သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 6, 2013

ဆွမ်းခံကြွလာသော သံဃာများနှင့် ဘုန်းကြီး ကျောင်းသားများ ကားတိုက်ခံရ

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DFCJgBujApc9d-OgAy0RQkZq-KMbCOrx4CNdYDqofjVKFeX_TCZvicSyQHwA5Lb9QpaGmp7gmsrNLEecZsWoEzlglyMxmBxFKV6iLwOa_nyknLZ70hmqWhjQCgcZsXS8nS_0dVr-s72T/s1600/7day_11_29_1.jpg
အရုဏ်ဆွမ်းခံကြွသော သံဃာများနှင့် ဘုန်းကြီးကျောင်သားများကို အရှိန်လွန်လာသော ကားတစ်စီးက ၀င်တိုက်ခဲ့မှု တစ်ခု စက်တင်ဘာ ၄ ရက် နံနက်က ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။

အဆိုပါယာဉ်တိုက်မှုမှာ ရွှေဂုံတိုင်လမ်းမကြီးပေါ်ရှိ ဗန်ဒါပင်မှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ၀င်တိုက် လိုက်သောကားမှာ တိုရိုတာဘက်ဒါအမျိုးအစား ကိုယ်ပိုင်ကားဖြစ်ကြောင်း ရဲမှတ်တမ်းတွင်တွေ့ ရသည်။

ထိုကားတိုက်မှုကြောင့် သံဃာတော် ငါးပါးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ကိုရင်တစ်ပါးမှာစိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း၊ ဘုန်းကြီးကျောင်းသားနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည့်အနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း ရဲဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


လက်ရှိတွင် ၎င်းတို့ကို ရန်ကုန်ဆေးရုံကြီး၌ ပို့ဆောင်ကုသထားသလို ကားမောင်းသူကိုလည်း ရဲများက ဖမ်းထားလိုက်ပြီဖြစ်သည်ဟု ရဲဌာနကဆိုသည်။

အဆိုပါအမှုကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးက တရားလိုပြုလုပ် တိုင်တန်းထားသလို ဗဟန်းရဲစခန်းက အမှုဖွင့်ထားပြီး၊ ယာဉ်မဆင်မခြင်မောင်းနှင်သည်ဟု စွပ်စွဲခံရသည့် ကားမောင်းသူကိုလည်း တရားစွဲရန် ဆောင်ရွက်နေသည်။

ဇော်ဇော်ထွေး

Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D