သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Wednesday, September 4, 2013
တရွတ်တိုက် လိုက် ရဦးမည့် လမ်းဆုံ နိုင်ငံ
မြေရှိသော်လည်း လမ်းမရှိ၊ ရေရှိသော်လည်း ဆိပ်ကမ်းမရှိသည့် နိုင်ငံမှ နောက်တစ်ဆင့် တက်နိုင်
မည်လော။
လက်ရှိ မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှုအပိုင်းသည် အာဆီယံနိုင်ငံများတွင်
ဘိတ်ဆုံး။ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍနှင့် ပတ်သက်ပြီး တိုင်းတာသော Logistics Performance
Index သည်လည်း ၂ ဒသမ ၃၇ သာရှိပြီး အိမ်နီးချင်း လာအိုနှင့် ထိုင်းနိုင်ငံတို့အောက် နိမ့်ကျကြောင်း
ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။
ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံနှစ်ခု စလုံးနှင့် အာဆီယံ ဒေသတွင်း ဆယ်နိုင်ငံတို့ကို ဆက်စပ်ပေးမည့်
လမ်းဆုံသည် မြန်မာနိုင်ငံကို ဖြတ်သန်း ဖောက်လုပ်နေရ သဖြင့် ဆယ်စုနှစ်ကျော်ကြာ ပိတ်ဆို့ ရပ်တန်
့မှုများရှိခဲ့သည်။
အာဆီယံ ဒေသတွင်း နိုင်ငံများအကြား လမ်းပန်း ဆက်သွယ်ရေး လိုအပ်ချက် အမြင့်ဆုံးနိုင်ငံ ဖြစ်နေ
aသ်ာလည်း ရေမြေအနေအထားအရ အရှေ့၊ အနောက် နိုင်ငံများနှင့် ကူးလူးဆက်ဆံရာတွင် အဓိက
အချက်အချာနိုင်ငံ ဖြစ်လာနိုင်သောကြောင့် ၂၀၁၀ အစိုးရသစ်နောက်ပိုင်း နိုင်ငံတကာ စီးပွားရေးလုပ်
ငန်းရှင်များ မျက်စိကျစရာ ဖြစ်နေသည်။
ပြည်တွင်း အထည်ချုပ်နှင့် ဆန်စပါးပို့ကုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းကမူ အဓိကအများဆုံး အသုံး
များသော ရေလမ်း ကုန်သွယ်ရေးတွင် ထားဝယ်နှင့် ကျောက်ဖြူ ရေနက်စီမံကိန်းကြီးများကို အခွင့်
အလမ်း တစ်ခုဟု ထင်မှတ်ထားပြီး ယင်း စီမံကိန်း များပြီဆုံးပါက ဥရောပ၊ အာရှနိုင်ငံ များသို့ ကုန်
သွယ်စီးဆင်းမှုပိုင်း လွယ်ကူသွားမည် ဖြစ်ကြောင်း ယုံကြည်ကြသည်။
ကားလမ်းကိုသာ
မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် နိုင်ငံတကာနှင့် ချိတ်ဆက်ထားသော လမ်းပိုင်း စီမံကိန်းကြီး သုံးခုရှိ
သည်။ နိုင်ငံပေါင်း ၃၂ နိုင်ငံပါဝင်မည့် အာရှလမ်းမကြီး၊ အာဆီယံ နိုင်ငံများ လွတ်လပ်စွာကုန်သွယ်ရေး
ဆောင်ရွက်ရန် ဖောက်လုပ်နေသော အာဆီယံလမ်းမကြီးနှင့် မဲခေါင်ဒေသတွင်း နိုင်ငံများချိတ်ဆက်
မည့် GMS (Greater Mekong Sub region) စီမံကိန်းလမ်းမကြီး တို့ ဖြစ်သည်။
အစိုးရက ယင်းစီမံကိန်းများအတွက် နားလည်မှုစာချွန်လွှာများ ရေးထိုးထားပြီး ဖြစ်သော်လည်းလက်တွေ့
