သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, September 4, 2013

ဆီးဂိမ်းစ် ရာသီ အတွက် လိင်လုပ်သားများ ကျန်းမာရေး အသိ ပညာပေးရန် ပိုမို လိုအပ်

ရန်ကုန်၊ စက်တင်ဘာ ၄။
လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်း အားကစား ပြိုင်ပွဲသို့ လာရောက် ကြမည့် နိုင်ငံ
တကာမှ ဧည့်သည်အချို့နှင့် မြန်မာနိုင်ငံရှိ လိင်လုပ်သားတို့အကြား ဆက်ဆံရေးအဆင်ပြေစေရန်နှင့်
HIV/AIDS ရောဂါပိုးကူးစက်ခြင်းများ မဖြစ်ပေါ်စေရန် ကျန်းမာရေးအသိပညာပေးခြင်းများ ပိုမိုပြုလုပ်
ပေးရန် လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

“sea games ကျရင် လူတန်းစားပေါင်းစုံ ပြည်တွင်းကို လာမှာဆိုတော့ ကျန်းမာရေးပညာပေးတွေ ဘာ
သာစကားကိစ္စတွေကို ပညာပေးအနေနဲ့ ကျယ်ပြန့်စွာ လုပ်ဆောင်ရင်ကောင်းတယ်။ နောက်တစ်ခု စိုး
ရိမ်စရာက ဘာသာစကားအခက်အခဲကြောင့် ငွေကြေးအပိုင်းမှာ ကြားပွဲစားက ဖြတ်ယူသွားတာမျိုးတွေ
လည်း ကြုံတွေ့နိုင်တယ်။

တရားမ၀င်ဆိုတာမျိုးကြီးနဲ့ဖြစ်နေတော့ အခုရန်ကုန်မှာက အဖမ်းအဆီးပိုများလာတယ်။ ဒါကြောင့် အ
ခက်အခဲဖြစ်တာမျိုးတွေရှိတယ်”ဟု Sex Worker in Myanmar Network (Swim Network) မှတာဝန်
ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ ရက်တိုသင်တန်း အဖြစ် လိင် ဆက်ဆံသည့်အခါ ကွန်ဒုံး အသုံး
ပြုရန်နှင့် အသုံးမပြုချင်သည့် ဧည့်သည်များကို စနစ်တကျ ပြန်လည်ရှင်းပြနိုင်ရန် သင်ကြားပေးကြောင်း၊
ဘာသာစကား အခက်အခဲ ရှိသည့်အခါ ဟန်ပန်အမူအယာဖြင့် မည်သို့လုပ်ဆောင်သင့်ကြောင်းနှင့် ကွန်ဒုံး
အသုံးပြုနည်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း လိင်လုပ်သားတစ်ဦးက ပြောကြားသည်။

“တစ်ချို့ sex worker တွေက မျက်နှာမပြ၀ံ့တာတွေ ကြောက်ရွံ့တာမျိုးတွေရှိနေတော့ လိင်လုပ်သားလုပ်
နေတဲ့အဖွဲ့တွေရှိတဲ့နေရာကို ကျန်းမာရေးပညာပေးအနေနဲ့ လိုက်ပြောပေးနိုင်ရင်ပိုကောင်းတယ်“ ဟု ၎င်း
က ပြောကြားသည်။

Swim Network မှ တာဝန်ရှိသူတစ်ဦးက “အဓိကကတော့ HIV/AIDS လျော့ချရေးအတွက်နဲ့ လူ့အခွင့်
အရေးတန်းတူရရှိဖို့ ရည်ရွယ်ပြီး လိင်လုပ်သားတွေကို ပညာပေးလုပ်ရတာပါ။”ဟု ပြောကြားသည်။

၂၀၁၃ ဆီးဂိမ်းစ် ပြိုင်ပွဲ မတိုင်မီ ပြည်တွင်းရှိ လူမှုရေးအသင်းအဖွဲ့အချို့အနေဖြင့် လိင်လုပ်သားများကို
ကျန်းမာရေး ပညာပေး သင်တန်းများ ပို့ချပေးခြင်းသည် ကောင်းမွန်းကြောင်းနှင့် ပညာပေးခြင်းကို
ကျယ်ပြန့်စွာလုပ်ဆောင်ရန် မျှော်လင့်ကြောင်း Swim Network မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

HIV/AIDS လျော့ချရေးအတွက် လိင်လုပ်သားဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှုများကို မျက်နှာမပြ
လိုသူများဖြစ်စေ ၊ နယ်မြို့များမှဖြစ်စေ သင်တန်းပို့ချပေးမှုများအား ဖိတ်ခေါ်လိုသူများရှိပါက အခမဲ့ပို့
ချပေးမည်ဖြစ်ပြီး ဖိတ်ခေါ်လိုပါက swimmyanmar2011@gmail.comသို့ အီးမေးလ်ပို့ ဆက်သွယ်၍
အကူအညီတောင်းနိုင်ကြောင်း သိရှိရသည်။

ကိုလင်း (KL)

The Myanma Age by မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D