ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ နှစ်ဦး ပူးတွဲပြီးတော့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကို တရားမျှတမှု အရှိဆုံးဖြစ်အောင် လုပ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းခဲ့ သလို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း အမျှတဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါ တယ်။
ဒါ့အပြင် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေး ထား ပြောခဲ့ ပါတယ်။ ဘယ်သူ သမ္မတဖြစ်မလဲ ဆိုတဲ့ကိစ္စမှာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းပြီးရင်တော့ ပြည်သူကရွေးချယ်တဲ့ လူကို လက်ခံရ မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ကြာသပတေးနေ့ က ပြည်သူ့လွှတ်တော် သတင်းစာ ရှင်းလင်းပွဲခန်းမအတွင်းမှာ သတင်းမီဒီယာ သမားတွေနဲ့ တွေ့ဆုံပွဲ အတွင်း ပြောဆိုခဲ့တာတွေကိုတော့ ကိုယ်တိုင်သွားခဲ့တဲ့ ကိုကျော်ကျော်သိန်းက ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တို့ နှစ်ဦး အတူတကွ သတင်းမီဒီယာ သမားတွေနဲ့ တွေ့ဆုံ ပြောဆိုတာဟာဖြင့် ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
၂ နာရီနီးပါးကြာတဲ့ ဒီတွေ့ဆုံပွဲအတွင်း သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး အပြန်အလှန် ပြောဆိုမှု အများဆုံးရှိခဲ့တဲ့ ကိစ္စကတော့ ၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကိစ္စ၊ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ဘယ်သူ သမ္မတဖြစ်လာနိုင်သလဲ ဆိုတဲ့ကိစ္စတွေပဲဖြစ်ပါတယ်။
ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လောက်ထိ ပြင်ဆင်ပြီးပြီလဲဆိုတာကို ဒေါ်အောင်ဆန်းစု ကြည်က အခုလိုဖြေဆိုခဲ့သလို တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးကိုလည်း ထည့်ပြောခဲ့ပါတယ်။
"၂၀၁၅ရွေးကောက်ပွဲ အတွက် အားလုံးတော့ ပြင်ဆင်လို့မပြီးသေးပါဘူး။ အခုမှ စပြီးတော့ ပြင်ဆင်ပါတော့မယ်။ အန်တီတို့ကတော့ နိုင်မှာပေါ့နော်။ သတ္တိရှိတယ်ဆိုလို့ရှိရင်ပေါ့ တကယ်ကို ညီညီမျှမျှ အခြေအနေပေါ်မှာ ရွေးကောက်ပွဲကို ကျင်းပနိုင်အောင်လို့ ဥက္ကဋ္ဌ၊ကြီးအနေနဲ့ အစွမ်းကုန်ဆောင်ရွက်ပေးမယ်လို့ ကျမက ယုံကြည်ပါတယ်။"
ရွေးကောက်ပွဲမှာ ဘယ်သူ အနိုင်ရမလဲဆိုတဲ့အပေါ် သူရဦးရွှေမန်းက တုန့်ပြန်ပြောဆိုခဲ့သလို တရားမျှတရေးအတွက် ကြိုးစားပါ့မယ်လို့လည်း ကတိပေးခဲ့ပါတယ်။
" လာမယ့်ရွေးကောက်ပွဲမှာ တစ်ဖက်က အနိုင်ရရှိအောင် လုပ်မယ် လို့ပြောပါတယ်။ အဲ့ဒီ့တော့ ဥက္ကဋ္ဌအနေနဲ့ပြောချင်တာကတော့ ပိတ်ကားပေါ် မှာ စောင့်ကြည့်ပါပေါ့နော်။ နောက်တခု က ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ လာမယ့်ရွေးကောက်ပွဲမှာ အမျှတဆုံးဖြစ်အောင် ဥက္ကဋ္ဌ လုပ်ပေးပါဆိုတာကို အဖြစ်နိုင်ဆုံး၊ အမျှတဆုံးဖြစ်အောင်ဥက္ကဋ္ဌကြီးက ကြိုးစားပါ့မယ်။ "
ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး မဖြစ်ရေးဆိုတာဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးနဲ့ ဆက်စပ် နေတာမို့ ဒီကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲမှာ သာတယ် နာတယ်ဆိုတာမရှိဘဲ လူထုရဲ့ အဆုံးအဖြတ် ကို ခံယူရမှာပဲဖြစ်တယ် ဆိုတာကို လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။
"တကယ်ဆိုလို့ရှိရင် မှန်မှန်ကန်ကန်ယှဉ်ပြိုင်တယ်ဆိုရင် မျှတအောင် လုပ်ပေးရမှာပေါ့။ ဥက္ကဋ္ဌကြီးအနေနဲ့ ကျမနဲ့ယှဉ်ပြိုင်ရဲတယ်ဆိုရင် ကျမကို သမ္မတဖြစ်နိုင်အောင်လို့ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းလဲရေးကို ကျမကို လုပ်ပေးရမှာပေါ့။ အဲ့လို မလုပ်ပေးဘူးဆိုရင် မှန်မှန်ကန်ကန်မဟုတ်လို့ပဲ။ အဲ့တော့ ဘယ်သူက သာတယ်နာတယ်ဆိုတာ နိုင်ငံရေးမှာ လူတစ်ယောက်က အမြဲတမ်း တချိန်လုံး သာနေတာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရဲ့လိုအပ်ချက်အရ၊ ပြည်သူတွေရဲ့လိုအပ်ချက်အရ ခေါင်းဆောင်လုပ်တဲ့သူတွေရဲ့ လိုအပ်ချက်အရ ပြောင်းလဲတတ်ပါတယ်။ ဘယ်သူကမှ အစဉ်အမြဲသာနေတယ်ဆိုတာ မရှိပါဘူး။ အဲ့ဒီ့တော့ ကိုယ်သာတယ် ကိုယ်နာတယ်ဆိုတာ ပြောစရာအကြောင်းမရှိပါဘူး။
နောက်ဆုံးကျတော့ ပြည်သူလူထုက ရွေးချယ်မှာပါပဲ။ အဲ့ဒီ့တော့ နိုင်အောင် လုပ်မယ်ဆိုတာဟာ အလုပ်တခုကို လုပ်လို့ရှိရင် မှန်မှန်ကန်ကန်နဲ့ပြတ်ပြတ်သားသား လုပ်လို့ရှိရင်တော့ အနိုင်ရလိမ့်မယ်လို့ ကျမတော့ ယုံကြည်ပါတယ်။ ဒီအတိုင်းပဲ ကျမတို့ ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ ကိုယ်ကသာလို့ သူကသာလို့ ဒီလိုသဘောနဲ့ မဟုတ်ပါဘူး။ ပြည်သူလူထု ရဲ့ ထောက်ခံမှုရအောင်လို့ ကျမတို့ မှန်မှန်ကန်ကန် လုပ်နိုင်တယ်လို့ ကျမတို့ ယုံကြည်တဲ့အကြောင်းပြောချင်ပါတယ်။"
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီးတဲ့ နောက်ပိုင်းမှာ သူရဦးရွှေမန်းက သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယသမ္မတ၊ ဒါမှမဟုတ်လည်း အဲဒါရဲ့ ပြောင်းပြန်အနေအထား ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်လို့တော့ သူတို့နှစ်ဦး အခုလို အပြန်အလှန် ပြောဆို ခဲ့ကြပါတယ်။
" ကျမက အသက်ပိုကြီးတဲ့အတွက် ကျမ က အရင်ဖြစ်သင့်ပါတယ်။" (ဒေါ်အောင်ဆန်းစုကြည်)
"ဒီမေးခွန်းကို ဥက္ကဋ္ဌကြီးဖြေစရာမလိုဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ဖြေတာနဲ့ လုံလောက်တယ်လို့ ယူဆပါတယ်။" (သူရဦးရွှေမန်း)