အကောင်အထည် ဖော်ရေးပိုင်းတွင် အားနည်းနေကြောင်း၊ အထူးသဖြင့် အနီးကပ်ဆုံးလာမည့် ၂ဝ၁၅
ခုနှစ်တွင်စတင်မည့် လွတ်လပ်စွာ ကုန်စည်ကူးသန်းရေးအတွက် လမ်းပန်းဆက်သွယ်မှုကဏ္ဍ၊ အစိုးရ အ
ကောက်ခွန်ကဏ္ဍတို့တွင် လိုက်နာ လက်မှတ် ရေးထိုးရမည့် အပိုင်းများ ရှိနေသေးကြောင်း ကုန်းလမ်း ပို့
ဆောင်မှု ညွှန်ကြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ငြိမ်း) က The Voice သို့ ပြောကြားသည်။
လက်ရှိ အာဆီယံတွင် လမ်းပိုင်းဆိုင်ရာ အတွက် ချုပ်ဆိုထားသောစာချုပ် အားလုံး သုံးခုရှိသည့်အနက်
ကုန်စည်များ နိုင်ငံဖြတ်ကျော် သယ်ယူပို့ဆောင်ရေး သဘောတူစာချုပ်တွင် အကောက်ခွန်ပိုင်း ဆိုင်ရာ
အတွက် ညှိနှိုင်းဆဲ အခြေ အနေသာ ရှိပြီး တည်ဆဲ ဥပဒေများ ကိုလည်း ပြန်လည် ပြင်ဆင်ရန် လိုအပ်
ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က TheVoice သို့ ပြောဆိုသည်။
ယင်းသို့ လုပ်ထုံးလုပ်နည်းပိုင်းတွင် အခက်အခဲများစွာ ရှိသည့်အပြင် လမ်းပန်းဆက်သွယ်ရေးပိုင်းတွင်
လည်း အာဆီယံ အဆင့်မီလမ်းမကြီးများ ရှားပါးလျက် ရှိသည်။
အာဆီယံ ဆယ်နိုင်ငံကို ဖြတ်သန်း ဖောက်လုပ်မည့် ယင်း စီမံကိန်းတွင် မြန်မာနိုင်ငံ၌ ကီလိုမီတာ
၄၅၃၄ ရှိပြီး အဆင့် အမီဆုံး လမ်းမကြီးများ လုံးဝ မရှိသေးဘဲ အဆင့်တစ် လမ်းမကြီး ၁၄၇ ကီလို
မီတာ သာရှိကြောင်း၊ အနိမ့်ဆုံးအဆင့် လမ်းမကြီး မှာ ကီလိုမီတာ ၂၁၂၅ ရှိသည့်အပြင် ကီလို မီ
တာ ၂၀၁ သည် လမ်း လုံးဝ မပေါက်သေးသော အာဆီယံ လမ်းမကြီး ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ
ASEAN Highway Fact & Department of Highways က ထုတ်ပြန်ထားသည်။
“ဂျပန်ဆို ကုန်းလမ်းက သွားရင် ၃ ရက်လောက်ပဲ ကြာတယ်။ ရေလမ်းက သွားရင် တစ်ပတ်လောက်
ကြာသွားတယ်။ စရိတ်တော့ သက်သာတာပေါ့” ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင် များအသင်း
မှ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ဆိုသည်။
ကုန်းလမ်းကို ရွေးချယ်လိုကြသော်လည်း မြဝတီဘက်လမ်းပိုင်းသည် မိုးရာသီ ဆိုပါက လမ်းပန်းဆက်
သွယ်ရေး အခက် အခဲများရှိနေသည့်အတွက် ရေလမ်းခရီးကို သာပိုသုံးဖြစ်ကြောင်း ၄င်းက ဖြည့်စွက်
ပြော ကြားသည်။
ဆိပ်ကမ်းထွက်ပေါက်နိုင်ငံ
ကုန်သွယ်မှုကဏ္ဍအတွက် အစိုးရ နှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များသည် ရေလမ်းပိုင်းကိုသာ ပိုမို အသုံးပြု
လာကြသည်။
၂၀၀၀ ပြည့်နှစ်က ကုန်တင်ကုန်ချ ပို့ဆောင်ရေးပိုင်းတွင် မီးရထားကိုသာ အသုံးပြုလာကြပြီး ၂၀၀၇ ခုနှစ်
