သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 18, 2013

" သမိုင်း တွင်ခဲ့ သည့် အာဇာ နည် ခေါင်းဆောင်ကြီး များ ၏ ဈာပန မှတ် တမ်း၊ ရုပ်ရှင်"

Photo: " သမိုင်း တွင်ခဲ့သည့် အာဇာနည် ခေါင်းဆောင်ကြီးများ၏
ဈာပနမှတ်တမ်း၊ ရုပ်ရှင်"
Thursday, July 18, 2013

၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နေ့တွင် ဖြစ်ပွားခဲ့သော “နိုင်ငံတော် 
လုပ်ကြံမှုကြီး” သည် စစ်ပြီးခေတ် မြန်မာ့ နိုင်ငံရေး သမိုင်းတွင် အလွန် 
အရေးပါသော အဖြစ် အပျက်ကြီး တစ်ခု ဖြစ်သည်။ “၁၉ ဇူလိုင်၊ မမေ့ နိုင်” 
ဆိုသလို ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီး များ လုပ်ကြံ 
ခံခဲ့ရသည်။ ၆၆ နှစ် တိုင်ခဲ့ပြီ ဖြစ်သော အာဇာနည်ခေါင်း
ဆောင်ကြီး တို့ ကျဆုံးခဲ့မှု (အာဇာ နည်နေ့)အတွက် ပြည်သူတို့မှာ 
လွမ်းဆွတ်နေကြ ဆဲဖြစ်သည်။

မြန်မာ့လွတ်လပ်ရေး သမိုင်း တွင် အရုပ်ဆိုး၊ အကျည်းတန် စေခဲ့သည့် အဖြစ်အပျက်
 မြင်ကွင်းတစ်ခု ဆိုလျှင် မမှား။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အတူ 
ဖြစ်တည် ခဲ့သော အာဇာနည်နေ့အား နိုင် ငံ တည်တံ့သရွေ့ နိုင်ငံသူ၊ နိုင်ငံ 
သားများ၏ ရင်ဝယ်အရိပ်ထင်ရှိနေမည်မှာ အမှန်။

ထိုစဉ်အချိန်က အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်းအနားအား ဂျူဗလီဟော
 အဆောက်အအုံကြီး ၌ ခေတ္တပြင် ဆင် ထားရှိခဲ့ပြီး ပြည်သူ လူထု ဂါရဝပြုနိုင် 
ခဲ့ပုံကို ဆရာကြီး ဒဂုန်မြင့်စိုးက သမိုင်းမှတ်တမ်း ရုပ်ရှင် 
ရိုက်ကူးခဲ့သည်။ “အဲဒီတုန်းက အဘ အသက်က ငယ်သေးတော့ ဝါသနာအရ လိုက်ရိုက်တာ။ 
အလောင်းတွေ သယ်သွားတာ ကစပြီး ဂူသွင်းတဲ့ အထိ မပင်မပန်းနိုင်ဘဲ ရိုက်ခဲ့တာ။ 
အဘက ပထမတုန်းက လိုက်ရိုက်ခဲ့တာ ဝါသနာ အရပေမယ့် တကယ်တမ်း ကျတော့ ဒီရိုက်ကူး 
မှုဟာ နိုင်ငံနဲ့ လူမျိုး ရေးနဲ့လည်း ပတ်သက်တော့ စိတ်ထဲ မှာ ဝမ်းနည်းပြီး 
စိတ်တော့ မကောင်း ဘူး။ အဘဘဝ အတွက် အမှတ်တရ၊ နိုင်ငံတော် အတွက် မှတ်တမ်း 
ရာဇဝင် သမိုင်းကားကြီး ငါရိုက်ခဲ့ပါ လား ဆိုတဲ့ အသိက အသက်ကြီးလာ လေလေ 
ပိုသိလာခဲ့လေပဲ။ ရိုက်ကူး လို့ပြီး သွားပြီ ဆိုတာနဲ့ အေဝမ်း ရုပ်ရှင် 
ကုမ္ပဏီမှာပဲ ဖလင် ကူးဆေးတာရော၊ တည်းဖြတ်တာရော၊ အသံဖမ်း တာရော အကုန်လုံး အဘ 
လုပ်ခဲ့တာ” ဟု ဆရာကြီး ဒဂုန် မြင့်စိုး က ငယ်ရွယ်နုပျိုစဉ်က အာဇာ နည် 
ခေါင်းဆောင် ကြီးများ၏ ဈာပန အခမ်းအနားသို့ ကိုယ်တိုင် ကိုယ်ကျ သတင်း 
မှတ်တမ်းရိုက်ကူး ခဲ့ပုံကို ရှင်းပြခဲ့သည်။ အာဇာနည် ၉ ဦး၏ ဈာပနကို 
ရုပ်ရှင် အနုပညာရှင် တို့က ဝမ်းနည်း စွာ သတင်းရိုက်ကူး 
မှတ်တမ်းပြုခဲ့ကြသည်။

