သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, August 2, 2013

အပစ်ရပ်ဆွေးနွေးရန် မြောက်ပိုင်းကျောင်းသား ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ထွက်ခွါ

ရန်ကုန်မြို့၌ ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် KIA ထိန်းချုပ်ရာ ကချင်ပြည် နယ် လိုင်ဇာမြို့ အခြေစိုက် ABSDFမြောက်ပိုင်း ကိုယ်စားလှယ်အဖွဲ့ဝင်များ ယမန်နေ့ နေ့လည်ပိုင်းက တရုတ်ရွှေလီမြို့မှ ရန်ကုန်သို့ ထွက်ခွာသွားပြီ ဖြစ်သည် ။

ယခုလ ၄ ရက်နေ့တွင် ရန်ကုန်မြို့၌ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ခေါ်) ABSDF နှင့်ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီတို့ အပစ်အခတ် ရပ်စဲနိုင်ရေးတွေ့ဆုံဆွေးနွေးမည် ဖြစ်ရာ ABSDF မှ ကိုယ်စားလှယ် ၃၅ ဦးအနက် မြောက်ပိုင်းကိုယ် စားလှယ် ၅ ဦး ပါဝင်တက်ရောက်ခြင်း ဖြစ်သည် ။


“ယခင် ပြည်နယ်အဆင့် ဆွေးနွေးပွဲတွေတုန်းကတော့ မြောက်ပိုင်းကိုယ်စားလှယ်တွေမပါဘူး။ အခုဆွေးနွေး ပွဲကတော့ ပြည်ထောင်စုအဆင့်အရင်ဆွေးနွေးထားတဲ့ အချက်တော်တော်များများကို အစိုးရကိုယ်စားလှယ်
ဘက်ကသဘောတူထားတယ်။အဲဒီကိစ္စတွေကိုပဲထပ်ဆွေးနွေးမယ်ထင်တယ် ”ဟုမြောက်ပိုင်းကိုယ်စားလှယ် ခေါင်းဆောင် စစ်ရေးတာဝန်ခံ ဦးအောင်ဆွေဦးက ပြောသည် ။

အဆိုပါ ဆွေးနွေးထားသော အချက်များမှာ ပြည်နယ်အဆင့် ၊ ပြည်ထောင်စုအဆင့်နှင့် တစ်နိုင်ငံလုံး အတိုင်း အတာဆောင်သည့်အဆင့်ဟူ၍ အပိုင်း ၃ ပိုင်း ခွဲခြားထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မငြိစွန်းသည့် အချက်များကို အစိုးရဘက်မှသဘောတူလက်ခံကြောင်း သိရသည် ။

ယခင်ဆွေးနွေးပွဲများတွင် အစိုးရဘက်မှ မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်များ၏ လမ်းခရီး အတွက် တာဝန်ယူနိုင်ခြင်းမရှိသဖြင့်မြောက်ပိုင်းအဖွဲ့အနေဖြင့် ဆွေးနွေးပွဲများသို့ တက်ရောက် နိုင်ခြင်းမရှိ
ခဲ့သော်လည်း ယခုတစ်ခေါက် ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမှာ နှစ်ဘက်အပစ်ရပ်စဲရေးလက်မှတ်ထိုးမည့် အလားအလာများရှိနေကြောင်း လေ့လာ သူများက သုံးသပ်နေသည် ။

Panglong(Burmese)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D