ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှုကြောင့် ရထားအသုံးပြု သူ
နေ့စဉ်မြင့်တက်လာပြီး တစ်ရက်လျှင် ခရီးသည်
တစ်သိန်းကျော် ထိ ရောက်ရှိနေပြီဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။
ယခင်က ရန်ကုန်မြို့ပတ်ရထား၏ စနစ်မှာ ကောင်းမွန်မှု မရှိခြင်းနှင့် ယာဉ်ကြောကျပ်တည်းမှု လျော့နည်းခြင်းတို့ကြောင့် ရထားစီးနင်း သူများမှာ သောင်းဂဏန်းမျှသာ ရှိခဲ့ကြောင်း ရန်ကုန်ဘူတာကြီးမှ ဒုတိယရုံပိုင်ချုပ် ဦးရဲလွင်က ဆိုသည်။
"အခု အခြေအနေအရ ရန်ကုန်မြို့က ယာဉ်ကြောပိတ်မှုတွေက ကြီးမြင့်လာတယ်။ အဲဒီအတွက်ကြောင့် ရထားကို အသုံးပြုတဲ့ သူတွေက တဖြည်းဖြည်း များလာတယ်။ အခုဆိုရင် တစ်သိန်းကျော်ထိ ရှိပါပြီ" ဟု ဦးရဲလွင်က ပြောကြားသည်။
မြို့ပတ်ရထား အသုံးပြုမှုများတွင် ရန်ကုန်ဘူတာကြီးမှ နေ့စဉ် လူဦးရေ ၅၀၀၀ နှင့် ၆၀၀၀ ကြား လာရောက်စီးနင်းနေပြီး ရန်ကုန်မြို့တွင်းရှိ ဘူတာရုံများမှ ကိုးသောင်းနှင့် တစ်သိန်းကြား စီးနင်းလိုက်ပါနေကြောင်း ရန်ကုန်ဘူတာကြီးမှ သိရသည်။ ယင်းအတွက် ကျပ် ၁၀၀ ဖြင့် မီးရထားလက်မှတ်များကို မှတ်ပုံတင်ပြပြီး ၀ယ်ယူရသည့် အခြေအနေမှ အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူနိုင်အောင် လုပ်ဆောင်ပေးသွား မည် ဖြစ်ကြောင်းလည်း ဦးရဲလွင်က ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား အစီး ၂၀၀ အသုံးပြုနေမှုအား ထပ်မံတိုးမြှင့်သွားရန် ရှိသည့်အပြင် မြို့တစ်ပတ်ပြေးဆွဲမှု ကြာချိန် သုံးနာရီအား လျှော့ချသွားရန် စီစဉ်နေကြောင်းလည်း သိရသည်။
အဲယားကွန်များ တပ်ဆင်ထားသော RBE ရထားအား မြို့ပတ်ရထားအဖြစ် ပထမဆုံး ပြေးဆွဲရန် စီစဉ်နေပြီဖြစ်ပြီး ရထားတွဲ ၁၀ တွဲဖြင့် စတင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြို့ပတ်ရထားစီး ခရီးသွားများကို တညင်းကုန်း ဘူတာတွင် တွေ့ရစဉ်

Eleven Media Group

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...