နိုင်ငံတော် အတွက် သမိုင်းဝင် သည့် မှတ်တမ်း ရုပ်ရှင်ဇာတ်ကားကြီး ကို 
ရန်ကုန် မြို့လယ်ရှိ ရုပ်ရှင်ရုံကြီး ၄ ရုံတွင် တစ်ပြိုင်တည်း ပြသခဲ့သည်။ 
ထိုကာလက ရုပ်ရှင်ရုံ များ သည် တစ်နေ့လျှင် ၄ ပွဲသာ ပြသပြီး တနင်္ဂနွေ 
တစ်ရက်သာ ၅ ပွဲပြသနေ ချိန်ဖြစ်သည်။ အဆိုပါ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကြီး 
ပြသနေသည့် အချိန်တွင် ၅ ပွဲပြသ ခဲ့သည်။ အပျော် တမ်း မှတ်တမ်း 
ရိုက်ကူးခဲ့ရာကနေ မှတ်တမ်း ရုပ်ရှင်ဖြစ်ခဲ့သလို လာ ရောက် ကြည့်ရှုကြသည့် 
မြန်မာ ပြည်သူ များက ထိုနေ့၊ ထိုအဖြစ် အပျက် အတွက် ယူကြုံး မရ ဝမ်းနည်း 
ခံစားကြသည်။ အာဇာနည် ခေါင်း ဆောင်ကြီးများ ဈာပန ကို ရိုက်ကူး ခဲ့သည့် 
ဆရာကြီး ဒဂုန်မြင့်စိုးသည် ရုပ်ရှင် နယ်မြေမှာမွေး၊ ရုပ်ရှင် နယ်မြေမှာ 
ကြီးပြင်းသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သည်နှင့်အညီ ရုပ်ရှင် လောကအပေါ် 
သံယောဇဉ် ကြီးသူ လည်းဖြစ်သည်။

