မယ့်လမ်းပါတဲ့
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စံပယ်ကို ယမယ်ဖွဲ့ (ယိုးမယ်ဖွဲ့) ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
ပျိုမယ်ကို ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စံပယ်ကို ယမယ်ဖွဲ့ (ယိုးမယ်ဖွဲ့) ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
ပျိုမယ်ကို ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
ဒီချောင်းမှာရွှင်၊ ဗေဒါခင်ပြာလဲ့
စေတီငယ်ယမယ်ဖွဲ့၊ ကမ်းကပ်ချင်ခဲ့။
လင်းယဉ်နွဲ့ တချီချီ
ကျူရိုးရှင်သူ့စကား၊ နားကျခဲ့ပြီ
ကျွတ်ဆုမြတ် စလွယ်ချည်၊ ဗေဒါရီပြာလဲ့။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့။ ။
ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)
မှတ်ချက်။ ။ နှစ်သက်မိသော ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာ” လေးများပါခင်ဗျာ။ ကျွန်တော့်ရဲ့ဘလော့လေးထဲမှာ အမှတ် တရသိမ်းထားချင်တာမို့ ဆရာဇော်ဂျီရဲ့ “ဗေဒါလမ်းကဗျာစာစု” များစာအုပ်မှ ကူးယူရေးသားဖော်ပြထားခြင်း ဖြစ် ပါတယ်ခင်ဗျာ။ စာအထား၊ အသို နှင့် စာလုံးပေါင်း အမှားအယွင်း များရှိခဲ့ပါက ကျွန်တော့်ရဲ့ ပေါ့ဆမှုအမှားများ သာဖြစ်ကြောင်းပါခင်ဗျာ ။
ရာဇာထွေး
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...