သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 19, 2013

တေးသံရှင် ဆိုတေး နိုင်ငံခြား သွားရောက် ဆေးကုသရန် မဖြစ်နိုင်သေးဟုဆို

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက် ရှိသော တေးသံရှင် ဆိုတေးကို နိုင်ငံခြားသို့ သွားရောက် ဆေးကုသရန်မှာ လတ်တလော အခြေအနေတွင် မဖြစ်နိုင်သေးကြောင်း လက်ရှိ ၎င်းကို အနီးကပ် စောင့်ရှောက်ပေးနေသော ဆိုတေး၏ ဦးလေး ဖြစ်သူ ဦးရဲမြင့်အောင်က The Voice သို့ ပြောကြားသည်။

တေးသံရှင် ဆိုတေးသည် ယနေ့ ညနေပိုင်းတွင် သတိကောင်းစွာ မရသေးသော်လည်း ခြေထောက်၊ လက်များ လှုပ်လာပြီး အခြေအနေ အနည်းငယ် ကောင်းလာသည့်အတွက် ဆေးသွင်း ကုသရာတွင် ယခင်ထက် လျော့ကာ ကုသနေပြီဖြစ်ကြောင်း ဦးရဲမြင့်အောင်က ဆက်လက် ပြောကြားသည်။

“ဆိုတေးရဲ့ အမေ ကိုယ်တိုင်ကလည်း နိုင်ငံခြားကို သွားရောက် ကုသခွင့် မပြုပါဘူး။ သတိရ လာပြီးမှ သာ လိုအပ်သလို လုပ်သွားမှာပါ။ Facebook စာမျက်နှာက ကောလာဟလတွေ ကိုလည်း ပြောချင်ပါတယ်။ မဟုတ်မမှန် တာတွေကို မရေးပါနဲ့၊ ဆိုတေးရဲ့ အဖေက သူ့သားကို မကြည့်ရက်လို့ ဆိုပြီး လိုက်တောင် မလာဘူး၊ Facebook က သတင်းတွေကို ဖတ်ပြီး သေတယ် ထင်ပြီး ဖုန်းဆက် မေးမေး နေတာ” ဟု ၎င်းက ဆိုသည်။

ဆိုတေး၏ မိသားစုများက ဆိုတေးကို နိုင်ငံခြားတွင် သွားရောက် ဆေးကုသ ရန် လက်ရှိ တက်ရောက် ကုသနေသည့် မန္တလေး ဆေးရုံကြီးသို့ တရားဝင် ပြောကြားခြင်း မရှိသေးကြောင်း၊ မိသားစုက သွားရောက် ကုသရန် ပြောဆိုလာပါက ဆေးရုံကလည်း ခွင့်ပြုမည့် သဘောထား ရှိကြောင်း မန္တလေး ဆေးရုံကြီးရှိ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။ တေးသံရှင် ဆိုတေး အပါအဝင် လေးဦး စီးနင်း လိုက်ပါလာသော KIA အမျိုးအစား ယာဉ်သည် ရန်ကုန် -မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၉၁/၃နှင့် ၂၉၁/၄ ကြားတွင် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး နေဝင်းက The Voice သို့ ပြောကြားသည်။

From:The Voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D