ခန့်ထိ အသုံးပြုသူ များပြားခဲ့ရာမှ အစိုးရသစ်မတိုင်ခင်တွင် ရေလမ်းခရီး အသုံးပြုမှုသည် သိသိ သာသာ
တိုးမြှင့်လာသည်။ ယခု အချိန်တွင် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ၏ရွေးချယ်မှုသည် ရေလမ်းခရီးသာ
ဖြစ်နေသည်။
“ကိုယ့်ရဲ့ဝယ်သူပေါ်မူတည်ပြီး ကုန်သွယ်တဲ့လမ်းတွေ ရွေးချယ်ကြတာ များတယ်။ သင်္ဘောနဲ့ ကားနဲ့ ဘာ
က ပိုရွေးတယ် ဆိုတာ မရှိဘူး။ ဒါပေမဲ့ သင်္ဘောကို အများဆုံးရွေးဖြစ်တယ်” ဟု အာဖရိကသို့ ဆန်တင်ပို့
နေသည့် Infinity Innovation ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးပြည့်စုံဦး က The Voice သို့ ပြောကြား
သည်။
ကုန်ပစ္စည်းများ ပို့ဆောင်မှုအပိုင်းတွင် ကုန်းလမ်းကို အသုံးပြုမည်ဆိုပါက ပိုမိုမြန်ဆန်နိုင်မည် ဆိုသော်
လည်း ရေလမ်းခရီးသည် ကုန်ကျစရိတ် သက်သာသည့်အတွက် ပိုမို အသုံးပြုလာနိုင်ကြောင်း၊ လာမည့်
ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း နှင့် ကျောက်ဖြူ ရေနက်စီမံကိန်းများလည်း ရှိနေသေးသည့်အတွက်
ရေလမ်းပိုင်းကိုသာ ရွေးချယ်လာနိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်သည်။
အစိုးရက စာချုပ်ချုပ်ဆိုထားသော လမ်းပိုင်းဆိုင်ရာ စာချုပ်များအနက် GMS စီမံကိန်းသည် ကုန်းလမ်း
ပိုင်းအတွက် သာမက ရေကြောင်း သယ်ယူပို့ဆောင်ရေးပိုင်း အတွက်လည်း အကူအညီဖြစ်ကြောင်း၊ က
မ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ် နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကို ဆက်သွယ်ပေးမည့် အ
ဓိကလမ်းကြောင်းသည် မြန်မာနိုင်ငံတွင် ရှိကြောင်း အင်ဂျင်နီယာအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က
ရှင်းပြသည်။
GMS စီမံကိန်း၏ အဓိကလုပ်ငန်း သုံးခုထဲမှ အရှေ့၊ အနောက် စီးပွားရေး ပူးပေါင်းမှု စီမံချက်ကို မော်လ
မြိုင်-မြဝတီ-မက်ဒဟန်(ထိုင်း)-ဒန်စဝါ(Dansavanh)(လာအို)-ဒါနန်း(ဗီယက်နမ်) တွင်ပြုလုပ်ရန်လျာထား
သည်။
ယင်းအပြင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ကလည်း မြန်မာ့ ရေနက်ဆိပ်ကမ်းများကို
အသုံးပြုကာ အရှေ့၊ အနောက် နိုင်ငံကြီးများနှင့် ဆက်သွယ်ရန် ဆန္ဒရှိကြသည့်အတွက် အစိုးရက ရေ
နက်ဆိပ်ကမ်း စီမံကိန်းများကို သေချာကိုင်တွယ်ပြီး နိုင်ငံဝင်ငွေ ရှာဖွေနိုင်ကြောင်း ၄င်းက ဆက်လက်
ပြောဆိုသည်။
၂၀၁၅ ကို တရွတ်တိုက် လိုက်မည်
လူ့ စွမ်းအား အရင်း အမြစ် နည်းပါးမှု၊ ဌာန ဆိုင်ရာများ၏ လုပ်ထုံး လုပ်နည်းပိုင်း အားနည်းချက်နှင့် ငွေ