တစ်ခါ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ သမ္မတဖြစ်ရေးမဖြစ်ရေးကြား အဆက်အစပ် အရေးကြီးပုံ ပေါ်လွင်စေတဲ့ စကားကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို အဲဒီအပေါ် သူရဦးရွှေမန်းကလည်း ပေါ့ပေါ့ပါးပါးပဲ တုန့်ပြန်ခဲ့ပါတယ်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေမပြောင်းဘူးဆိုရင် အန်တီက ဒုသမ္မတပဲဖြစ်မယ် ဆိုတော့ မတရားဘူးလို့ပဲ ပြောချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြောင်းပြီးရင်တော့ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် ပြည်သူ က ရွေးချယ်တဲ့သူကို ကျမတို့ လက်ခံမှာပါ " ( ဒေါ်အောင်ဆန်းစုကြည်)
" ခုနကပြောသလို မေးရင် ရိုးရိုးပဲမေးပါ။ ရန်မတိုက်ပေးပါနဲ့။ ကျနော်တို့ ဘယ်တော့မှ ရန်ဖြစ်မှာ မဟုတ်ပါဘူး။" ( သူရဦးရွှေမန်း)
မြန်မာဂျာနယ်လစ်ကွန်ယက်ရဲ့ အစီအစဉ်နဲ့ ရန်ကုန်နဲ့ မန္တလေးတို့က သတင်းမီဒီယာသမား ၅၀ လောက်ဟာ ပြည်သူ့လွှတ်တော် ဆီ သွားရောက် လေ့လာခဲ့ကြပြီးတဲ့နောက် သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနဲ့ ဆောက်လုပ်ရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးသိန်းဆွေတို့က လက်ခံတွေ့ဆုံပြီး မေးမြန်းသမျှကို ဖြေကြားခဲ့ကြတာပါ။
From:VOA
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
-
▼
07/14 - 07/21
(219)
- ၂၀-၇-၂၀၁၃ပေါက်တောမြို့နယ်တွင် ကျွဲ(၄)ကောင်နှင့်အတူ...
- ၂၀-၇-၂၀၁၃ စယ်လီဗစ်တီတွေရဲ့... ဖြစ်ရပ်မှန် ဇာတ်လမ်း...
- ၂၁-၇-၂၀၁၃စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုး...
- ၂၁-၇-၂၀၁၃ အိမ်နီးချင်း နိုင်ငံများက ရေတပ်အင်အား တု...
- အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ
- တပ်မတော် ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ
- ထားဝယ် တိုင်းရင်း သားများ ပါတီ
- ၂၀၁၂ ခုနှစ် တရုတ် အစိုးရ အရာရှိများ အသုံးစရိတ် လျေ...
- သူရဦးရွှေမန်းနှင့် မိမိ သမ္မတအဖြစ် ယှဉ်ပြိုင်မည်ဆို...
- အခြေခံဥပဒေပြင်ပြီး အာဇာနည်ကြီးများကို ကျေးဇူးဆပ်ရန...
- NLD နှင့် ကြံ့ခိုင်ရေးသင့်မြတ်မှု အခြားပါတီများ မစိ...
- "ရွှေလုပ်ကွက် ကြွေးကျန်များအစိုးရထံသို့ ၂ဝ၁၅ အပြီးေ...
- ပြည်သူများအားကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်...
- ရိုဟင်ဂျာလူကုန်ကူးမှုစုံစမ်းဖို့ ထိုင်းကိုအမေရိကန်တ...
- တရုတ်သိုင်း ရုပ်ရှင်မင်းသား Bruce Lee အမှတ်တရပွဲကျ...
- ၂၀၁၄ မြန်မာ့သန်းခေါင်စာရင်းကောက်ယူရေး ရန်ပုံငွေလို...
- မိထ္ထီလာခရိုင် အရေးပေါ်အမိန့်ရုပ်သိမ်း
- မြန်မာ့ တပ်မတော် အရာရှိ ၃၀ ကို ခေါ်ယူ လေ့ကျင့်ပေးရန...
