မြန်မာနိုင်ငံ မော်လမြိုင်မြို့မှ
ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပထမဆုံး
ပျံသန်း ပြေးဆွဲသော ထိုင်းအခြေစိုက် Nok အဲ ယားလိုင်းမှ ခရီးစဉ် အမှတ် DD4213 တွင် အားနည်းချက် တချို့ကြောင့် ခရီးသည် ၂
ဦး စီးနင်း လိုက်ပါခွင့် မရခဲ့ ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံ မော်လမြိုင်မြို့ လေဆိပ်မှ စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်တွင် ထိုင်း နိုင်ငံ မဲဆောက် မြို့သို့ ထွက်ခွာမည့် Nokလေကြောင်းလိုင်း လေယာဉ်နှင့်လိုက်ပါမည့် ၃ ဦးအနက် ဂျပန်နိုင်ငံ သားတဦး သာ လိုက်ပါခွင့်ရခဲ့ပြီး ကျန်ခရီးသည် ၂ ဦး အား လေဆိပ် လုံခြုံရေး တာဝန်ရှိသူများက လုံခြံရေး အကြောင်းပြ ချက်ဖြင့် Check in လုပ်ခွင့်မရခဲ့၍ လိုက်ပါ စီးနင်း ခွင့်လည်း မရခဲ့ကြောင်း ခရီးသည် တဦး ဖြစ် သူ ဦးဘိုကြည်က ဧရာဝတီကို ပြောသည်။
“အဲယားလိုင်းကကားခပေးပြီးလုံခြုံရေးတပ်ဖွဲ့ကကားစီစဉ်ပေးတယ်။လမ်းခရီး လုံခြုံရေး အဆင်ပြေ အောင် စီစဉ် ပေးပါတယ်” လို့ သူက ပြောပါတယ်။
လေကြောင်းလိုင်းနှင့် လုံခြုံရေးတာဝန်ရှိသူများက တောင်းပန်၍ ကူညီပေးမှုဖြင့် အဆိုပါ ခရီးသည် ၂ ဦးမှာ မော်လမြိုင် မှ မြ၀တီမြို့သို့ ကားဖြင့် ၅ နာရီ ခရီးဖြင့် မဲဆောက်မြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်ဟု သိရ သည်။
၎င်းခရီးစဉ်သည် မော်လမြိုင်မှ မဲဆောက်သို့ ပထမဆုံး ခရီးစဉ်လည်းဖြစ်ပြီး ထိုင်း လေကြောင်းမှ ထိုင်း အရာရှိများ ပါ ၀င်လာသည့် အတွက် လေဆိပ် လုံခြုံရေးအား မည်သူ့ကိုမှ ၀င်ခွင့် မပြုရန် တားမြစ်စေခဲ့၍ ခရီးသည်များကိုပါမထင်မှတ်ပဲတားမြစ်ခဲ့ခြင်းဖြစ်ကြောင်း၊မိနစ်အနည်းကြာရှင်းပြပြီးနောက် လေယာဉ်ထွက်မည့် စက္ကန့် ပိုင်း အလိုမှသာ လေကြောင်းလိုင်းမှ သိရှိသွားခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ရှင်းပြသည်။
အဓိကအားနည်းချက်မှာလေဆိပ်လုံခြုံရေးနှင့်လေကြောင်းလိုင်းတို့အကြားအချိတ်အဆက်မိမိမရှိခဲ့ ခြင်းဖြစ်ပြီး ယခု အခက်အခဲဖြစ်ခဲ့ရခြင်းမှာ မတော်တဆ သာဖြစ်ကြောင်းလည်း ဦးဘိုကြည်က ပြောသည်။
“အခု ဖြစ်တာက မတော်တဆ ဖြစ်တာပါ။ ရည်ရွယ်ချက် မပါပါဖူး။ ဒါပေမယ့်နောင်ကို ဒါမျိုးမဖြစ်ဖို့တော့ လိုပါတယ်။ ၂ နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တာပေါ့” ဟု သူက ပြောသည်။