ကြေး လိုအပ်ချက် များကို ၂၀၁၅ ခုနှစ် အာဆီယံနိုင်ငံများ လွတ်လပ်သော ကုန်သွယ်မှုဧရိယာ (ASEAN
Free Trade Area) မတိုင်ခင် အပြီးသတ် လုပ်ဆောင်နိုင်ရန် မျှော်လင့်ချက် နည်းနေသေးသည်။
တစ်ဖက်တွင်လည်း ကုန်စည် ပို့ဆောင်မှုပိုင်းအတွက် ပြင်ဆင်ကုန်ကျစရိတ် များကို အစိုးရချည်း တည်
ဆောက်မည်ဆိုပါက ငွေကြေးလိုအပ်ချက် မြင့်မားပြီး လက်တွေ့ အကောင်အထည်ဖော်ရန် ခက်ခဲသည်။
ယင်းကြောင့် ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကမ္ဘာ့ဘဏ် ၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asian
Development Bank)တို့၏ အကူအညီများစွာ လိုအပ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်အချို့က ဆိုသည်။
မြန်မာနိုင်ငံသည် ကံအကြောင်း လှပြီး အချက်အချာကျသော နေရာကို ပိုင်ဆိုင် ထားသော်လည်း စီမံခန့်
ခွဲမှုပိုင်း အားနည်းသောကြောင့် ဒေသတွင်းနိုင်ငံများကို လိုက်လံမှီငြမ်းနေရသည့်နိုင်ငံ ဖြစ်သည်။
“လမ်းပန်းဆက်သွယ်ရေးပိုင်း တိုးတက်လာရင် အစိုးရက ဘာမှလုပ်စရာ မလိုဘူး။ ကိုယ့်ဆီ ဝင်လာတဲ့
သူတွေဆီက ပိုက်ဆံတွေ လွယ်လွယ်ရနေပြီးသားပဲ။ လိုတာက လူ့စွမ်းအား အရင်းအမြစ်ပိုင်းပဲ” ဟု လမ်း
ပန်းဆက်သွယ်ရေး သုတေသန ပညာရှင် ဦးအောင်မြင့်က ဆိုသည်။
ဘေး ပတ်ဝန်းကျင် နိုင်ငံများ၏ လူမှုစီးပွား ရိုက်ခတ်မှု ဒဏ်များကို ခါးစည်း ခံနေရသည့် မြန်မာနိုင်ငံ အ
တွက် ပို့ဆောင်ရေး ဖွံ့ဖြိုးမှုသည် နိုင်ငံ၏ သဘာဝသယံဇာတများ မထိခိုက်ဘဲ ဝင်ငွေရရှိနိုင်သော နည်း
လမ်းအသစ် ဖြစ်လာနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင်များက ထောက်ပြ သုံးသပ်ခဲ့ကြသည်။
မြေရှိသော်လည်း လမ်းမရှိ၊ ရေရှိသော်လည်း ဆိပ်ကမ်းမရှိသည့် နိုင်ငံမှ နောက်တစ်ဆင့် တက်နိုင်ရန်
မေးခွန်း အတွက် တိကျသည့် အဖြေ များကား ဝေဝါးနေဆဲ။ အာဆီယံ၊ အိန္ဒိယနှင့် တရုတ်တို့ အကြား
လမ်းဆုံနိုင်ငံအဖြစ် အမြဲတစေ ဂုဏ်ယူဖွယ်ရာ ထုတ်ဖော်ပြောဆိုလေ့ ရှိသော်လည်း လက်တွေ့ အကျိုး
ကား လေထဲတွင် ရှိသေးသည်။
“အစိုးရက လုပ်နေပေမယ့် ၂၀၁၅ ကိုတော့ တရွတ်တိုက် လိုက်ရဦးမှာပဲ။ ပို့ဆောင်ရေးမှာ အာဆီယံနိုင်ငံ
တွေရော၊ နိုင်ငံတကာမှာရော အဆင့်မီဖို့ ခဲယဉ်းဦးမယ်” ဟု ဦးအောင်မြင့်ကဆိုသည်။
လဲ့ရည်မြင့်
The Voice Weekly
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
-
▼
09/01 - 09/08
(239)
- ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကျေးရွာသူ ကျေးရွာသာ...
