အဆိုပါကိစ္စနှင့်ပတ်သက်၍ ရမည်းသင်းမြို့သို့ ဆက်သွယ်ခဲ့ရာ – “ဟိန္ဒူရယ်၊ ဗုဒ္ဓရယ်၊ တရုတ်ရယ်က အရင်တုန်းကတည်းက ပေါင်းပြီး သဂြိုဟ်ကြတာ။ လွန်ခဲ့တဲ့ ၂၃-ရက်နေ့ကတော့ သူတို့က ရွှေ့သွားပြီ။ မီးသဂြိုဟ်စက်ရော။ မြို့ရဲ့ အနောက်ဘက် ၅-မိုင်လောက်ဝေးတယ်။ မနေ့ကတော့စည်ပင် ကခေါ်ပြော တယ်။ မွတ်စလင်မ်သင်္ချိုင်းကို ရွှေ့ဖို့ပြောတယ်။ ဇွတ်တော့ မတိုက်တွန်းဘူး။ စည်ပင်ဥပဒေ အရ ရွှေ့ရမယ် လို့ပြောတယ်။ မြို့နယ် အုပ်ချုပ်ရေးမှူးလည်း ရှိနေတယ်။ ကျွန်တော်တို့က လက်မခံနိုင်ဘူးဆို တာတော့ ပြောပြခဲ့ တယ်။ မွတ်စလင်မ်သင်္ချိုင်းက နေရာ အကျယ်ကြီးကျန်သေးတယ်။
ကျွန်တော်တို့တွေက မြေမြှုပ်သဂြိုဟ်တာမှာ အုတ်ဂူနဲ့မဟုတ်တော့ နေရာအများကြီး ဆန့်တယ်။ ပြီးတော့ ကျွန်တော်တို့ မွတ်စလင်မ်တွေက သုဿာန်ကို အလေးအမြတ်ထားကြတယ်။ အခုလို နေရာရွှေ့ခိုင်းတာက မဖြစ်သင့်ပါဘူး။ လွှတ်တော်နဲ့ နိုင်ငံတော် သမ္မတကြီးဆီကိုလည်း ဒီအကြောင်းအရာ ထပ်တင်မှာပါ။
ဒီသုဿာန်က လွန်ခဲ့တဲ့ နှစ် ၅၀၀ ကျော်ကတည်းက ရှိနေတာပါ။ ပတ်ဝန်းကျင်မှာလည်း မွတ်စလင်မ်တွေ များတယ်။ နောက်တစ်ခုက သန့်သန့် ရှင်းရှင်း သပ်သပ်ရပ်ရပ်၊ အုတ်တံတိုင်းနဲ့ ဘာအနှောက်အယှက်မှ မဖြစ်ပါ ဘူး။ လက်ရှိ ရှိတာက ဗမက အနောက်ရပ်ကွက်မှာ အခုရွေှ့ခိုင်းတဲ့နေရာက မြို့ အနောက်ဘက် မှာ မြေမြှုပ် သဂြိုဟ်လို့ အဆင်ပြေတဲ့နေရာမဟုတ်ပါဘူး။ လယ်မြေတွေဖြစ်ပြီး မြို့နဲ့လည်း ဝေးတယ်။ သုဿာန်ကို တန်ဖိုးထားကြတဲ့ ကျွန်တော်တို့တွေ အတွက် သုဿာန်ဆိုတာ အဲဒါ ရွှေ့ပြောင်းလို့ မဖြစ်နိုင် ပါဘူး။ ဒါကြောင့် ရွေှ့ဖို့အတွက် ကျွန်တော်တို့ လက် မခံတာပါ”လို့ ရမည်းသင်းမြို့ခံမှ M-Media ရဲ့ ဆက် သွယ်မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။
FROM-M MEDIA


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...