သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 5, 2013

သမ္မတကြီးဦးသိန်းစိန်ထံသို့ သတိပေးစာ (ပေးစာ - ၂၃၈)

လေးစားရပါသော သမ္မတကြီးခင်ဗျား ......
             ၂၀၁၃ ခုနှစ် သြဂုတ်လ ၃၀ ရက် နေ့ စွဲဖြင့် သမ္မတကြီးမှ
လက်မှတ်ရေးထိုး ပြဌာန်းလိုက်သော
( ၂၀၁၃  ပြည်ထောင်စုလွှတ်တော်ဥပဒေ   ၂၉  ) အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု
ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ
နှင့်ပတ်သက်၍ လေးစားစွာတင်ပြလိုပါသည် ။ ဤစာကိုဖတ်ရန် သမ္မတကြီးမှ
အချိန်မပေးနိုင်လျှင်လည်း
သမ္မတမှ ယုံကြည်စိတ်ချရသူ တစ်ဦးဦးအား ဖတ်စေ၍ ရှင်းပြစေလိုပါသည်။
            ဤဥပဒေသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ
လုပ်ပိုင်ခွင့်တိုးချဲ့ ရန် ရည်ရွယ်ချက်ဖြင့်
နိုင်ငံတော်အစိုးရအား  ခုတုံးလုပ်သော  ဥပဒေဖြစ်ပါသည်။ မြန်မာနိုင်ငံ
အင်ဂျင်နီယာအသင်းသည်
( ၁.၆.၂၀၁၃)တွင် အင်ဂျင်နီယာကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့်
ညှိနှိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့
ပါသည်။  ပြည်ပမှ လာရောက်ရင်းနှီးမြှုတ်နှံသောကု

မ္ပဏီများတွင်
မြန်မာနိုင်ငံသား အင်ဂျင်နီယာ များသည်
သူတစ်ပါး၏လက်အောက်တွင် အနှိမ်ခံရမည်ကို စိုးရိမ်၍ ဟူသော
အကြောင်းပြချက်ဖြင့် ခေါင်းပုံဖြတ်
လူတန်းစားတစ်ရပ်ကို မွေးဖွားစေခြင်းဖြစ်ပါသည်။
အင်ဂျင်နီယာကောင်စီဥပဒေကြမ်းကို ( အလုပ်အကိုင်နှင့်
ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ )ဟု ခေါင်းစဉ်ပြောင်းကာ
သမ္မတကြီးအား လိမ်လည်လက်မှတ်ထိုး
ပြဌာန်းစေခြင်းဖြစ်ပါသည် ။
           ဖော်ပြပါဥပဒေကြေငြာချက်တွင်အခန်း (၁၀) ခန်းပါရှိပါသည်။ အခန်း
( ၄ ) တွင် ဖွဲ့စည်းပုံကိုသာ
ဖေါ်ပြထားပါသည်။ ကျန်ရှိသော အခန်း ( ၁ ၊ ၅ ၊ ၆ ) ကို နည်းပညာဝန်ကြီးဌာန
၊ကျန်ရှိသောအခန်း ( ၂ ၊
၃ ၊ ၇ ၊ ၈ ၊ ၉ ၊၁၀ )ကို  အလုပ်သမား ၊
အလုပ်အကိုင်နှင့်လူမှုဖူလုံရေးဝန်ကြီးဌာနတို့ ဖြင့် အေးအေးဆေး
ဆေး ထိမ်းချုပ်မြှင့်တင်၍ရပါသည် ။
           ဤဥပဒေပါ အလုပ်သမား ၊ ကျွမ်းကျင်လုပ်သားဟူသည်မှာ
အင်ဂျင်နီယာကျောင်းဆင်းများကို
 ရည်ညွှန်းခြင်းဖြစ်ပါသည်။ အခြားမည်သည့် အလုပ်သမားကမျှ ဥပဒေ အခန်း ( ၆ )
