
“အခု မိတ်ဆက်တဲ့ Tab 3 တွေက အရင် ဆမ်ဆောင်း တက်ဘလက်တွေ ထက် ပိုပါးတယ်။ ပေါ့လည်း ပိုပေါ့တယ်” ဟု ၎င်းက ပြောဆိုသည်။
ဆမ်ဆောင်း ကုမ္ပဏီမှ နောက်ဆုံး ထုတ်လုပ်ထားသော Tab 3 အမျိုးအစား ၇ လက်မ၊ ၈ လက်မနှင့် ၁၀ ဒသမ ၁ လက်မ တက်ဘလက် သုံးမျိုးလုံးသည် 3G မိုဘိုင်းလ်ဖုန်း စနစ် အသုံးပြုနိုင်ပြီး အသံစနစ် ကောင်းမွန်အောင် လုပ်ဆောင်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ Channel Manager ဦးဇော်ကိုကိုထွန်းက ပြောဆိုသည်။
၇ လက်မအရွယ် Tab 3 တက်ဘလက်ကို ကျပ် သုံးသိန်း သုံးသောင်းနီးပါး၊ ၈ လက်မအရွယ် Tab 3 ကို ကျပ် လေးသိန်း နီးပါးနှင့် ၁၀ ဒသမ ၁ လက်မ အရွယ် Tab 3 ကို ကျပ် လေးသိန်း ငါးသောင်း ခန့် ဖြင့် ရောင်းချဖွယ် ရှိပြီး ဈေးနှုန်း အတိအကျ မသိရှိရသေးကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ ဝန်ထမ်း တစ်ဦးက ပြောကြားသည်။
ဆမ်ဆောင်း မြန်မာ ကုမ္ပဏီသည် ဆမ်ဆောင်း ဆိုင်ခွဲများကို ရန်ကုန်တွင် ၁၁ ဆိုင်၊ မန္တလေးတွင် သုံးဆိုင်၊ တောင်ကြီးမြို့နှင့် မုံရွာမြို့တို့တွင် တစ်ဆိုင်စီ ဖွင့်လှစ်ထားပြီး မကွေးမြို့တွင်လည်း ထပ်မံ ဖွင့်လှစ်မည်ဟု အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
The Voice Weekly


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...