မြန်မာနိုင်ငံ ရုပ်ရှင်
အစည်းအရုံး မှ မြန်မာ့ ရုပ်ရှင် ဇာတ်ကားများကို အရည်အသွေး ကောင်းအောင် ၊
အဆင့်မီအောင် ဆောင်ရွက်လျက် ရှိရာတွင် အာရှ ရုပ်ရှင် ပွဲတော်များ အထိပါ
ပြသခွင့် ရရှိခဲ့သော ဇာတ်ကား များလည်း ရှိပြီ ဖြစ်သည်။
ယခုအခါ တရုပ်ရုပ်ရှင်
ပညာရှင် အသင်းမှ ကြီးမှူး ကျင်းပသော ၂၂ ကြိမ်မြောက် တရုတ်ရွှေကြက်ဖ ရာပန်း
ရုပ်ရှင်ပွဲတော် ကို ၀ူဟန် တွင် စက်တင်ဘာလ ၂၄ ရက်မှ ၂၈ ရက်ထိ ကျင်းပမည်
ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်ပွဲတော်
တွင် ပြသရန် မြန်မာနိုင်ငံ မှ ရုပ်ရှင်ကား များစွာကို ရွေးချယ်ခဲ့ရာ Heart
and Soul ရုပ်ရှင် ထုတ်လုပ်ရေး မှ ထုတ်လုပ် ထားပြီး ဒါရိုက်တာ ၀ိုင်း
ရိုက်ကူးထားသည့် အာဒံရယ် ဧ၀ရယ် ဒဿရယ် အမည်ရှိ ရုပ်ရှင် ဇာတ်ကားကို ရွှေကြက်ဖ
ရာပန်း ရုပ်ရှင်ပွဲတော် တွင် ပြသရန် ရွေးချယ် ထားကြောင်း သိရသည်။
အာဒံရယ် ဧ၀ရယ် ဒဿရယ်
ရုပ်ရှင် ဇာတ်ကားတွင် ပြေတီဦး ၊ စိုင်းစိုင်းခမ်းလှိုင် နှင့် သက်မွန်မြင့်
တို့ အဓိက သရုပ်ဆောင် ထားပြီး ၂၀၁၀ ပြည့်နှစ် အကယ်ဒမီ ပေးပွဲတွင်လည်း
အမျိုးသား ဇာတ်ဆောင်ဆု ၊ အမျိုးသမီး ဇာတ်ဆောင်ဆု ၊ ရုပ်ရှင် ထုတ်လုပ်ရေး
ဆုများ ဆွတ်ခူး ခဲ့သည့် ဇာတ်ကား တစ်ကားလည်း ဖြစ်ကြောင်း သိရှိရသည်။
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...