သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 7, 2013

ဆီးရီးယားကို စစ်မတိုက်ရန် ပူတင်က အမေရိကန်ကို တားမြစ်

ရုရှားသမ္မ ဗလက်တီမာ ပူတင်ဟာ အမေရိကန်ကို သတိပေးလိုက်ပါပြီ။ ကုလသမဂ္ဂရဲ့  ခွင့်ပြုချက် မရပဲ ဆီးရီးယား ကို စစ်မတိုက်ရန် တားမြစ်လိုက်ကြောင်း သိရပါတယ်။
လက်ရှိအခြေအနေမှာ ကုလသမဂ္ဂဟာ လည်း အမေရိကန်ကို မတားမြစ်တော့ပဲ လွတ်ထားတဲ့ အနေအထား ဖြစ်ပါတယ်။ ယင်းအနေ အထား မှာ ရုရှား သမ္မတ ပူတင်ဟာ ဆီးရီးယားအား စစ်တိုက်ရန် အမေရိကန် တို့ ဆုံးဖြတ်ခြင်းကို တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။ ဆီးရီးယား အစိုးရဘက်မှ ရုရှားတို့ ထောက်ခံနေခြင်းပါ။ သို့ပေမယ့် ပူတင်ဟာ ယင်းတားမြစ်ချက်က ဆီးရီးယားဘက်မှ နေ၍ ဆုံးဖြတ်ခြင်း မဟုတ်ကြောင်း၊ ယင်းစစ်ပွဲကြောင့် ဆက်စပ်နိုင်ငံများကိုပါ ထိခိုက်စေကြောင်း အစရှိသဖြင့် အကြောင်းပြချက် ပေးပါတယ်။

ဒီတော့ ရုရှားနဲ့ အမေရိကန်တို့ ဆက်ဆံရေး တင်းမာမှုကိုပါ ဖြစ်လာစေတော့ မယ့် အနေ အထား တစ်ခုကို ရောက်ရှိ သွားပါတယ်။ ရုရှားက မဝန်ခံပေမယ့် အားလုံး သိနေတဲ့ ကိစ္စတစ်ခုက စစ်ရေးထောက် ပံ့မှုပါ။ ဆီးရီးယား အစိုးရ ယမန်နှစ်ကပဲ ဒုံးကျည်လက်နက်သစ်များ ထောက်ပံ့ ရောင်းချ ထားခြင်း ဖြစ် ပါတယ်။ ဒါ့အပြင် စစ်ရေးအရ ကူညီမှုများလည်း ပေးအပ် ထားပါတယ်။ လက်ရှိ ဆီးရီးယား သမ္မတ အာဆက်ကို ရုရှားတို့ အပြည့်အဝ ထောက်ခံပေ မယ့် ကုလ သမဂ္ဂမှာတော့ ကြားနေအဖြစ် သာ ကြေညာ ထားပါတယ်။

ဒါကြောင့် အမေရိကန် သမ္မတအိုဘားမားဟာ ရုရှားသမ္မတ ပူတင်နဲ့ ကုလ ရဲ့  ခွင့်ပြုချက်မရပဲ စစ်တိုက်တော့ မယ်ဆိုရင် ဘာဖြစ်လာမလဲဆိုတာက စဉ်းစားစရာပါ။ သေချာတာ ကတော့ လက်ရှိ ရုရှားနဲ့ အမေရိကန် ဆက်ဆံရေးက တင်းမာနေပါပြီ။ လက်ရှိ ရုရှားမှာ ခိုလုံနေတဲ့ အမေရိကန် ဝရမ်းပြေး စီအိုင်အေ စနိုးဒန်းကိုလည်း လွဲပြောင်းပေးဖို့ကို ငြင်းဆိုထား ပါတယ်။ ဒါကြောင့် ဆီးရီးယားကို တိုက်ခိုက် မယ်ဆိုရင် ထင်သလို မဟုတ်ပဲ အမေရိကန်ပါ အထိနာနိုင်ချေ ရှိကြောင်း ခန့်မှန်းတွက်ချက် ထားကြ ပါတယ်။

From: ရိုးရာလေး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D