မြန်မာပြည်သူ့ ပြည်သား များသာမက ကမ္ဘာကပါ စိတ်ဝင်တစား ရှိကြသည့် ဗိုလ်ချုပ် 
အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်း အနား မြင်ကွင်း 
ရုပ်ရှင်သည် သမိုင်းမှာ မှတ် ကျောက် တင်နိုင်ခဲ့ သည်။ အဆိုပါ 
သမိုင်းဝင်သည့် မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကြီးကို ၆၆ နှစ်မြောက် အာဇာနည်နေ့
 တွင် ပြသရန် မြန်မာ နိုင်ငံသူ နိုင်ငံသားများက ဆန္ဒရှိကြသည်။ ပွင့်လင်း 
မြင်သာသော ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေချိန်တွင် ပြည်တွင်း 
ရုပ်သံမီဒီယာ များအနေဖြင့် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် သီချင်းများ 
၊ဈာပန မှတ်တမ်း ရုပ်ရှင် များ စသည်တို့ကို ထုတ်လွှင့် ပြသ သင့်ကြောင်း 
တိုက်တွန်း လိုက်ရ ပါသည်။
ထွဋ်မြတ်
Popular Journal၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နေ့တွင် ဖြစ်ပွားခဲ့သော “နိုင်ငံတော် လုပ်ကြံမှုကြီး” သည် စစ် ပြီးခေတ် မြန် မာ့ နိုင်ငံရေးသမိုင်းတွင် အလွန်အရေးပါသော အဖြစ်အပျက်ကြီးတစ်ခု ဖြစ်သည်။ “၁၉ ဇူလိုင်၊
မမေ့ နိုင်” ဆိုသလို ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံခဲ့ရသည်။ ၆၆ နှစ် တိုင်ခဲ့ပြီ ဖြစ်သော အာဇာနည်ခေါင်းဆောင်ကြီး တို့ ကျဆုံးခဲ့မှု (အာဇာ နည်နေ့)အတွက် ပြည်သူတို့မှာ လွမ်း ဆွတ်နေ ကြ ဆဲဖြစ်သည်။

မြန်မာ့လွတ်လပ်ရေး သမိုင်း တွင် အရုပ်ဆိုး၊ အကျည်းတန် စေခဲ့သည့် အဖြစ်အပျက် မြင်ကွင်းတစ်ခု ဆိုလျှင် မမှား။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အတူ ဖြစ်တည် ခဲ့သော အာဇာနည်နေ့အား နိုင် ငံ တည်တံ့သရွေ့ နိုင်ငံသူ၊ နိုင်ငံ သားများ၏ ရင်ဝယ်အရိပ်ထင်ရှိနေမည်မှာ အမှန်။

ထိုစဉ်အချိန်က အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်းအနားအား ဂျူဗလီဟော အဆောက် အအုံကြီး ၌ ခေတ္တပြင် ဆင် ထားရှိခဲ့ပြီး ပြည်သူ လူထု ဂါရဝပြုနိုင် ခဲ့ပုံကို ဆရာကြီး ဒဂုန်မြင့်စိုးက သမိုင်းမှတ်တမ်း ရုပ်ရှင် ရိုက်ကူးခဲ့သည်။ “အဲဒီတုန်းက အဘ အသက်က ငယ်သေးတော့ ဝါသနာအရ လိုက်ရိုက်တာ။ အလောင်းတွေ သယ်သွားတာ ကစပြီး ဂူသွင်းတဲ့ အထိ မပင်မပန်းနိုင်ဘဲ ရိုက်ခဲ့တာ။ အဘက ပထမတုန်းက လိုက်ရိုက်ခဲ့တာ ဝါသနာ အရပေမယ့် တကယ်တမ်း ကျတော့ ဒီရိုက်ကူး မှုဟာ နိုင်ငံနဲ့ လူမျိုး ရေးနဲ့လည်း ပတ်သက်တော့ စိတ်ထဲ မှာ ဝမ်းနည်းပြီး စိတ်တော့ မကောင်း ဘူး။ အဘဘဝ အတွက် အမှတ်တရ၊ နိုင်ငံတော် အတွက် မှတ်တမ်း ရာဇဝင် သမိုင်းကားကြီး ငါရိုက်ခဲ့ပါ လား ဆိုတဲ့ အသိက အသက်ကြီးလာ လေလေ ပိုသိလာခဲ့လေပဲ။ ရိုက်ကူး လို့ပြီး သွားပြီ ဆိုတာနဲ့ အေဝမ်း ရုပ်ရှင် ကုမ္ပဏီမှာပဲ ဖလင် ကူးဆေးတာရော၊ တည်းဖြတ်တာရော၊ အသံဖမ်း တာရော အကုန်လုံး အဘ လုပ်ခဲ့တာ” ဟု ဆရာကြီး ဒဂုန် မြင့်စိုး က ငယ်ရွယ်နုပျိုစဉ်က အာဇာ နည် ခေါင်းဆောင် ကြီးများ၏ ဈာပန အခမ်းအနားသို့ ကိုယ်တိုင် ကိုယ်ကျ သတင်း မှတ်တမ်းရိုက်ကူး ခဲ့ပုံကို ရှင်းပြခဲ့သည်။ အာဇာနည် ၉ ဦး၏ ဈာပနကို ရုပ်ရှင် အနုပညာရှင် တို့က ဝမ်းနည်း စွာ သတင်းရိုက်ကူး မှတ်တမ်းပြုခဲ့ကြသည်။

