သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, September 7, 2013

ကျောင်းသူများကို စကပ်လှန်ခိုင်းသည့် ဆရာအား ဖမ်းဆီး အရေးယူ

ကျောင်းသူများကို ဝတ်ဆင်ထားသည့် စကတ်အားလှန်ခိုင်းပြီး ဓာတ်ပုံရိုက်ယူကာ အင်တာနက်ပေါ်တွင် တင်ထားသည့် ဆရာအား ဖမ်းဆီးအရေးယူသည့်ပြစ်မှုတစ်ခု အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည် နယ် ကိုဝက်တာကောင်တီမြို့တွင် ဖြစ်ပွားခဲ့သည်။

ထိုဆွဲခန့်ကျောင်းဆရာသည် ကျောင်းသူများကို မဖွယ်မရာလုပ်ခိုင်းပြီး ဓာတ်ပုံများကို သူပိုင်ဝက်ဘ် ဆိုက် ပေါ်တွင် တင်ထားခဲ့သည်။ ကျောင်းသူလေးများမှာ အိစ် ကိုဝက်တာအထက်တန်းကျောင်းမှဖြစ်ပြီး မဖွယ် မရာ ပုံစံအမျိုးမျိုးဖြင့် ဓာတ်ပုံအရိုက်ခံထားကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အသက် ၁၈ နှစ် မပြည့်သေးသည့်သူများ၏ မဖွယ်မရာ ကိုယ်ဟန်ပြနေသည့်ပုံများကို အများပြည်သူ သို့ ဖော်ထုပ်ပြ ရန် ဥပဒေ အရ တားမြစ်ပိတ်ပင်ထားသည်။

ထိုကျောင်းသူများသည် မည်သူတို့ဖြစ်ကြကြောင်းကို အတန်းဖော်များက ကောင်းစွာသိကြပြီး ဆရာအား ကန့် ကွက်သည့် အီးမေးလ်များ ကျောင်းသို့အဆက်မပြတ်ရောက်လာကာ ဆရာကို အရေးယူပေးရန် တောင်း ဆိုကြ သည်။

ကျောင်းအုပ်ကြီးကလည်း ယခုဖြစ်ပျက်မှုသည် ကျောင်းအတွက်ပြန်လည်သုံးသပ်ရမည့် ကိစ္စဖြစ်ပြီး အမြန် ဆုံး အရေးယူပေးပါမည်ဟု မီဒီယာသို့ ပြောကြားခဲ့သည်။

ကျောင်းအုပ်ကြီးသည် အဖြစ်အပျက်ကို သိသိချင်း ရဲစခန်းသို့ အကြောင်းကြားခဲ့သည်။ ထိုဆရာကိုလည်း ကျောင်းမှထုတ်လိုက်ပြီး၊ ကျောင်းအတွင်းသို့ လုံးဝမလာရောက်ရန် အမိန့်ထုတ်လိုက်သည်။

ကျောင်းသူများ၏ ဓာတ်ပုံတွင် “ကျွန်တော့်အတန်းမှ ခပ်ဟော့ဟော့ ကောင်မလေးများ” ဟု စာတန်းရေးထိုး ထားသည့်အပြင် “စကတ်လန် ကောင်မလေးများ” ဟု ဖော်ပြထားချက်များ အပေါ် မိဘများက အပြင်း အထန် ကန့်ကွက်ခဲ့ကြသည်။

မိဘတစ်ဦးက “ကျွန်မတို့အနေနဲ့ ကျောင်းကို ယုံကြည်ပြီး သားသမီးတွေကို အပ်နှံထားခဲ့တာ။ ဒီလိုအဖြစ်မျိုး ရောက်အောင် ဆရာကလုပ်တယ်ဆိုတာ အံ့သြလို့မဆုံးဘူး” ဟုပြောကြားခဲ့သည်။

ကျောင်းမှတာဝန်ရှိသူများက ဆရာ၏အမည်ကို ဖော်ထုတ်ခြင်းမရှိပေ။ ရဲစခန်းမှ ထိုဆရာအားဖမ်းဆီးထား ကြောင်းသိရသည်။

မောင်ကျော်သီဟ

From:OE

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D