အတိုင်း မဆောင်ရွက်
နိုင်ပါ။ အကြောင်းမှာမူ သူတို့ ၏ နေ့စဉ်ဝမ်းစာကို အဓိကထား
ရှာဖွေနေရသောကြောင့် ဖြစ်ပါသည်။ဤသည်
မှာ မြန်မာနိုင်ငံ ကာယ/ဥာဏ လုပ်သားများ၏ လက်ရှိ ပကတိ အခြေအနေ ဖြစ်ပါသည် ။
            မြန်မာနိုင်ငံမှ အင်ဂျင်နီယာများသည်
အင်ဂျင်နီယာကျောင်းများတွင် စာတွေ့/လက်တွေ့ သင်တန်း
များဖြင့် ကျောင်းတက်ခဲ့ကြရပါသည်။ သင်ကြားပေးသော ဆရာ/ဆရာမ များသည်
နိုင်ငံတော်အစိုးရမှ
ခန့် ထားပေးသော ပညာတတ်များဖြစ်ကြပါသည်။သင်တန်းသားများအားလည်း နှစ်စဉ် အရည်အချင်းစစ်
စာမေးပွဲများဖြင့်စစ်ဆေးပြီးမှသာ အောင်မြင်မှုပေးခဲ့ခြင်းဖြစ်သည်
။မည်သူမဆို အဖိုးတန်သည့် လုပ်ငန်းခွင်
အတွေ့ အကြုံကို ၊ ကိုယ်တိုင် လုပ်ငန်းခွင်ဝင်မှသာ ရရှိမည်ဖြစ်ပါသည်။
အစိုးရမှ ဖွင့်လှစ်သင်ကြားပေးသော
ကျောင်းဆင်းများ၏ အရည်အသွေး မြင့်မားစေရန်စေတနာ အမှန်တကယ်ရှိပါက
ပညာရေးစနစ်ကို ဦးစွာ
ပြုပြင်ရပါမည် ။ ကျွန်တော်ကျောင်းတက်ခဲ့သည့် THS မှ GTI ၊ GTI မှ RIT
တွင် BE ဘွဲ့ရသည်အထိ ကျူရှင်
လုံးဝမယူခဲ့ပါ ။ ဆရာ/ဆရာမများ၏ သင်ကြားမှု ၊ လုပ်ငန်းခွင်တွင်လည်း
အထက်၊အောက် လုပ်ဖော်ကိုင်ဖက်
များ၏ အပြန်အလှန် နားလည်ကူညီသင်ပြမှုတို့ ဖြင့် အောင်မြင်ခဲ့ပါသည်
။ယခုခေတ်တွင်လည်း ထိုစဉ်ကကဲ့
သို့  ဆရာ/ဆရာမများရှိရန် လိုအပ်ပါသည်။ ယခု စာသင်နှစ်တွင် အထူးသဖြင့် (
ဆေးနှင့် အင်ဂျင်နီယာကျောင်း
များတွင် )ကျူရှင် လုံးဝမရှိအောင် စွမ်းဆောင်ပေးစေလိုပါသည်။ဆရာ/ဆရာမ
များကိုလည်း အရည်အချင်း
မွန်းမံမှုများ ပြုလုပ်စေလိုပါသည်။
          အင်ဂျင်နီယာအသင်းအုပ်ချုပ်သူများကိုယ်တိုင်
အင်ဂျင်နီယာပညာရပ်များ ပြီးပြည့်စုံနေပြီလားဟု မိမိ
ကိုယ်မိမိ ပြန်လည်သုံးသပ်စေလိုပါသည် ။မရှက်တမ်းဝန်ခံရလျှင် BE  ဘွဲ့ရ
ကျွန်တော့်အား ကွန်တိုမြေတိုင်း
ပညာသင်ပေးသူသည် ဆည်မြောင်းဦးစီးဌာနမှ THS ကျောင်းဆင်း AES ဖြစ်ပြီး
၊LEVEL ဖြင့်မြေတိုင်း၍
ယန္တရားများဖြင့် မြေသားလုပ်ငန်းဆောင်ရွက်ခြင်းကို သင်ပေးသူမှာပြည်သူ
့ဆောက်လုပ်ရေးလုပ်ငန်းမှ အခြေခံပညာ ( ၈ )တန်းအောင်ပြီး
ဌာနတွင်းမြေတိုင်းပညာသင်တန်းဆင်း JE တစ်ဦးဖြစ်ပါသည်။ ကုမ္ပဏီပိုင်
ပစ္စည်းများဖြင့်ကိုယ်ကျိုးရှာကာ လုပ်ငန်းမကျွမ်းကျင်ပဲ
