယလှုပ်ရှားမှုပြုလုပ်ခြင်းတို့ဖြစ်သည်။ ကမ္ဘာ အနှံ့ ဆီးချိုရောဂါခံစားနေရသူ သန်းပေါင်း ၃ဝဝ ကျော်ခန့်အနက် ၉ဝ ရာခိုင်နှုန်းမှာ အမျိုးအစား (၂) ဆီးချိုရောဂါ ဝေဒနာရှင်များ ဖြစ်ကြသည်။ ဆီးချိုရောဂါအမျိုးအစား (၁)ရော အမျိုးအစား(၂)ပါ အန္တရာယ်ကြီးမားသော ရောဂါများဖြစ်ကြသည်။ တတိယအမျိုးအစားမှာ ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပေါ် တတ်သည့် ဆီးချိုရောဂါဖြစ် သည်။ ယခင်ဆီးချိုရောဂါမရှိခဲ့သည့် ကိုယ်ဝန်ဆောင်များ၏ ၄ ရာခိုင်နှုန်းခန့်သည် ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါ ခံစားရပြီး ရောဂါလက္ခဏာပြသမှု နည်းပါးကာ မီးဖွားချိန်၌ ဆီးချိုရောဂါအလိုအလျောက် ပျောက်ကွယ် သွားတတ်သော်လည်း နောင် ဆီးချိုရောဂါဖြစ်နိုင်ခြေ အလားအလာပိုများကြောင်း လေ့လာတွေ့ရှိ ရသည်။ ၂ဝ၁ဝ ပြည့်နှစ်တွင် ဆီးချိုဝေဒနာရှင် သန်းပေါင်း ၃ဝဝ ကျော်ခန့် ရှိရာမှ ထိရောက် သည့် ဟန့်တားမှု မပြုလုပ်ပါက ၂ဝ၃ဝ ပြည့်နှစ်တွင် သန်းပေါင်း ၄၅ဝ အထိ တိုးပွား လာနိုင်ကြောင်း သိရှိရသည်။

ကျန်းမာရေးပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း

ဆီးချိုရောဂါကာကွယ်ခြင်းနှင့် ကျန်းမာရေးပညာပေးခြင်းတို့သည် နီးစပ်စွာ ဆက်နွှယ်နေကြသည်။ ကျန်းမာရေးပညာပေးခြင်းသည် ကြိုတင်ကာကွယ်ခြင်း၏ အခြေခံနှင့် မြစ်ဖျားခံရာ ဖြစ်သည်။ သွေးရှိ သကြားဓာတ်မှန်မှန်စစ်ဆေးခြင်း၊ မှတ် တမ်းပြုစုခြင်း၊ ဆီးချိုဆေးများ ပုံမှန်မှီဝဲခြင်း၊ မှန်ကန်သော စားသောက်မှုနည်းလမ်း များ ကျင့်သုံးခြင်း၊ ပုံမှန်ကိုယ်ကာယ လှုပ်ရှားမှုလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ဆီးချို ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး(နှလုံးအတိုက်အခိုက်ခံရခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ထိခိုက်ပျက်စီးခြင်း၊ အနာရင်းခြင်း၊ သွေးကြောပိတ် ဆို့ခြင်း၊ ခြေပုပ်ခြင်း စသည်များ)ခံစားနေရသူများအား စိတ်ဓာတ်မြှင့်တင်ပေးခြင်း တို့သည် အရေးပါသော အချက်များပင်ဖြစ်သည်။ မျက်မှောက်ကာလတွင် ဆေး ပညာရှင်များက အမျိုးအစား(၁) ဆီးချိုရောဂါကို ထိရောက်စွာ မကာကွယ်နိုင် သေးသော်လည်း စဉ်ဆက်မပြတ် သုတေသနများပြုလုပ်နေဆဲဖြစ်သည်။ အမျိုး အစား(၂)ဆီးချိုရောဂါအတွက်မူ ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်အလေးချိန် နှင့် ကိုယ်ကာယ လှုပ်ရှားမှုသည် အရေးကြီးဆုံး ကြိုတင်ကာကွယ်မှုများပင်ဖြစ် သည်။ အပြည်ပြည်ဆိုင်ရာ ဆီးချိုရောဂါထိန်းချုပ်ရေးအဖွဲ့ကြီးက ရိုးရှင်းလွယ်ကူ ပြီး အဆင့်သုံးဆင့်ပါဝင်သည့် လမ်းပြမြေပုံကို တင်ပြထားရာ ပထမအဆင့်မှာ ရောဂါဖြစ်နိုင်ခြေရှိသူများအား ရှာဖွေ ဖော်ထုတ်ခြင်းပင် ဖြစ်သည်။ questionaire မေးခွန်းလွှာများဖြင့် အမျိုးသား/ အမျိုးသမီး အသက်၊ ကိုယ်အလေးချိန်၊ အရပ်၊ ခါးပတ်လည် အလျား၊ မျိုးရိုးရာဇဝင်၊ နှလုံးသွေးတိုးရောဂါများဆိုင်ရာ ရာဇဝင်၊ ကိုယ်ဝန်ဆောင်စဉ် ဆီးချိုဖြစ်ပွားမှု၊ ဆေးလိပ်၊ အရက်သုံးစွဲမှု စသည်များအား ဖြေဆိုစေပြီး စစ်တမ်းကောက်ယူခြင်းဖြင့် အလွယ်တကူ ရှာဖွေဖော်ထုတ်နိုင်ခြင်းပင် ဖြစ်သည်။ ဒုတိယအဆင့်တွင် ဆီးချိုရောဂါဖြစ်နိုင်ခြေရှိသူဟု ဖော်ထုတ်တွေ့ရှိသူ များအား ပုံမှန်သွေးဖောက်စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အစား အစာစားသုံးစေခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်စေခြင်းတို့ပါဝင်သည်။ နေ့စဉ် မှန်မှန် မိနစ် ၃ဝ ကိုယ်ကာယလှုပ်ရှားမှု (လမ်းသွက်သွက်လျှောက်ခြင်းဖြင့် ဆီးချို ရောဂါအမျိုးအစား(၂)အား ၃၅ မှ ၄ဝ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည်။ တတိယအဆင့်တွင် ဆီးချိုရောဂါ တွေ့ရှိပါက ထိရောက်သော ကုသမှုပေးရန်နှင့် နောက်ဆက်တွဲဝေဒနာများ မဖြစ်ပွားရေး ကြိုတင်ကာကွယ်မှု ပေးရန်တို့ဖြစ်သည်။

