သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 19, 2013

Sexy အနမ်းပါဝင်သည့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ကားကြီး စတင်တည်းဖြတ်

ကျွန်မက နှင်းဆီပါမောင်  ပါဇာတ်လမ်းအား ပထမ အစတွင် သက်မွန်မြင့်နှင့်ရိုက်ရန်  သဘော
တူခဲ့သောလည်း  သက်မွန်မြင့်သည့်  Sexy  အနမ်းပါသည့်အတွက် ငြင်းဆန်ခဲ့ရာမှ  သရုပ်ဆောင်
ဖွေးဖွေးနှင့်ရိုက်ရန် သဘောတူခဲ့ကြသည်  ထိုအကြောင်းကို ပြန်လည် ဖတ်ရှု့လိုပါက ဒီမှာ  ဖတ်နိုင်ပါတယ်။

ဒါရိုက်တာဝိုင်း ရိုက်ကူးထားပြီး နေတိုး နှင့်ဖွေးဖွေးတို့ အဓိကပါဝင်သရုပ်ဆောင်ထားသည့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ကားကြီးအား ယခုအခါတွင် စတင်တည်းဖြတ်လျက်ရှိကြောင်း ဒါရိုက်တာဝိုင်းက ဆိုသည်။

ယင်းရုပ်ရှင်သည် ပုညခင်၏ ၀တ္ထုကိုဒါရိုက်တာကိုယ်တိုင် ဇာတ်ညွှန်းရေးသားကာ ရိုက်ကူးသည့်ဇာတ် ကားဖြစ်ပြီး မာနရှင်မိန်းကလေးတစ်ယောက်၏ ဘ၀အလှည့်အပြောင်း၊ လောင်းကစား၏ ကောင်းကျိုးမ ပေးပုံများနှင့် ချစ်ခြင်းမေတ္တာ၊ မာနတို့၏ ခြားနားချက်များကို သိမ်မွေ့စွာတင်ပြထားသည့်ဇာတ်ကားဖြစ်သည်။

“ဒီကားကို ရိုက်လို့တော့ပြီးသွားပါပြီ။ အခုတည်းဖြတ်နေပါတယ်။ ဒီကားမှာ ဖွေးဖွေးရဲ့ဇာတ်ရုပ်က အရမ်း ကိုမာနကြီးတဲ့ကောင်မလေးအဖြစ် သရုပ်ဆောင်ထားရပေမယ့် ထွေထွေထူးထူးသင်ပြရတာမရှိပါဘူး။ ပြ သဖို့တော့ သုံးနှစ်လောက်စောင့်ရဦးမယ်ထင်ပါတယ်”ဟု ဒါရိုက်တာဝိုင်းက ဆိုသည်။

“ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ကားကြီးတွင် ဖွေးဖွေး၏ငယ်ဘ၀ကို ယွန်းယွန်းမှ ပါဝင်သရုပ်ဆောင် ထားပြီးကလေးသရုပ်aဆာင် ဟဲဗီးဖြိုးကလည်း ယခင်တွေ့မြင်နေကျဖြစ်သည့်ဇာတ်ရုပ်များမှ ကွဲထွက် ကာတွေ့မြင်ရမည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ရိုက်ကူးရေး တာဝန်ခံဦးအောင်ကျော်ဝင်းက “ဒီဇာတ်ကားကို ဆင်ဆာတင်တုန်းကတော့ “အာဘွားပုံပြင်”ပါ။ ရုံတင်ရင်တော့ “ကျွန်မက နှင်းဆီပါမောင်”အနေနဲ့ ရုံတင်ပြသမှာပါ။ ဒီဇာတ်ကားကို ၂၀၁၃ ခုနှစ် နှစ်ဆန်း ၂ ရက်မှာ စတင်ရိုက်ကူးခဲ့တာပါ။ မေလ ၁၀ ရက်မှာ ရိုက်ကူးမှုပြီးပါတယ်။ ရိုက်ကူး ခွင့်အနေနဲ့ကတော့ ခွင့်ပြုချက်ရရှိပြီးသွားပါပြီ။ တည်းဖြတ်ပြီးအားလုံး အချောသတ်ပြီးသွားရင်တော့ ပြသ မယ့်ကျွန်မက နှင်းဆီပါမောင်နာမည်နဲ့ ဆင်ဆာပြန်တင်မှာဖြစ်ပါတယ်”ဟု ပြောသည်။
၎င်းဇာတ်ကားကို ပြင်ဦးလွင်မြို့တွင် အဓိကရိုက်ကူးထားပြီး ထားဝယ်ထုတ်လုပ်ရေးမှ စီစဉ်ခြင်းဖြစ်သည်။

From:Mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D