- NLD ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မ...
- ဆီးရီးယား သူပုန်တို့၏ ရက်စက် ကြမ်းကြုတ်မှု ဗီဒီယို ...
- လက်နက် ကိုင်ဆောင်ခွင့် ရဲများ အပေါ် ကြီးကြပ်မည်
- ရာထူး ၁၄၀ ကျော် တယ်လီနော ဝန်ထမ်းခေါ်
- မဒေးကျွန်းတွင် တရုတ်နိုင်ငံသား တစ်ဦး ပြတ်ရှ ဒဏ်ရာ...
- မကဒတ မြောက်ပိုင်း ခေါင်းဆောင်များ အကျယ်ချုပ် ချ ခံနေရ
- Nok Air ခရီးသည် တဦး ဗီဇာ မပါဘဲ ရောက်ရှိလာ
- Miss Supranational 2013 ဆုကို ဖိလစ်ပိုင် အလှမယ်မှ ...
- မြန်မာဦးဆောင်၍ အာဆီယံကာကွယ်ရေးဝန်ကြီးများကို အမေရ...
- ကုရ်အာန်ကျမ်းချက် - Surah ၂း ၂၃၀
- မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင...
- သမိုင်းကြောင်းကို အားနာသင့်ပါပြီ
- အရေးကြုံရင်ဘယ်သူ့ကိုအားကိုးကြမလဲ
- မလေးရှားမှာ မြန်မာတစ်ဦး ထပ်မံသတ်ဖြတ်ခံရ Burma Cam...
- “နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင်အတွက် တုန်...
- ဗြိတိန်လွှတ်တော် အစည်းအဝေးများအတွင်း ညစ်ညမ်းဝက်ဘ်ဆိ...
- မြန်မာဝတ်စုံတွေပဲအ၀တ်များတယ်ဆိုတဲ့ အေးမြတ်သူ
- စာနယ်ဇင်းကောင်စီ(ယာယီ) ဘာနဲ့ ထမင်းစားလဲ
- ကျောင်းသူများကို စကပ်လှန်ခိုင်းသည့် ဆရာအား ဖမ်းဆီး...
- ဆီးရီးယားကို စစ်မတိုက်ရန် ပူတင်က အမေရိကန်ကို တားမြစ်
- နံပါတ်ပြား အနက်ရောင်ကား မသုံးရနေ့အား သတ်မှတ်လိုက်ြ...
- မြန်မာနိုင်ငံ၌ ဘာသာရေး ၊ လူမျိုးရေး ၊ ပဋိပက္ခများ မ...
- ပြဿနာ မီးထွန်းရှာသော မွတ်ဆလင် အစ္စလာမ်ဘာသာဝင် ကားပိ...
- မလေးရှားရောက် အိုဗာစတေး များအတွက် ၀မ်းမြောက်ဖွယ် အ...
- ခင်ဝင့်ဝါ ဆု (၄) ဆု ရရှိပုံနှင့် ပြိုင်ပွဲ ( အစ + ...
- မြန်မာနိုင်ငံ၌ ဘာသာရေး ၊ လူမျိုးရေး ၊ ပဋိပက္ခများ မ...
- အမေရိကန်-မြန်မာ စစ်ရေးဆက်ဆံမှုပြုလုပ်မည်ကို ကန်အမတ်...
- ဆပ်ပြာ၊ရှမ်ပူ တို့က အမျိုးသမီးများ မျိုးအောင်နိုင်...
- ဗုဒ္ဓဘာသာတွေက အဲ့ဒီလိုမျိုးပါလား???
- နံပါတ်ပြား အနက်ရောင်ကား မသုံးရနေ့အား သတ်မှတ်လိုက်ြ...
- ဆီးရီးယား၊ တရုတ် နှင့် အမေရီကန်
- သစ္စာတရားရဲ့ အပိုင်းအစလေးကို တွေ့ရှိခြင်း
- လူသတ်မှု မကျူးလွန်ရန်၊ ဆက်ကြေး မကောက်ခံရန် SSA ဘြာေ...
