သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 20, 2013

သူရဦးရွှေမန်းနှင့် မိမိ သမ္မတအဖြစ် ယှဉ်ပြိုင်မည်ဆိုပါက မည်သူက သာမည်ဆိုတာ မပြောနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်မိမိသမ္မတအဖြစ် ယှဉ်ပြိုင်မည်ဆိုပါကမည်သူကသာမည်ဆိုတာ မပြောနိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရိဆောင်၊ မီဒီယာခန်းမ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့်ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းဆွေတို့နှင့် မြန်မာဂျာနယ် လစ်ကွန်ရက်မှ အဖွဲ့ဝင် သတင်းထောက်များ၊အယ်ဒီတာများနှင့်ဇူလိုင် ၁၈ ရက်က တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။



ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့သည် သမ္မတလုပ်လိုသည်ဟုနှစ်ဦးစလုံး ၀န်ခံထားကြသူများ ဖြစ်ပြီး နိုင်ငံရေးအရ မည်သူကမှ အမြဲတမ်း သာနေ၊ နာနေမည်ဟု မပြောနိုင်ကြောင်းဒေါ်အောင်ဆန်းစု ကြည်ကပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံရေးမှာ လူတစ်ယောက်ဟာ အမြဲတမ်း သာနေ၊ နာနေတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ ပြည်သူတွေရဲ့ လိုအပ်ချက်အရ ခေါင်းဆောင် လုပ်သူတွေရဲ့ အရည်အချင်းတွေက ပြောင်းသွားတတ်ပါတယ်...

''နိုင်ငံရေးမှာ လူတစ်ယောက်ဟာ အမြဲတမ်း သာနေ၊ နာနေတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံ ရဲ့ လိုအပ်ချက်အရ၊ ပြည်သူတွေရဲ့ လိုအပ်ချက်အရ ခေါင်းဆောင်လုပ်သူတွေရဲ့ အရည်အချင်းတွေက ပြောင်း သွားတတ်ပါတယ်။ အဲဒီတော့ ဘယ်သူကမှ ထာဝရအစဉ်အမြဲ သာနေတယ် ဆိုတာ မရှိနိုင်ပါဘူး။ နောက်ဆုံးတော့ ပြည်သူလူထုက ရွေးချယ်မှာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ အဖြစ် ရွေးချယ်ခံခွင့် မရှိဘဲ ယင်းအချက်ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေဖြင့် ၎င်းနှင့်ယှဉ်ပြိုင်ရဲသည် ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလုပ်ပေးရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည် က ပြော ကြားသည်။

အလုပ်တစ်ခုကို လုပ်မည်ဆိုပါက မှန်မှန်ကန်ကန်နှင့် ပြတ်ပြတ်သားသား လုပ်မည်ဆိုပါက လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရမည်ဟုသာ ယုံကြည်ထားကြောင်း၊ ယင်းသို့ ပြောကြားခြင်းမှာလည်း သူက သာခြင်း၊ ကိုယ်က သာခြင်းကြောင့် ပြောကြားခြင်း မဟုတ်ဘဲ ပြည်သူလူထု၏ ထောက်ခံချက် ရရှိအောင် မှန်မှန်ကန်ကန် လုပ်နိုင်မည်ဟု ယုံကြည်ခြင်းကြောင့်သာ ပြောကြားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D