သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 18, 2013

အသုံးချခံ မြေယာပြဿနာ


ရွှေဥဒေါင်း၏ သွေးစုပ်မြေဆိုသော ဘာသာပြန်ဝတ္ထုစာအုပ်ကို တစိမ့်စိမ့်ဖတ်၍ ကိုယ့်နိုင်ငံ ၏ ရေမြေ တောတောင်သဘာဝကို မြတ်နိုးလာစေခဲ့ပါသည်။ ဟိုရှေးယခင် ဘိုးဘွားလက်ထက် ကတည်းက ကျွန်တော် တို့ အမိမြန်မာနိုင်ငံသားများသည် အင်္ဂလိပ်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှုများကြောင့် ကျွန်ဘ ၀ရောက်ကာ ထားလိုရာနေ စေလိုရာသွားခဲ့ရပါသည်။

    ဤကဲ့သို့ ဘ၀ဆိုးထဲမှလွတ်မြောက်အောင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် “ကမ္ဘာမှာ မြန်မာဟေ့” ဟုဝင့်ကြွားနိုင်အောင် နယ်ချဲ့လက်ပါးစေများအား တွန်းလှန်မျိုးဖြုတ်ခဲ့သော သူရဲကောင်းများအား အထူးပင် လေးစားကြည်ညိုမိပါသည်။ ကိုယ့်မြေကို တစ်လက်မမှ ကျူးကျော်မခံလို၊ သူတစ်ပါးအားလည်း မကျူးကျော် ခဲ့ပါ။

    အဲဒီလို ငြိမ်းချမ်းရေးပန်းခင်းတွေနဲ့ ဝေဆာနေတဲ့ မြန်မာနိုင်ငံကြီးမှာလည်း တိုင်းရင်းသားညီအစ် ကို မောင်နှမတွေက သွေးစည်းစွာနေထိုင်နေကြတာဟာဆိုရင်ဖြင့် သွေးစည်းညီညွတ်စွာနေထိုင်ခြင်းရဲ့ စည်းလုံးမှုသရုပ်ပါပဲ။
    ၈-၈-၁၉၈၈ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ကျောင်း သားသပိတ်ဟာ ပြည် တွင်းဆူပူသောင်းကျန်းမှု ဖြစ်အောင် မီးစာတိုက်ပေးခဲ့တာပါပဲ။ ထို့ကြောင့် တပ်မတော်အစိုးရအနေနဲ့ အုပ်ချုပ်မှုအာဏာကို သိမ်းယူ လိုက်ပြီး ပြည်တွင်းဆူပူမှုကို ထိန်းနိုင်ခဲ့ပါတယ်။ ဆူပူသောင်းကျန်းမှုတွေကို ထိန်းချုပ်ပြီး အေးချမ်းစွာဖြင့် အုပ်ချုပ်နိုင်ခဲ့တယ်။

