သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, April 22, 2013

 တိုကျိုမြို့ရှိ Yasukuni ဘုရားကျောင်းကို ဂျပန်ဘဏ္ဍာရေး ၀န်ကြီး သွားရောက် ဂါရ၀ပြု (၂၁ ဧပြီ ၂၀၁၃) 
တိုကျိုမြို့ရှိ Yasukuni ဘုရားကျောင်းကို ဂျပန်ဘဏ္ဍာရေး ၀န်ကြီး သွားရောက် ဂါရ၀ပြု 
(၂၁ ဧပြီ ၂၀၁၃)
ဗွီအိုအေ(မြန်မာဌာန)
22.04.2013

စစ်ရာဇ၀တ်ကောင်တွေကို ဂုဏ်ပြုတည်ထားတယ်လို့ အငြင်းပွါးနေတဲ့  စစ်အတွင်း  ကျဆုံးသွားသူတွေအတွက် ဘုရားကျောင်းမှာ ဂျပန်ဝန်ကြီးချုပ်က ငွေလှူဒါန်းတဲ့ အပြင် ဂျပန်အစိုးရ ၀န်ကြီးအဖွဲ့ဝင် ၃ ဦးပါ သွားရောက် ဂါဝရပြုခဲ့တာကြောင့် ဂျပန်နိုင်ငံကို တရားဝင်ခရီးစဉ် သွားရောက်ဖို့ လုပ်နေတဲ့ တောင်ကိုရီးယား
နိုင်ငံခြားရေးဝန်ကြီး က သူ့ရဲ့ ဂျပန်ခရီးစဉ်ကို ဖျက်သိမ်းပြီး ကန့်ကွက်လိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်က Yasukuni ဘုရားကျောင်းကို ငွေလှူဒါန်းတာနဲ့ ဒုဝန်ကြီးချုပ် အပါအ၀င် ဂျပန်အစိုးရ ၀န်ကြီးတွေ သွားရောက် ဂါဝရပြုတာဟာ ဂျပန်စစ်ဒဏ် ခံခဲ့ရတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆုံးရှုံးကြေကွဲရမှုကို အလေးမထားရာ ရောက် တာမို့ တောင်ကိုရီးယား အစိုးရအနေနဲ့ စိုးရိမ်ကြောင်း တောင်ကိုရီးယား
နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ချိုတိုင်းယောင် (Cho Tai-young) က ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ 

ဒါ့အပြင် သမိုင်းကြောင်းကို လျစ်လျူရှုပြီး နောက်ကြောင်းပြန်ဖို့ ကြိုးစားတဲ့ ဒီအပြုအမူမျိုး ချက်ချင်းရပ်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

အခုလို လုပ်ဆောင်ခဲ့တဲ့အတွက် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ယွန်ဗြောင်စီ (Yun Byung-se) ဟာ တောင်ကိုရီးယား ဂျပန် ၂ နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ဦးတည်ချက်ကို ချပြမယ့် ခရီးစဉ်အဖြစ် ဂျပန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတာကို ဖျက်သိမ်းလိုက်တယ်လို့ တနလာင်္နေ့မှာ ကြေညာလိုက်တာပါ။

ဂျပန်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး (Shinzo Abe) ဟာ ဒီဘုရားကျောင်းကို သွားရောက်ခြင်းမရှိဘဲ ငွေသာ လှူဒါန်းတာလို့ ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမှာရှိတဲ့ Yasukuni ဘုရားကျောင်းဟာ  ဒုတိယကမ္ဘာစစ်အတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင် ၁၄ ဦးအပါအ၀င် ဂျပန်စစ်ပွဲတွေအတွင်း သေဆုံးခဲ့သူတွေအတွက် ဂုဏ်ပြုတည်ထားတာမို့ ဂျပန်ခေါင်းဆောင်တွေရဲ့ အခုလို ဂုဏ်ပြုမှုကို အာရှ အိမ်နီးချင်း နိုင်ငံတွေက မကျေမနပ် ဖြစ်နေကြတာပါ။

(VOA)  မှ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D