ဖားကန့်မြို့ နယ်အတွင်း မူးယစ်ဆေးဝါး သိန်း(၄)ထောင်ကျော်ဖိုး ဖမ်းဆီးရမိ
၉-၃-၂၀၁၃ ရက်နေ့ ၀၇၃၀ အချိန် မြစ်ကြီးနား မူးယစ်(အထူး)အဖွဲ့ ၊ ဆိပ်မူလှုပ်ရှားအဖွဲ့ မှ တပ်ဖွဲ့ ဝင်များ
သည် သက်သေများနှင့်အတူ ဖားကန့်မြို့ နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ရပ်ကွက်နေဆွပ်လီ(ခ)ကျော်
ဝင်း ၏ နေအိမ်အား ၀င်ရောက် စစ်ဆေးရှာဖွေစဉ် ၄င်းအား နေအိမ်တွင် အသင့်တွေ့ ရှိရပြီး ဆက်လက် ရှာဖွေခဲ့ရာ နေအိမ်ဘယ်ဘက်ဘေး၌ ရပ်ထားသော ၇င/၂၀၉၇ နံပါတ်ပါ PAJERO အဖြူရောင် (လိုင်စင်
မဲ့)မော်တော်ယာဉ် နောက်ခန်းထိုင်ခုံပေါ်တွင် ဘိန်းဖြူမှုန့်များ ထည့်လျက် Love is flower တံဆိပ် ရောင်
စုံဆပ်ပြာခွက် (၃၈)ခွက်ပါ ခရီးဆောင်အိတ် (၁)အိတ်နှင့် ဘိန်းဖြူမှုန့်များ ထည့်လျက် Love is flower တံ
ဆိပ် ရောင်စုံဆပ်ပြာခွက် (၆၇) ခွက်ပါခရီးဆောင် အိတ် (၁)အိတ်၊ မော်တော်ယာဉ် နောက်ဘက်ကြမ်းခင်း အံဝှက်အတွင်း အမဲရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားပြီး အ၀ါရောင်တိတ်များဖြင့်ပတ်ထားသည့် ဘိန်းဖြူ
မှုန့်များထည့်လျက် Love is flowerတံဆိပ် ရောင်စုံဆပ်ပြာခွက် (၁၅၄)ခွက် ကြွပ်ကြွပ်အိတ်အဖြူရာင်ဖြင့်
ထုပ်လျက် Love is flower တံဆိပ် ရောင်စုံဆပ်ပြာခွက်အလွတ်(၃၈)ခွက်၊ စုစုပေါင်း ဆပ်ပြာခွက် ၂၉၇ ခွက်အတွင်းမှ စုစုပေါင်း ဘိန်းဖြူမှုန့်အလေးချိန် (၃.၁၈၆)ကီလိုဂရမ်ခန့် (ကာလတန်ဖိုး ၃၀၂၆၇၀၀၀၀ိ/-)
မော်တော်ယာဉ်ရှေ့ ခန်းထိုင်ခုံခြေချသည့်နေရာအောက်မှ 88စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား (၂၄၀၀၀)ပြား၊ အလေးချိန် (၂.၄)ကီလိုဂရမ်ခန့် (ကာလတန်ဖိုး ၁၄၄၀၀၀၀၀၀ိ/-)၊ မူးယစ်ဆေးဝါး ရောင်းချ
ရငွေ (၁၈၂၅၀၀ိ/-)၊ မူးယစ်ဆေးဝါး ရောင်းချ သယ်ဆောင်ရာတွင် အသုံးပြုသည့် ၇င/၂၀၉၇ နံပါတ်ပါ PAJERO အဖြူရောင် (လိုင်စင်မဲ့)မော်တော်ယာဉ် (၁)စီး နှင့် ဆွပ်လီ(ခ)ကျော်ဝင်း ကိုင်ဆောင်သည့် လက်
ကိုင်ဖုန်း (၁)လုံးတို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဖားကန့်မြို့ မရဲစခန်း မယ(ပ)၆၂/၂၀၁၃၊ မူး
စိတ် ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူထား ကြောင်း သတင်းရရှိပါသည်။
by Myanmar News Now
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...