- သမ္မတဦးသိန်းစိန်၏ ခရီးစဉ် အကျိုးအမြတ်အဖြစ် မြန်မာက...
- လူမျိုးသုဉ်း သတ်ဖြတ်နေသည် ဆိုသော စွပ်စွဲချက်များသည...
- ရခိုင်ဒုက္ခသည်များကို လုံးချင်းအိမ်များသို့ နေထိုင်...
- အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီး...
- မျိုးစောင့် ဥပဒေ ပြဌာန်းရေး ထောက်ခံ လက်မှတ် ၂ သန်း...
- ရန်ကုန်မြို့တော်စည်ပင် မှ ခိုင်ခံ့မှုအတွက် အသိအမှတ်...
- မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန သို့ ငွေကျပ...
- မြန်မာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ ၁၅၃ ရုံကို ဒစ...
- ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက် ကိုင်ဆောင...
- မိုင်းတုံမြို့ အဝင် စစ်ဆေးရေး ဂိတ်တွင် တရားမဝင် ဝင...
- ရေနံချောင်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ရေးမူစာအုပ်ြ...
- ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်ပေါက်...
- ပြည်မြို့ မြင်းစီးရုပ်တုမှာ ပန်းခွေချခွင့်မရလို့ ပ...
- ခြေလေးချောင်းပါ ကလေးငယ်၏ ဒုတိယအဆင့် ခွဲစိတ်မှု တစ်လ...
- ကလေးအဖေဘယ်သူလဲ
- ပြည့်တန်ဆာနှင့် ဥပဒေ
- လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒေါ်ဘောက်ဂျာအား ဖမ်...
- ဖန်တီးသူ
- ၁၉-၇-၂၀၁၃ အာဇာနည်နေ့ အခမ်းနားမြင်ကွင်းပုံများ
- ထိုင်းမှ သက်တမ်း အရင့်ဆုံး ဟွာဆင် ဟန်းရွှေဆိုင် လာဖ...
- ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြ...
- ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေ့ကိုပိ...
- မြောက် ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေ...
- ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့်...
- မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ
- လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြ...
- Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ...
- (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လွှတ်တော်ကိ...
- မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ ကြီးသည့်ကာလ၌ မြေသ...
- လှေစီးပြေးဒုက္ခသည် Australia မှာ လက်ခံတော့မည်မဟုတ်
- အာဇာနည်နေ့ နယ်မြို့တွေမှာ ကျင်းပ
- အာဇာနည်နေ့ ရန်ကုန်မှာ ထူးထူးခြားခြားဂုဏ်ပြု
- Sexy အနမ်းပါဝင်သည့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရ...
- သမီးရည်းစား ချိန်းတွေ့ရာမှ အလိုမတူပြုကျင့်မှုဖြစ်ပွား
- အခွင့်အလမ်းတွေ ကုန်ဆုံး အဆုံးသတ်ရတော့မည့် Nld
- ဒေါ်စု သမ္မတလုပ်မည်ဟု အာဏာရူးကာ ကြုံးဝါးနေချိန် ၂၀၁၅...
- ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးရွှေမန်း ပူးတွဲသတင်းစာရှ...
- ပြင်သစ်ရောက်သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှပ်နှံရေး ...
- မာဖီးယားဂိုဏ်းချုပ် နေဆန်းညီနောင်တို့ ကတိဖောက်ဖျက်...
- "ဆရာတော် ဦးဝီရသူနှင့် စကားစစ်ထိုးလိုသည်ဟု ပြည်ပရော...
- တေးသံရှင် ဆိုတေး နိုင်ငံခြား သွားရောက် ဆေးကုသရန် မ...
- ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ဟောင်း တစ်ဦး...
- ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရန် ဂျပန် ကူညီမည်
- နောက်ကြောင်းပြန် လှည့်ရန်နောက်ကွယ်မှ ကြိုးကိုင်နေသ...