နိုင်ငံတော် အတွက် သမိုင်းဝင် သည့် မှတ်တမ်း ရုပ်ရှင်ဇာတ်ကားကြီး ကို ရန်ကုန် မြို့လယ်ရှိ ရုပ်ရှင်ရုံကြီး ၄ ရုံတွင် တစ်ပြိုင်တည်း ပြသခဲ့သည်။ ထိုကာလက ရုပ်ရှင်ရုံ များ သည် တစ်နေ့လျှင် ၄ ပွဲသာ ပြသပြီး တနင်္ဂနွေ တစ်ရက်သာ ၅ ပွဲပြသနေ ချိန်ဖြစ်သည်။ အဆိုပါ မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကြီး ပြသနေသည့် အချိန်တွင် ၅ ပွဲပြသ ခဲ့သည်။ အပျော် တမ်း မှတ်တမ်း ရိုက်ကူးခဲ့ရာကနေ မှတ်တမ်း ရုပ်ရှင်ဖြစ်ခဲ့သလို လာ ရောက် ကြည့်ရှုကြသည့် မြန်မာ ပြည်သူ များက ထိုနေ့၊ ထိုအဖြစ် အပျက် အတွက် ယူကြုံး မရ ဝမ်းနည်း ခံစားကြသည်။ အာဇာနည် ခေါင်း ဆောင်ကြီးများ ဈာပန ကို ရိုက်ကူး ခဲ့သည့် ဆရာကြီး ဒဂုန်မြင့်စိုးသည် ရုပ်ရှင် နယ်မြေမှာမွေး၊ ရုပ်ရှင် နယ်မြေမှာ ကြီးပြင်းသော ပုဂ္ဂိုလ်ကြီး တစ်ဦး ဖြစ်သည်နှင့် အညီ ရုပ်ရှင် လောကအပေါ် သံယောဇဉ် ကြီးသူ လည်းဖြစ်သည်။

မြန်မာပြည်သူ့ ပြည်သား များသာမက ကမ္ဘာကပါ စိတ်ဝင်တစား ရှိကြသည့် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဈာပန အခမ်း အနား မြင်ကွင်း ရုပ်ရှင်သည် သမိုင်းမှာ မှတ် ကျောက် တင်နိုင်ခဲ့ သည်။ အဆိုပါ သမိုင်းဝင်သည့် မှတ်တမ်း ရုပ်ရှင် ဇာတ်ကားကြီးကို ၆၆ နှစ်မြောက် အာဇာနည်နေ့ တွင် ပြသရန် မြန်မာ နိုင်ငံသူ နိုင်ငံသားများက ဆန္ဒရှိကြသည်။ ပွင့်လင်း မြင်သာသော ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေချိန်တွင် ပြည်တွင်း ရုပ်သံမီဒီယာ များအနေဖြင့် အာဇာနည်နေ့နှင့် သက်ဆိုင်သည့် သီချင်းများ ၊ဈာပန မှတ်တမ်း ရုပ်ရှင် များ စသည်တို့ကို ထုတ်လွှင့် ပြသ သင့်ကြောင်း တိုက်တွန်း လိုက်ရ ပါသည်။

ထွဋ်မြတ်
Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D