သောက်စားမူးယစ်နေသော BE ဘွဲ့ ရကိုလည်း မောင်းထုတ်ခဲ့ဖူးပါသည်။
လောကကြီးတွင် တစ်ဦးနှင့်တစ်ဦးး အတွေ့ အကြုံအရ ပညာရပ်ပိုင်းဆိုင်ရာ
အားသာချက်၊
အားနည်းချက် ကိုယ်စီရှိကြပါသည် ။
           ယခုဥပဒေအား  အင်ဂျင်နီယာကောင်စီဥပဒေ ဟုအမည်တပ်လျှင် ဝေဖန်
၊ကန့် ကွက် ၊ဆန္ဒပြမှုများ
ဖြစ်ပေါ်မည်ကို ခန့် မှန်းကာ မလိမ့်တပတ်ဖြင့် ခေါင်းစဉ်ပြောင်းပြီး
သမ္မတကြီးအား အသုံးချခြင်းဖြစ်ပါသည်။
သိရသ၍ဆိုလျှင် ဤဥပဒေမထုတ်မှီကတည်းက မန္တလေးမြို့ တော်စည်ပင်တွင်
အထက်မြန်မာပြည်အင်ဂျင်
နီယာအသင်းမှ အောင်လက်မှတ်များ ထုတ်ပေးနေပြီဖြစ်ပါသည်။ ( ၂၅၀၀၀၀/
)နှစ်သိန်းခွဲကုန်ကျပါသည် ။
ထိုအဖွဲ့ ၏ခွင့်ပြုချက်ရမှသာ အလုပ်လုပ်၍ ထမင်းစားရမလိုဖြစ်နေပါသည်။
ပြင်ပမှ ၆လ/ ၁ နှစ် သင်တန်းမျှ
သင်ယူခဲ့သူများကိုလည်း အောင်လက်မှတ်ထုတ်ပေးမည်ဟု သိရပါသည်။
နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်သင်ကြား
ပေးသော ကျောင်း / သင်တန်း /တက္ကသိုလ်များသည် အဓိပ္ပါယ်မရှိတော့ပါ ။
          ယခုဥပဒေသည် အလုပ်ရှင်အပေါ်သက်ရောက်မှုနည်း၍
ထမင်းရှာစားမည့်အခြေခံလူတန်းစားအပေါ်
တွင် ပိုမိုသက်ရောက်ပြီး ထိုသူတို့ ၏ထမင်းရှာဖွေစားသောက်ခွင့်ကို
လူတစ်စူထံအပ်နှင်းသလိုဖြစ်ပါလိမ့်မည်။
ကိုယ်ကျိုးရှာ၊လုပ်ပိုင်ခွင့်အာဏာ ချဲ့ ထွင်လိုသူတစ်စုကြောင့်
ခုတ်ရာတခြား ၊ရှရာတလွဲ ဖြစ်မည့်ဥပဒေများကို
ဆငိခြင်ထုတ်ပြန်စေလိုပါသည် ။ ရှေ့ နောက် ဆင်ခြင်တွေးတော၍
ဥပဒေကိအချိန်မှီရုပ်သိမ်းခြင်း၊ပြင်ဆင်ခြင်း
များပြုလုပ်ပေးပါရန်တောင်းပန်ပါသည် ။
           ထိုကိစ္စနှင့်ပတ်သက်၍ ပြည်သူ့ လွှတ်တော် ဥက္ကဌထံ ပေးပို
့ထားသောစာအား သမ္မတကြီးထံ ပေးပို့ 
ပါသည်။ လွှတ်တော်မှ ချမှတ်ပေးသမျှသော ဥပဒေများအား သမ္မတ အနေနှင့်
စီစစ်ခွင့် ၊ညှိနှိုင်းခွင့် ၊ပြင်ဆင်
ခွင့် ၊ပယ်ဖျက်ခွင့် ( ဗီတို ) ရှိ/မရှိ ကို မသိသော်လည်း  အခြားသူများမှ
နောင်တစ်ချိန်တွင် အတိုင်အဖေါက်
ညီညီနှင့် သမ္မတအား တရားခံအဖြစ် ၀ိုင်းဝန်းလက်ညှိုးထိုးခံရမည့်
စာရွက်များအား ရှောင်ရှားနိုင်ပါစေရန်
မေတ္တာအရင်းခံဖြင့် ဆုတောင်းလိုက်ပါသည် ။
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D