မိသားစုဝင်များ သတိပြုရမည့် လက္ခဏာများ

မိမိ မိသားစုဝင်တစ်ဦးဦးတွင် ဆီးမကြာခဏသွားခြင်း၊ အလွန်အမင်းရေငတ် ခြင်း၊ ဆာလောင် မွတ်သိပ်မှု လွန်ကဲခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ မောပန်း လွယ်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခြေလက်ထုံကျင်ခြင်း၊ မျက်စိမှုန်ခြင်း၊ အနာမကျက်ခြင်းစသည်များ ဖြစ်ပေါ်ပါက တတ်ကျွမ်းသည့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများထံ ပြသရပြီး ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်ဖြစ်သည်။

ကြောက်မက်ဖွယ်ရာ ဆီးချိုရောဂါ စုပေါင်းကာကွယ်ကြပါ

* ဆီးချိုရောဂါကြောင့် ကမ္ဘာတွင် ၁ဝ စက္ကန့်လျှင် တစ်ဦးသေဆုံးလျက်ရှိ သည်။

* ၁ဝ စက္ကန့်လျှင် နှစ်ဦး ဆီးချိုရောဂါဖြစ်ပွားလျက်ရှိသည်။

* ဆီးချိုရောဂါကြောင့် သေဆုံးသူဦးရေသည် HIV/AIDS ကြောင့်သဆုံးသူဦးရေနှင့် ညီမျှနေသည်။

* အမျိုးအစား(၁)ဆီးချိုရောဂါသည် နှစ်စဉ် ၃ ရာခိုင်နှုန်းတိုးပွားလျက်ရှိသည်။

* ဆီးချိုရောဂါအမျိုးအစား(၂)သည် ကလေးများတွင် တစ်နေ့တခြားပိုမိုဖြစ်ပွားလျက်ရှိသည်။

* ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကုန်ထုတ်လုပ်မှုစွမ်းဆောင်နိုင်သည့် အသက်အရွယ်အုပ်စု (၃၅ နှစ်မှ ၆၄ နှစ်အတွင်း) ပိုမိုဖြစ်ပွား လျက်ရှိသည်။ ဆီးချိုရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားသည်။

* ဆီးချိုရောဂါသည် လုံးရောဂါကြောင့် သေဆုံးခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်း၊ခြေထောက်ဖြတ်ခံရခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့၏ အခြေခံအကြောင်း တရားတစ်ခုဖြစ်သည်။

* ဆီးချိုရောဂါရှိသူတိုင်းတွင် အန္တရာယ်ရှိသည်။ ဆီးချိုရောဂါအပျော့စားဟူ၍ မရှိပါ။

သို့ဖြစ်လေရာ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုသလို ဆီးချိုရောဂါထိန်းချုပ်ရေးပူး ပေါင်းပါဝင်ဆောင်ရွက်ကြရန် မိသားစုဝင်အားလုံးနှင့်ပြည်သူလူထုတစ်ဦးချင်း၌ တာဝန်ကိုယ်စီရှိကြကြောင်း ရေးသားတင်ပြလိုက်ပါသည်။     
ဒေါက်တာအောင်စိုး(ခ)အောင်ကျော်မိုး အငြိမ်းစားပြည်နယ်ဆေးရုံအုပ်ကြီး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D