Nokကြောင်းလိုင်းသို့ဧရာဝတီကတယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာလက်ခံဖြေကြားသူဂျွန်ုဆိုသူက ဖြစ်စဉ် အသေးစိပ်ကိုမသိရသော်လည်းယခုကဲ့သို့အားနည်းချက်၊ခရီးသည်များအဆင်မပြေ ဖြစ်ခဲ့သည့်အပေါ် နောင်တွင် မဖြစ်ပေါ်ရေး လေကြောင်းလိုင်း တာဝန်ရှိသူများထံ တင်ပြသွားမည်ဟု ပြန်လည် ဖြေကြားခဲ့သည်။
အခြေခံ အဆောက်အဦဆိုင်ရာ အဆင်သင့်မဖြစ်သေးသည့် အားနည်းချက်များ ရှိနေပြီး လေဆိပ်လုံခြုံရေး များက VIP (အထူးအရေးကြီး ပုဂ္ဂိုလ်) များပါသည် ခရီးစဉ်ဖြစ်၍ လုံခြုံရေးအရ ခရီးသည်နှင့် အပြင်လူ ခွဲခြားမသိခဲ့ခြင်း၊ခရီးသည်များအားCheckinအတွက်အသိပေးကြေညာသည့်စနစ်မရှိခြင်း၊ မော်လမြိုင် လေဆိပ်၌ Nokလေကြောင်းလိုင်းသည် အင်တာနက် သုံးရသည်မှာ တယ်လီဖုန်းနှင့် ချိတ်ဆက်သုံးနေ ရသည့်အတွက် သတင်းအချက်အလက် နှောင့် နှေးရခြင်းတို့သည် ပြုပြင်ရမည့်အချက်များဖြစ်သည်ဟုလည်းစုံစမ်းသိရှိရသည်။
“လေယာဉ်စီးတယ်ဆိုတာ
အချိန်ကို ပေးဝယ်စီးရတာလေ၊ အခုတော့
မိနစ်ပိုင်း စီးရမည့်ခရီးကို ၅ နာရီ ကားနဲ့ စီးလိုက် ရတယ်” လို့
ဦးဘိုကြည်က ပြောသည်။
မော်လမြိုင်-မဲဆောက်နှင့် မဲဆောက်-မော်လမြိုင် Nok လေကြောင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့်သူ များ အနေဖြင့် နိုင်ငံကူးလက်မှတ်၊ သက်ဆိုင်ရာ နိုင်ငံများ၏ ဗီဇာများ အသီးသီးပါရှိပြီးမှသာ စီးနင်းလိုက်ပါခွင့် ရှိသည်ဟုလည်း သိရ သည်။
ထိုင်းနှင့် မြန်မာ ၂ နိုင်ငံ အစိုးရများအနေဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သင့်ပြီး ရှင်းလင်းတိကျသည့်သတင်းထုတ်ပြန်မှုများကိုလည်းအစိုးရများအပါအ၀င် လေဆိပ်တာဝန်ရှိသူများ၊ လေကြောင်းလိုင်းများက လုပ် ဆောင်သင့်ကြောင်း ဦးဘိုကြည်က အကြံပြု ပြောဆိုသည်။
ဧရာဝတီblog
မော်လမြိုင်-မဲဆောက်နှင့် မဲဆောက်-မော်လမြိုင် Nok လေကြောင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းမည့်သူ များ အနေဖြင့် နိုင်ငံကူးလက်မှတ်၊ သက်ဆိုင်ရာ နိုင်ငံများ၏ ဗီဇာများ အသီးသီးပါရှိပြီးမှသာ စီးနင်းလိုက်ပါခွင့် ရှိသည်ဟုလည်း သိရ သည်။
ထိုင်းနှင့် မြန်မာ ၂ နိုင်ငံ အစိုးရများအနေဖြင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်သင့်ပြီး ရှင်းလင်းတိကျသည့်သတင်းထုတ်ပြန်မှုများကိုလည်းအစိုးရများအပါအ၀င် လေဆိပ်တာဝန်ရှိသူများ၊ လေကြောင်းလိုင်းများက လုပ် ဆောင်သင့်ကြောင်း ဦးဘိုကြည်က အကြံပြု ပြောဆိုသည်။
ဧရာဝတီblog
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...