ပတ်ဆောင်ဟွာ ရွေးချယ်ထားသည့် လူစာရင်းတွင် ရန်ကုန်ယူနိုက်တက်မှ လေးဦး၊ ရတနာပုံမှ ခြောက်ဦး၊ ကမ္ဘောဇမှ နှစ်ဦး၊ မကွေးမှ ငါးဦး၊ ဇေယျာရွှေမြေမှ လေးဦး၊ ဆောက်သမ်းမှ တစ်ဦး၊ ဟံသာဝတီယူနိုက်တက်မှ နှစ်ဦး၊ ရခိုင်ယူနိုက်တက်မှ သုံးဦး၊ ဧရာဝတီယူနိုက်တက်မှ သုံးဦးပါဝင်ပြီး သြဂုတ်လ ၁၂ ရက်မှ စက်တင်ဘာ ၅ ရက်အထိ စခန်းဝင် လေ့ကျင့်သွားမည်ဖြစ်သည်။
အသင်း၏လူစာရင်းတွင် ဒဏ်ရာမှ ပြန်လည်သက်သာလာသော တိုက်စစ်မှူး ကျော်ကိုကို ပြန်လည်ပါဝင်လာခဲ့ပြီး ဆက်ဖြိုးဝေ၊ မောင်မောင်သန့်၊ ကောင်းမြတ်ဦးစသည့် မျက်နှာသစ်ဘောလုံးသမားများလည်း ပါဝင်လာခဲ့သည်။
ပဏာမယူ-၂၃ အသင်းသည် အောက်တိုဘာ ၁၅ ရက်တွင် ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်ကာ အောက်တိုဘာနှင့် နိုဝင်ဘာနှစ်လအတွင်း ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံများသို့ သွားရောက် လေ့ကျင့်ခြေစမ်းကစားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ် ပြန်ခဲ့သည်။
ပဏာမမြန်မာ့ လက်ရွေးစင် ယူ-၂၃အသင်း ကစားသမားစာရင်း
ဂိုး - ပြည့်ဖြိုးအောင် (ဆောက်သမ်းမြန်မာ)၊ ကျော်ဇင်ဖြိုး(မကွေး)၊ မျိုးမင်းလတ် (ဇေယျာရွှေမြေ)၊ ရန်အောင်လင်း (ဟံသာဝတီ)
နောက်တန်း - သိန်းသန်းဝင်း (ကမ္ဘောဇ)၊ နန္ဒကျော် (မကွေး)၊ ကောင်းမြတ်ဦး(ရခိုင်)၊ ဇော်မင်းထွန်း၊ ရဲလင်းအောင်၊ ရန်အောင်ဝင်း၊ သက်နိုင် (ရတနာပုံ)၊ အောင်ဟိန်းကျော် (ဇေယျာရွှေမြေ)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ မင်းကိုသူ (ရခိုင်)၊ အောင်ဇော် (ဟံသာဝတီ)
အလယ်တန်း - မောင်မောင်သန့် (ရခိုင် )၊ ဆက်ဖြိုးဝေ (ရန်ကုန်)၊ ရဲလင်းအောင် (ဇေယျာရွှေမြေ)၊ ထူးထူးအောင် (မကွေး)၊ ကျော်ဇေယျာဝင်း (ကမ္ဘောဇ)၊ ဟိန်းဇာအောင် (မကွေး)၊ နန္ဒလင်းကျော်ချစ် (ဧရာဝတီ)၊ မျိုးဇော်ဦး (မကွေး)၊ ကြည်လင်း (ရန်ကုန်)၊ စိုးပိုင်သွေး (ဇေယျာရွှေမြေ)၊ ဒေးဗစ်ထန်း (ရန်ကုန်)၊ နေလင်းထွန်း (ဧရာဝတီ)
ရှေ့တန်း - ကောင်းစည်သူ၊ ဒွေးကိုကိုချစ် (ရတနာပုံ)၊ ကျော်ကိုကို (ရန်ကုန်)
From:Mizzima
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...