သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 6, 2013

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ပြည်ပထောက်ပံ့ငွေ အလွဲသုံးစားလုပ်ခဲ့မှုများ ဖွင့်ချ

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကိုလက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ်   ရေးကော် မတီ မှထုတ်ပယ်ပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြတောင်း ဆိုမည်ဖြစ်ကြောင်း ယမန်နေ့ က ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းအင်အားစု(ယာယီ) စတင်ဖွဲ့စည်းခြင်း အခမ်းအနားတွ င် ၎င်းအဖွဲ့ဝင် ကိုရဲထွဋ်ခေါင်မှ ပြောသည်။

ထိုသို့တောင်းဆိုရခြင်းမှာ နိုင်ငံတကာအကူညီများကို AAPP (AssistanceAssociation for Political Prisoners) နေဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ရာတွင်ငွေစာရင်းကွာဟမှုများရှိနေကြောင်း ၎င်းကပြောဆိုပြီး ပွင့်လင်းမြင်သာမှုရှိအောင်  စာရင်းဇယား အတိအကျ ရှင်းလင်းပြရန်နှင့် စာရင်းကွာဟမှုများရှိနေပါကဥပဒေအရအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ရှင်းပြသည်။

“၁၂နှစ်တာကာလ အတွင်းမှာ AAPP အနေနဲ့ ငွေကြေးအလွဲသုံးစားလုပ်ခဲ့တာ မြန်မာငွေနဲ့ ကိန်းဂဏန်းပေါင်း  ရင်တောင်ပေါင်းလို့တောင် ရတော့မှာမဟုတ်ဘူး”ဟု ကိုရဲထွဋ်ခေါင်က မှတ်ချက်ပြု သည်။

ဆက်လက်၍ ၂၀၀၇ စက်တင်ဘာ သံဃာအရေးအခင်းတွင် ထောင်ဒဏ်ကျခံ ခဲ့ရသောကိုကြည်ဖြူ ကလည်း  AAPP အနေဖြင့် ငွေကြေးထောက်ပံ့ရာတွင်နာမည်မကြီးသော သာမန် နိုင်ငံရေးအ ကျဉ်းသားများကို ချန်လှပ်ထားလေ့ရှိကြောင်းနှင့် သူတွေ့ကြုံဖူးသမျှနိုင်ငံရေးအကျဉ်းသားများထဲတွင်လည်း AAPP ၏မူအတိုင်း  ရရှိကြသူများမှာ နာမည်ကြီး နိုင်ငံရေးအကျဉ်း သာများသာဖြစ်ကြောင်း ယခုလို ပြောသည်။

 “AAPP ဆိုတာ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးပါဗျာ”

ကိုရဲထွဋ်ခေါင်က AAPP ကိုတစ်ဖက်သတ် စွပ်စွဲပြောဆိုခြင်းမဟုတ်ကြောင်းနှင့် သူတို့ထံတွင်  နိုင်ငံရေး အကျဉ်းသားဟောင်း ၇၅၀ ခန့်၏ ထောက်ခံမှုကိုရရှိထားကြောင်း ပြောသည်။

AAPP ၏စာရင်းဇယားများတွင် စာရင်းအတုများသာရှိနေကြောင်းစွပ်စွဲလိုက်ပြီးတိုက်ဆိုင် စစ်ဆေးလျှင် အဖြေမှန်ထွက် လာရန်အတွက် ၎င်းတို့အဖွဲ့မှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံရှင်းပြခဲ့ သည်။

ယခုအခမ်းအနားသို့ AAPP တာဝန်ရှိသူ ဦးဘိုကြည်နှင့် ဦးတိတ်နိုင်တို့ကိုဖိတ်ကြားထားသော် လည်းလာရောက်ခြ င်းမရှိကြောင်း ကိုရဲထွဋ်ခေါင်ကပြောသည်။

ဦးဘိုကြည်နှင့်ဦးတိတ်နိုင်တို့အား မော်ကွန်းမဂ္ဂဇင်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားသော် လည်းဖုန်းပိတ် ထားပါ သည်ဟုသာ အလိုအလျောက်ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် AAPP အဖွဲ့သည် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို၁၃နှစ်ကြာ ကူညီထောက်ပံ့ မှုများပြုလုပ်ပေးခဲ့ပြီး  ယခုနှစ် ဇန်န၀ါရီတွင် အစိုးရက ပြည်တွင်း သို့ဖိတ်ခေါ်ကာ လက်ကျန်နိုင်ငံရေး အကျဉ်း သားစီစစ်ရေးကော်မတီ တွင်ပါဝင်စေခဲ့သည်။       ။
 
 
From: YPI 
MEG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D