
ယနေ့ နံနက်ကိုးနာရီက ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် မိုးရာသီကြို ကုန်စည်ပြပွဲနှင့် ကားပြပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲ၌ နေ့စဉ်သုံးကုန်ပစ္စည်းများ၊
စားသောက်ကုန်၊ အီလက်ထရောနစ်ပစ္စည်းများသာမက မော်ဒယ်မြင့်ကားများကိုပါ ပြသလျက်ရှိသည်။ Car Showroom ရှစ်ခုမှ ကားအမျိုးအစားပေါင်း နှစ်ဆယ်ကျော် ခန့်ပြသနေပြီး အထူးလျှော့ဈေးများဖြင့် ပရိုမိုးရှင်း အစီအစဉ်များလည်း
ရှိကြောင်းသိရပါသည်။ အခြားပြခန်းများတွင် ဟန်းဆက်၊ Digital Receiver စသည့် electronic များ၊ ဆေးဝါး၊ နေ့စဉ်အသုံးအဆောင်နှင့် အစားအသောက်စသည် တို့ကိုလည်း ပြသနေပါသည်။ မည်သူမဆို အခမဲ့ဝင်ရောက်နိုင်ပြီး မိုးရာသီကြို ဈေးရောင်းပွဲတစ်ခုအဖြစ် သွားရောက်လေ့လာသင့်ကြောင်း တင်ပြလိုက်ရပါသည်။
Myanmar ICT


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...