တစ်နေ့မှာ မာရ်နတ်နဲ့ သူ့ရဲ့နောက်ပါတပည့်တစ်ဦးတို့ အိန္ဒိယနိုင်ငံရဲ့
ရွာကလေးတစ်ရွာကိုဖြတ်ပြီး
ခရီးထွက်ခဲ့ကြတယ်။ တစ်နေရာအရောက်မှာ စင်္ကြန်လျှောက်ရင်း သမာဓိထူထောင်နေတဲ့
လူပုဂ္ဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရတယ်။
သူ့ရဲ့မျက်နှာက ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ကြည်လင်တောက်ပနေတယ်။
အဲဒီပုဂ္ဂ္ဂိုလ်ဟာ သူ့ရှေ့တည့်တည့်က မြေကွက်ကလေးပေါ်ကနေ တစ်စုံတစ်ရာကို
ရှာဖွေတွေ့ရှိလိုက်ခြင်းဖြစ်သည်။ (ကျွန်တော့်အထင် ပထ၀ီကသိုဏ်း
စတင်အောင်မြင်ခါစကို ဆိုလိုရင်းဖြစ်လိမ့်မည်)
အဲဒီအချိန်မှာ မာရ်နတ်ရဲ့ နောက်ပါသာဝကဖြစ်သူက ဆရာသခင်ဖြစ်သူကို
အရှင်မာရ်နတ်မင်း အဲဒီ အံ့သြဖွယ်ရာ သူ့မျက်နှာပေါ်မှာ တောက်ပနေတဲ့အရာက
ဘာပါလဲအရှင် လို့ မေးလိုက်တယ်။
မာရ်နတ်က... အဲဒါ သစ္စာတရားရဲ့ အပိုင်းအစလေးပေါ့ကွာ...လို့ ပြန်ဖြေတယ်။
ဟာ...ဒါဆို..တစ်စုံတစ်ယောက် သစ္စာတရားကိုတွေ့မြင်သွားတာဟာ
အရှင့်ကိုစော်ကားနှောင့်ယှက်ရာ
မရောက်ဘူးလား အရှင်လို့ သိလိုဇောပြင်းပြနေတဲ့ တပည့်က မေးလိုက်တယ်။
မာရ်နတ်ကြီးက .... မဟုတ်သေးဘူး ငါ့ကောင်ရဲ့..များသောအားဖြင့် လူအတော်များများက
အဲဒီ အသေးအမွှားဖြစ်တဲ့ အောင်မြင်မှု၊ အသေးအမွှားဖြစ်တဲ့ သစ္စာတရား..
အသေးအမွှားလေး အမျိုးမျိုးကို ရရှိပြီးတဲ့နောက်ပိုင်းမှာ ...သူတို့ရဲ့ ယုံကြည်ချက်တွေက ပျောက်ကွယ်သွားတတ်ကြတယ်။
အသေးအမွှားလေး အမျိုးမျိုးကို ရရှိပြီးတဲ့နောက်ပိုင်းမှာ ...သူတို့ရဲ့ ယုံကြည်ချက်တွေက ပျောက်ကွယ်သွားတတ်ကြတယ်။
Finding a Piece of the Truth
One day Mara, the Evil One, was travelling through the villages of India
with his attendants. he saw a man doing walking meditation whose face
was lit up on wonder. The man had just discovered something on the
ground in front of him. Mara’s attendant asked what that was and Mara
replied, “A piece of truth.”
“Doesn’t this bother you when someone finds a piece of truth, O Evil
One?” his attendant asked. “No,” Mara replied. “Right after this, they
usually make a belief out of it.”
From :
.... တီအာဝိုင်
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...