သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 5, 2013

အင်ပါယာနေ့စဉ်သတင်းစာမှ အလုပ်ထုတ်ခံရသော သတင်းသမားများကိစ္စ ပြေလည်မှုမရသေး

အင်ပါယာ နေ့စဉ်သတင်းစာမှအလုပ်အထုတ်ခံရသော သတင်းထောက်ခုနှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး ကျောက်တံတား မြို့နယ် အုပ်ချုပ်ရေးမှုးရုံးတွင်အလုပ်ရှင်အလုပ်သမားညှိနှိုင်းဖြန်ဖြေရေးကော်မတီမှ ဒုတိယအကြိမ်အဖြစ် ယနေ့ ကြားနားစစ်ဆေးခဲ့ရာပြေလည်မှုမရရှိသေးဘဲ ရုံးချိန်း ထပ်မံခေါ်ဆိုမည်ဖြစ်သည်။

အင်ပါယာသတင်းစာမှ အလုပ်ထုတ်ပယ်ခံရသူသတင်းထောက် အောင်ကိုကိုက ညှိနှိုင်းဖြန်ဖြေရေးကော်မတီမှ နှစ်ဦးနှစ်ဖက်မေးမြန်းရာတွင်အင်ပါယာနေ့စဉ်သတင်းစာထုတ်ဝေသူ ဦးကောင်းမြင့်ထွဋ်မှ မမှန်မကန်ထွက်ဆိုခဲ့သည်ဟု ပြောသည်။

“ ဒီနေ့တွေ့တာကတော့ ကော်မတီကကျွန်တော်တို့ တိုင်ကြားစာနဲ့ ပတ်သက်ပြီးတော့ အချက်အလက်တွေကိုမေးတယ်၊ ဦးကောင်းမြင့်ထွဋ်ကိုလည်းမေးတယ်၊အဲဒီမှာ သူက ကျွန်တော်တို့ကို အလုပ်ထုတ်တာကိုလည်း မဟုတ်ပါဘူးလို့ ငြင်းတယ်၊ အလုပ်မထုတ်ဘူးဆိုရင်ပြန်ခန့်ဆိုတော့လည်းလက်မခံဘူး” ဟု အောင်ကိုကိုကပြောသည်။

အလုပ်ထုတ်ပယ်ခံရသည့် သတင်းသမားများကအပြစ်မရှိဘဲ အလုပ်ထုတ်ခံခဲ့ရသည့်အတွက် နစ်နာကြေး တစ်စုံတစ်ရာလိုချင်ကြောင်းဆိုသည်။

ယခုကိစ္စနှင့်ပတ်သတ်ပြီး ထုတ်ဝေသူဦးကောင်းမြင့်ထွဋ်အားမေးမြန်းရန်ကြိုးစားရာ ပြန်လည်ဖြေကြားခြင်းမပြုဘဲ လက်ကာပြပြီး ပြန်လည်ထွက်ခွာသွားသည်။

ညှိနှိုင်းဖြန်ဖြေရေးကော်မတီမှအတွင်းရေးမှုး ဦးစိုးလွင်က “ ကျွန်တော်တို့ အခုပြောလို့မရသေးဘူး၊ အစည်းအဝေး ထိုင်ဦးမယ်၊ကျွန်တော်တို့ကညှိနှိုင်းပေးတာပဲရှိတယ်၊ဆုံဖြတ်လို့မရဘူး”ဟုပြောသည်။

အင်ပါယာနေ့စဉ်သတင်းစာ ထုတ်ဝေသူဦးကောင်းမြင့်ထွဋ်ကသတင်းထောက်ခုနှစ်ဦးအား အင်တာနက်ပေါ်တွင် ရုံးကို အပုပ်ချစေသောစာများ ရေးသားမှုနှင့်ရုံးချိန်နောက်ကျခြင်းဆိုသောအကြောင်းပြချက်နှင့် အလုပ်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လအတွက် လခကို သြဂုတ်၃ ရက်တွင် လခထုတ်ပေးရန် သတင်းထောက်များက တောင်းဆိုသောကြောင့် နောက်တစ်ရက်မှစပြီး အလုပ်မဆင်းတော့ရန်ဦးကောင်းမြင့်ထွဋ်က ပြောဆိုခဲ့သည်ဟု အလုပ်ထုတ်ပယ်ခံရသည့် သတင်းသမားများကပြောဆိုပြီးဦးကောင်းမြင့်ထွဋ်က အလုပ်ထုတ်ပယ်ခြင်းမဟုတ်ဟု ညှိနှိုင်းဖြတ်ဖြေရေးကော်မတီနှင့် ပထမအကြိမ်တွေ့ဆုံစဉ်ကပြောကြားခဲ့သည်။

သတင်းထောက်များကို အလုပ်မှထုတ်ပယ်ပြီး မကြာခင် ဦးကောင်းမြင့်ထွဋ်  ရုံးတွင်းပြောသည့်အသံဖိုင်အင်တာနက် ပေါ်တွင်ပျံ့နှံ့ခဲ့ပြီး လူအများဝေဖန်ကြသောကိစ္စရပ်တစ်ခုဖြစ်ခဲ့သည်။          ။

From : ..YPI

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D