သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up

Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, April 21, 2013

ရေတွင်းထဲက မြည်းပုံပြင်

 Photo: ရေတွင်းထဲက မြည်းပုံပြင်
~~~~~~~~~~~~~
တနေ့သောအခါမှာ လယ်သမားကြီးတဦးရဲ့ မြည်းတကောင်ဟာ
 ရေတွင်းခြောက် တခုထဲ ပြုတ်ကျသွားပါတယ်။ လယ်သမားကြီးက ဘာလုပ်ရမှန်းမသိ အကြံထုတ်စဉ်းစားနေချိန်မှာပဲ မြည်းကလည်း
 ကြောက်လန့််တကြား အော်ငြီးနေပါတော့တယ်။ နောက်ဆုံးကျတော့ လယ်သမားကြီးက ဒီလိုစဉ်းစားပါတယ်။ မြည်းကလည်း အိုလှပြီ။ တွင်းကလည်း ရေမထွက်တော့လို့ ဖို့ပစ်ရမဲ့ရေတွင်း။ မြည်းကို ကယ်ထုတ်ဖို့ကလည်း မလွယ်ဘူးဆိုတော့ တွင်းကို ဖို့ပစ်တာပဲ
 ကောင်းလိမ့်မယ်ပေါ့။

ဒါနဲ့ပဲ သူ့အိမ်နီးနားချင်းတွေကို အကူအညီတောင်းပြီး တွင်းကိုဖို့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အိမ်နီးချင်းတွေကလည်း ဂေါ်ပြားတွေ ပေါက်တူးတွေနဲ့
 ရောက်လာပြီး မြည်းပြုတ်ကျနေတဲ့ တွင်းထဲကို မြေစဖို့ကြတော့တယ်။

 မြေတွေလည်း စကျလာရော မြည်းက အခြေအနေကိုရိပ်စားမိလိုက်ပြီး
 နှလုံးကြေကွဲစွာ ငိုကျွေးပါတော့တယ်။ မြေတွေ တဂေါ်ပြီး တဂေါ် တွင်းထဲကို ပစ်ထဲ့နေရင်းနဲ့ ရုတ်တရက် မြည်းငိုသံရပ်သွားတော့ လယ်သမားကြီးက စိတ်မကောင်းစွာနဲ့ပဲ ရေတွင်းထဲ ငုံ့ကြည့်လိုက်ပါတယ်။ 

အဲဒီမှာပဲ လယ်သမားကြီး အင်မတန်အံ့သြသွားရပါတယ်။ မြည်းအိုကြီးဟာ သူ့ကျောပေါ်ကို မြေတဂေါ်ကျလာတိုင်း ကျလာတဲ့ မြေတွေကို ခါချပြီး အဲဒီမြေပေါ်ကို ခြေတလှမ်းတက်လိုက်ပါတယ်။ နောက်ထပ်ကျလာတဲ့
 မြေတွေကိုလည်း အဲဒီလိုပဲ ကျောပေါ်ကနေ လှုပ်ခါချလိုက်ပြီး အဲဒီမြေပုံပေါ်ကို တလှမ်းပြီးတလှမ်းတက်လာပါတယ်။ မကြာခင်မှာပဲ ရေတွင်းခြောက်လည်း ပြည့်၊ မြည်းလည်း ရေကန် နှုတ်ခမ်းဘောင်ကို ကျော်ထွက်လာပြီး ပျော်ရွှင်စွာနဲ့ပဲ ခုန်ပေါက်ပြေးထွက် သွားပါတော့တယ်။

ဒီအဖြစ်လေးနဲ့ ပတ်သက်ပြီး ရလိုက်တဲ့ ဒဿနတခုကတော့-

ဘ၀ဆိုတာကတော့ ကိုယ့်ကျောပေါ်ကို ဒီလိုပဲ မြေမှုန့်တွေ ပုံချနေမှာပဲ။ မြေတွေ အမှိုက်တွေ၊ ရွှံ့နွံတွေ၊ ခဲတွေ၊ ၀န်ထုတ်ဝန်ပိုး အမျိုးမျိုးပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီရေတွင်းခြောက်ကြီးလို ဘ၀အကျဉ်းအကြပ်တွေကြားက လွတ်မြောက်ဖို့ ဆိုရင် ကျောပေါ်ပိကျလာတဲ့ ၀န်တွေကို ခါချပြီး အဲဒီပေါ် ခြေတလှမ်း တက်လိုက်ရုံပါပဲတဲ့။ 

လူတဦးချင်းရဲ့ အခက်အခဲတွေဟာ သူရှေ့ဆက်တက်လှမ်းနိုင်ဖို့အတွက် လိုနေတဲ့ လှေခါးတထစ်ပါ။ အနက်ရှိုင်းဆုံး တွင်းကြီးထဲကနေ
 ပြန်ထွက်နိုင်ဖို့ဆိုတာက ရပ်တန့်မနေဖို့ တခုပဲ လိုပါတယ်။ အရှုံးမပေးဖို့ပဲ လိုပါတယ်။ ပြဿနာတွေကို ခါပစ်လိုက်ပြီး ချနင်းလို့ တက်လိုက်ပါတဲ့။  
Khin May Zaw (Burma-Newselite) ဘာသာပြန်ဆိုပါတယ်။

ရှယ်နိုင်ပါတယ်။ စာသားကူးချပြီး  ပြန်တင်ခွင့်မပြုပါ။

(ဘာသာပြန်သူမှတ်ချက်။  ။ "Life goes on" facebook ကနေ ရယူပါတယ်။ မူရင်းစာရေးသူကို မသိပါဘူး။ မှတ်သားစရာ ဒဿန ပါလာတာမို့ ဆီလျော်အောင် ဘာသာပြန်ဆိုပြီး ရှယ်လိုက်ပါတယ်။) 
~~~~~~~~~~~~~
၏တနေ့သောအခါမှာ လယ်သမားကြီးတဦးရဲ့ မြည်းတကောင်ဟာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D