
ရန်ကုန်မြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့အထိ ဖမ်းဆီးမိခဲ့သော ဆင်ဆာမဲ့ခွေ
နှစ်သိန်းနီးပါးကို စက်တင်ဘာလ ၄ ရက်နေ့ နံနက်က ကမာရွတ်မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေး
အထိမ်းအမှတ်ပြတိုက်တွင် လမ်းကြိတ်စက်ဖြင့် ဖျက်ဆီးခဲ့သည်။
"ညစ်ညမ်းစွာ ရိုက်ထားတာတွေကို အတုယူကြပြီး လက်တွေ့စမ်းသပ် ကျူးလွန်တာတွေကြောင့် သက်ငယ်
မုဒိမ်းမှုတွေ ဖြစ်လာတယ်။ ပြီးတော့ ဥပဒေကို မျက်ကွယ်ပြုပြီး အနုပညာရှင်တွေနဲ့ ထုတ်လုပ်သူတွေရဲ့
ကာယနဲ့ ဉာဏအားတွေကို မတရား ခေါင်းပုံဖြတ်ပြီး ရိုက်ချိုးသလို ဖြစ်နေတာ ကြောင့် ဆင်ဆာမဲ့ ထုတ်
လုပ်ရောင်းချနေသူ တွေကို ထိရောက်စွာ အရေးယူသွားမယ်" ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက
အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ၂၉ မြို့နယ်တွင် ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့ထိ မြို့
နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးပေးပို့သော အမှုပေါင်း ၈၆ မှုနှင့် ဆင်ဆာမဲ့ အခွေပေါင်း ၁၉၉,၅၁၀ တွင် နိုင်ငံ
ခြား ဇာတ်ကားခွေပေါင်း တစ်သိန်းရှစ်သောင်းကျော် အများဆုံးပါရှိကြောင်း ယင်း အခမ်းအနားတွင်
ထုတ်ပြန်ခဲ့သည်။
"ဆင်ဆာမဲ့ ခိုးကူးခွေတွေ ဝယ်ကြည့်တဲ့ သူတွေလည်း ခိုးရာပါပစ္စည်းလက်ခံရင် ဥပဒေနဲ့ ငြိစွန်းပေမယ့်
ရောင်းတဲ့လူတွေကိုပဲ အဓိကထားပြီး အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ ရုပ်ရှင်
အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက The Voice သို့ ပြောကြားသည်။
"ညစ်ညမ်းခွေတွေ ဖမ်းနေပေမယ့် ဆိုင်တွေကို ရဲက လိုင်းကြေးပေးပြီး ရောင်းခိုင်းနေတာပဲ။ အခုခေတ်
လူငယ်တွေက ညစ်ညမ်းဝက်ဘ်ဆိုက်ကနေ ဖုန်းထဲ Download ဆွဲပြီး ကြည့်နေတာ ကျွန်တော့် ကိုယ်
တွေ့ပဲ" ဟု မဟာဗန္ဓုလလမ်းနှင့် ပန်းဆိုးတန်းလမ်းထောင့်တွင် အခွေရောင်း နေသူတစ်ဦးက ဆိုသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ကုန်ထိ ရှစ်လတာဖမ်းဆီးအမှုပေါင်း ၄၃၀ နှင့် သိမ်းဆည်းရမိခွေ
ငါးသိန်းကျော်ရှိပြီး ၂၀၀၁၊ ၂၀၀၂ ၊ ၂၀၀၄ နှင့် ၂၀၀၉ ခုနှစ်တို့ တွင် အလားတူ ဆင်ဆာမဲ့ခွေများကို
ဖျက်ဆီးခြင်း အခမ်းအနားများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
The Voice Weekly


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...