- သတိပြုပါ “ရွှေမြန်မာ”
- Mail တစ်စောင်ထဲနှင့် သတင်းဖြစ်ပြီလား
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(A...
- မျက်နှာဖုံးစွပ်ထားသူများကိုလဲ မြင်အောင်ကြည့်ပေးပါ
- Miss Supranational နဲ့ ထွန်းတောက်လာမည့် မြန်မာ့ဂုဏ...
- အမျိုးသား တစ်သိန်းနဲ့ အိပ်ဖို့ကြံရွယ်ထားတဲ့ ပိုလန်...
- ဟင်္သာတမြို့နယ် ဒူးယားတိုက်နယ်တွင် ဥပုသ်သည် ၁၅၆ ဦး ...
- အတူတကွ သေနေသော စုံတွဲအရိုးစု တွေ့ရှိ
- ဆရာတော်ဝီရသူအား ခေါင်းဖြတ်သတ်မည်ဟု နေ့စဉ် ဖုန်းဖြင...
- "နိုင်ငံ အတွက် အရေးပါတဲ့ အနုပညာ အကြောင်း ပြောသူ အဆ...
- ဖယ်လိုင်နီကို ယူနိုက်တက် ခေါ်ယူခဲ့မှုအား အူစိန်ဘော့တ...
- အင်တာနက် မဲပေးစနစ်တွင် ဆုသုံးဆုအတွက် ခင်ဝင့်ဝါ အမှ...
- ရုပ်ရှင်ကားကြီးရိုက်မယ့် အောင်ရဲလင်း
- ဆွမ်းခံကြွလာသော သံဃာများနှင့် ဘုန်းကြီး ကျောင်းသား...
- အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် ဖက်ရှင်ဆိုင်ပို...
- ဥပုသ်သည်များ ကြာဇံချက်အလှူကနေ လူ၁၅၀ကျော် အစာအဆိပ်သင့်
- ဒိုင်းမွန်းပလာဇာငါးလွှာမှ ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ...
- မုဒိမ်းရဲနှင့်အတူ ပြည်သူ (၅) ဦးကို တရားစွဲ
- ခင်ဝင့်ဝါ ဆု (၄) ဆု ရရှိ
- ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးကြောင့် တစ်ရက်လျှင်...
- မန်ယူကို ပြောင်းဖို့ ဖယ်လိုင်နီ ပေါင်၎သန်း ကုန်ကျြ...
- မြန်မာနိုင်ငံတွင် လူကုန်ကူးခံရသူများမှာ အဓမ္မ ထိမ်း...
- ကျွန်တော် တွေးမြင်သမျှ ဆီးရီးယား အကြောင်း
- ကန့်ဘလူ အကြမ်းဖက်မှု စ စေတဲ့ အဓမ္မကြံစည်သူကို ထောင်ဒ...
- တရုတ်ရွှေကြက်ဖ ရုပ်ရှင်ပွဲတော် တွင် အာဒံရယ် ဧ၀ရယ် ဒ...
- Miss Supranational 2013 Personal Interviewနဲ့ ခင်ဝ...
- ကိုယ်ဝန်ဆောင်မိခင်များ၏ဆံပင်သား ပျက်စီးခြင်းအတွက် ...
- ဗုဒ္ဓဘာသာဝင်တွေဟာ အုတ်ခဲပုံကြီးကို ရှိခိုးဦးချနေကြ...
- တစ်နာရီ ၂၈ မိုင်နှုန်းပြေးတဲ့ လျှပ်စစ်စက်ဘီး
- ဘာသာရေးကျောင်း မီးလန့်သည့် ကိစ္စ အမှုမှန် ဖော်ထုတ်ရန...
- မီးနီဖြတ်မောင်းသည့် ရဲမေများကို ယာဉ်ထိန်းရဲ ဖမ်းဆီး
- ကိုရီးယား အလုပ်မှ ထွက်ပြေး သူများအား သတ်မှတ်ချိန် ...
