သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, April 24, 2013

အိမ်ဖြူတော်အကြောင်း လုပ်ကြံသတင်းကြောင့် Stock ဈေးထိုးကျ


ဗွီအိုအေ(မြန်မာဌာန)
24.04.2013

အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ဗုံးကွဲပြီး သမ္မတ အိုဘားမား ထိခိုက်ဒဏ်ရာ ရတယ်ဆိုတဲ့ လုပ်ကြံ သတင်းမှားကြောင့် အင်္ဂါနေ့က အမေရိကန် Stock ဈေးကွက်တွေ ထိုးကျသွားပါတယ်။ နောက် ပိုင်းတော့ ဈေးတွေ ပြန်ကောင်း လာခဲ့ပါတယ်။

ဟက်ကာ အင်တာနက် ခိုးဖောက်ဝင်သူတွေဟာ AP Twitter အကောင့်ထဲကို ၀င်ရောက်ပြီး၊ နောက်ဆုံးရသတင်း - အိမ်ဖြူတော်မှာ ဗုံး နှစ်လုံးပေါက်ကွဲပြီး သမ္မတ အိုဘားမား ဒဏ်ရာရတယ် ဆိုပြီး ရေးသားခဲ့ကြပါတယ်။

အဲ့ဒီမိနစ်ပိုင်းအတွင်းမှာပဲ အမေရိကန် Stock ဈေးတွေ အထူးသဖြင့် ဒီ Dow Stock ဈေးကွက်ဟာဆိုရင် အမှတ် ၁၃၀ မှတ်အထိ တနေ့လုံး အရှိန်ကောင်းတဲ့ ဈေးကွက်မှာ ကျဆင်းသွားခဲ့ရပါတယ်။ နောက်ဆုံးမှာ သတင်းမှားတယ်ဆိုတာ သိပြီးနောက် Dow  Stock တွေ အလျင်အမြန် ပြန်တက်လာခဲ့ပါတယ်။

Syrian Electronic Army ဆိုတဲ့ အုပ်စုကတော့ ဒီ ဆိုက်ဘာ တိုက်ခိုက်မှုကို သူတို့ လုပ်တာဆိုပြီး ကြေညာပါတယ်။

ဒါပေမဲ့ ဟုတ် မဟုတ်ဆိုတာ သီးခြား အတည်ပြုလို့တော့ မရပါဘူး။ ဒီအဖွဲ့ဟာ တခြား သတင်းအေဂျင်စီတွေကိုလည်း အရင်တုန်းက သူတို့ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ကြေညာခဲ့ဖူးပါတယ်။

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D