- " အိမ်အပြန်"
- သစ္စာရှိသော သခင်
- ဆော်ဒီက ရိုဟင်ဂျာ များအရေး
- ဗိုလ်ချုပ်က ကုလားကို ကုလားလို့ ခေါ်ခဲ့တယ်
- ကွန်စတင်တီနီုပလ် အဖြစ်မျိုး မကြာခင်ကြုံလာရတော့မယ့်...
- ဗိုလ်ချုပ်နှင့်ဒေါ်စု အပေါ် ကျွန်တော့် အမြင်
- ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျောက်မျက် ရတနြာ...
- မန္တလေးမြို့တွင် ကျောက်စိမ်းအချောနည် လုပ်ငန်းများ လ...
- ဗေဒါလမ်း (၂) – မယ့်လမ်းပါတဲ့
- ဘုရားရှင်မှ ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ
- ၁၉-၇-၂၀၁၃ ၆၆ကြိမ်မြောက် ၁၉ဇူလှိုင် အာဇာနည်နေ့ အမှတ်...
- ဧပြီမှ ဇူလိုင် လဆန်းပိုင်း အထိ ပဲမျိုးစုံ တင်ပို့မ...
- ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ များတွင် ဒေါ်အောင်ဆန်း ...
- ကွန်ဒိုမီနီယံ ဥပဒေ ပြင်ဆင်ရေး ဆွဲရေး အပြီး မသတ်နို...
- ဖေ့ဘွတ် အကောင့်များ အဟက် ခံထားရပြီး ရေးသား ခံနေရသေ...
- " သမိုင်း တွင်ခဲ့ သည့် အာဇာ နည် ခေါင်းဆောင်ကြီး မျ...
- အာဇာ နည်နေ့ မှာ ရင်သိမ့် သိမ့်တုန်အောင် ၀မ်းနည်းခြ...
- မန်းကျုံး တွင် လူသေ အလောင်းတွေ့ပြန်
- ရွန်နီ အတွက် ကမ်းလှမ်းခဲ့ ပါတယ်----ချဲလ်ဆီး အသင်း ...
- ပေါ်စခိုးလ် နဲ့ တွဲဖက် ကစား ဖို့ အခွင့် အရေး
- သမ္မတကြီး ဦးသိန်းစိန် နှင့် ဟာဂျီ ဒေါ်စုတို့အပေါ် မြ...
- အသုံးချခံ မြေယာပြဿနာ
- ရေနွေးပူလောင်းခံရသည့် ကရင်မိန်းကလေး ခွဲစိတ်မှုအောင်...
- အမျိုးစောင့် ဥပဒေသာရှိခဲ့လျှင်
- သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ မေးမြန်းခန်း ၂
- စစ်တွေ ဘောဒူဘ ကုလားဒုက္ခသည်စခန်းတွင် ကုလားဒုက္ခသည်ဆိ...
- “လူနည်းစုတဲ့လား”
- မြန်မာနိုင်ငံ၏ လူမျိုးစုသမိုင်းတွင် ရိုဟင်ဂျာလုံးဝ...
- လေးစားရပါသော လူထုခေါင်းဆောင် ဒေါ်စုကြည် ခင်ဗျား
- မိတ္တီလာ အရေးပေါ်အခြေအနေ ဇူလိုင် ၂၀ တွင် ရုပ်သိမ်းမည်
- ၂၀၁၅ မှာ မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှု ပပျောက...
- စနိုးဒင်ကို နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွ...
- ဆိုတေး၏ အလုံးစုံ ကိစ္စအားလုံး ဆိုတေး အဖေ ဖြစ်သူရဲ့ ...
- အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဂါရဝ အစီအစဉ်မ...
- အီဂျစ်လိုဖြစ်လာနိုင်သလား
- နှစ်လနာရီ ခါရာသီရွေ့ပေမယ့် ....
- အာဇာနည်နေ့ ဥသြသံ ရယူသူ ၈၀၀ ကျော်ရှိပြီ ဟုဆို
- ခရစ္စမတ်ကျွန်းနား လှေမှောက် ခိုလှုံခွင့်တောင်းလိုသူ...
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...