- ရန်ကုန်မြို့တော်တွင် ဆင်ဆာမဲ့ခွေ နှစ်သိန်း နီးပါး ...
- ကိုယ်ပိုင် ယာဉ်များ မသုံးရနေ့ သတ်မှတ်မည်
- ရုက္ခစိုးလည်း ပြန်လာပြီ
- အသုံးမဝင်ပါက လွှင့်ပစ်နိုင်ပါသည်….. သို့သော် အမှိုက်...
- သင် ဆဲတာကို ငါဘုရားမယူ
- ဒီမိုကရေစီ အမေရိကန်တွင် ကလေးတွန်းလှည်းထဲမှ ကလေးကို...
- သတင်းမီဒီယာ ဥပဒေများနှင့် ပတ်သက်ပြီး အစိုးရနှင့် အ...
- ပြင်ပကျူရှင်များ မှတ်ပုံတင်ရမည်
- အင်ပါယာနေ့စဉ်သတင်းစာမှ အလုပ်ထုတ်ခံရသော သတင်းသမားမျ...
- သမ္မတကြီးဦးသိန်းစိန်ထံသို့ သတိပေးစာ (ပေးစာ - ၂၃၈)
- ထန်းကုန်းတွင် ဗုဒ္ဓမြန်မာမိန်းကလေးအား မုဒိန်းကျင့်ရ...
- Miss Supranational ပြိုင်ပွဲတွင် အကြိုခန့်မှန်းမှု ...
- ပထွေးဖြစ်သူရိုက်နှက်၍ သုံးနှစ်ကလေးသေဆုံး
- မြွေနဂါးတောင် မကြောက်ဘူး ဆိုတဲ့ တိုင်းဝန်ကြီးချုပ်
- ဒေါ်စုမှ သတိပေးထားသော်လည်း Facebook သုံးသူ မြန်မာ မ...
- တစ်ဦးတည်းသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စု ထာဝ...
- "ဆန္ဒပြမယ်ဆိုလဲ ပြကြပါ" ဟု ဆိုသော ဦးဝင်းထိန်
- ကုလား-ဗမာ ရိုက်ပွဲ အပြန်အလှန် တရားစွဲ
- ရန်ကုန်မြို့တွင် ယာဉ်ကြောကျပ်တည်းမှုကြောင့် ရထားအသု...
- မလေးရှားနိုင်ငံတွင် အဖမ်းခံရသည့် မြန်မာများကို မြန...
- “ပရိသတ်ပိုက်ဆံကုန်မှာစိုးရိမ်သူခင်ဝင့်ဝါofficialvo...
- တရုတ်ကလေးငယ် မျက်လုံးဖောက်ထုတ်ခံရမှုတွင် အဒေါ်ဖြစ်သူ...
- ဦးဝင်းချို ပါ (၆)ဦး ယနေ့ ရုံးထုတ်
- ဦးဝင်းချို ပါ (၆)ဦး ယနေ့ ရုံးထုတ်
- ရေ၊မီး၊ဆီ အလကားပေးသုံးတဲ့ မြို့ 
- ကျောက်ကပ် မကောင်းသူများ ကော်ဖီ မသောက်သင့်
- အမေရိကန်မှ ဆီးရီးယားအား စတင်တိုက်ပြီ
- အင်္ဂလန် (၄)သင်းရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်မယ့် တရ...
- သံရုံးရှေ့ တွင်လည်းဖမ်းနေသည်(မလေးရှား)
- မြန်မာပြည်မှ ကမ္ဘာကျော် ဂုတ်ထိပ်မီးရထားတံတား
- လွှတ်တော် ကော်မတီ က ဆီးရီးယား ကို ရက်ပေါင်း ၆၀ တိုက...
- ကချင်ပြည်နယ်တွင်းသို့ KIAနှင့် ပေါင်းစည်းကာ ဘင်္ဂါလီ...
- ဒေါ်စု အခုယူနေတဲ့ ဆုက ဘာဆုလဲ? ဘာကြောင့်ရတာလဲ?
- ဒါရိုက်တာညွန့်မြန်မာညီညီအောင်အား အနုပညာလုပ်ကိုင်ခွ...
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...