    ၂၀၁၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီး၌ အစိုးရသစ်အား အာဏာ လွှဲပြောင်းပေးပြီး နောက်ပိုင်း၌ ၈၈ မျိုးဆက်သစ်တို့ပါမကျန် နှစ်ရှည်ထောင်အကျဉ်းသားဘ၀မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါ တယ်။ သို့ပေမယ့်လည်း ဆူပူမှုများကို ဆက်လက်ဖန်တီးပြီး ပြည်သူများကို အမျိုးမျိုးသိမ်းသွင်းခဲ့ပါတယ်။ အမျိုးမျိုး၊ အဖုံဖုံနှင့် လောကဇာတ်ခုံပေါ်မှ ပြဿနာပေါင်းစုံနှင့် အပြစ်မြင်ကာ အမျိုးမျိုးသောနည်းလမ်းတွေ ကို အသုံးပြု၍ လူထုကိုသက်သေလုပ်ကာ ပြဿနာများကို ရှုပ်ထွေးစေခဲ့ပါတယ်။
    ယခုလည်းပြဿနာကို ဖန်တီးနေသလိုဖြစ်နေပါသည်။ ယခုလတ်တလောဖြစ် ပွားနေသော မြေယာ ပြဿနာဖန်တီးမယ်၊ လူထုကိုစည်းရုံးပြီး ဆူပူသောင်းကျန်းမှုတွေကို ဖန်တီးမယ်။ မြို့ရွာအတွက် ပြည်သူ၊ ပြည်သားတွေကျူးကျော်မြေဟာ သူတို့အတွက်ငါးစာဖြစ် လာတယ်။ ပြည်သူ လူထုကို အယုံသွင်းပြီး “အမှောင်မိုက်တွင်းနက်နက်ကို မည်းသထက်နက်အရောင်ထက်ကို အရောင်တွေ ဆိုးပြီး ပစ်မှတ်အဖြစ် အသုံးပြုတော့မှာဖြစ်တယ်။”
    ကျွန်တော်ငယ်ငယ်က ဆရာတော်တစ်ပါးမိန့်ဖူးပါတယ်။ ကျွန်တော်တို့ရွာသူကြီးကိုပေါ့။ ငယ်စဉ်က တော့နားမလည်ခဲ့ဘူး။ “ဟဲ့သာခေါင်ရဲ့ ဟိုဟာလိုချင်လည်းလျှောက်လိုက်၊ ဒီဟာလိုချင်လည်းလျှောက်လိုက် နဲ့ မရရင် နင့်မှာက ဆရာတော်ဘုရား၊ ဆရာတော်ဘုရားနဲ့ နင့်အဖြစ်က ငယ်ငယ်ကနို့စို့ကလေး မုန့်ဖိုး တောင်းသလိုဖြစ်နေပြီဟ၊ ဒီအသက်အရွယ်လည်းရောက်နေပြီ ကလေးဆိုးကြီးလုပ်မနေနဲ့တော့၊ ကိုယ့် အသက်အရွယ်နဲ့ ဟိုဟာလိုချင်ရတာနဲ့၊ ဒီဟာဖြစ်ချင်ရတာနဲ့ မင်းမလဲ ဗျာများလိုက်တာဟယ်။ အသက် လည်း ၅၀ ကျော်နေပြီ။ တရားဘာဝနာလည်းလုပ်ပါဦးဟ” ဆိုပြီး မိန့်ခဲ့ဖူးပါတယ်။ အခုတော့ ဒီအဖြစ်နဲ့ လားလားတူနေပါတယ်။ ဟိုဟာလိုချင် လည်း ပြဿနာ တစ်ခုခုအကြောင်းပြ ပြည်သူကို အုံကြွအောင် လုပ်လိုက်၊ ဒီပြဿနာအကြောင်းပြ ဆူပူဆန္ဒပြလိုက်နဲ့ ဘုန်းကြီးပြောသလိုပဲ သာခေါင်ကြီးလို ကလေးဆိုး အဖြစ်မျိုးနဲ့ တူနေပါတယ်။

    ယခုအချိန်တွင် စည်းရုံးသိမ်းသွင်းမှုများက အတော်အထမြောက်တော့ နားမလည်သော ပြည်သူများ က အဘိုး၏ အဖေလက်ထက်က ပိုင်ခဲ့သည့်မြေများဖြစ်သည်ဟု ဆိုသူက ဆိုကြပါသည်။ အဖေ၏ အဘိုး လက်ထက်ကတည်းက နေထိုင်ကြသည့်အတွက် ၎င်းတို့ပိုင်ဆိုင်သည်ဟု ဆိုသူများက ဆိုကြသည်။ ၎င်းတို့ကို မြှောက်ပင့်သွေးထိုးသူများသည် ဥပဒေထက် ဆူပူမှုကို ဘယ်လိုဖန်တီးရသည်ဆိုသည်ကိုသာ ရှင်းပြသည်။ ရက်ရှည်ကြာလာနှင့်အမျှ ကျူးကျော်အိမ် ၂၀ မှ ၂၀၀ ဖြစ်လာသည်။ ပြဿနာမှရှင်းမရတော့။
    ထိုဖြစ်ရပ်နှင့် ပတ်သက်၍ ရှေ့နေနှင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးမြတ်သူကျော်က မြေယာကိစ္စ ဆိုတာ ဘယ်နိုင်ငံ၊ ဘယ်ခေတ်မှာမဆို နိုင်ငံရေးသမားတွေအသုံးချတဲ့ပြဿနာပဲ။ ခင်ဗျားတို့နေတဲ့မြေကို ခင်ဗျားတို့ရစေရမယ်လို့ပြော အားလုံးလက်ခံမှာပဲ။ ဒီတော့ သူတို့နဲ့နီးစပ်သူတွေ သူတို့အကြောင်း   ကောင်းကောင်းသိပြီး လုပ်စားတတ်သူတွေက အခွင့်အရေးယူလာတတ်တဲ့အခါမှာ ပဋိပက္ခတွေဖြစ် လာတာ ပေါ့ဟု ရှင်းပြခဲ့သည်။ မြေယာပိုင်ဆိုင်မှုများအကြောင်းပြပြီး ဆူပူမှုဖြစ်စေလိုသူများသည် လယ်ယာမြေ၊ ကျူးကျော်မြေများမှတစ်ဆင့် ယခုအခါ စက်မှုဇုန်မြေများအထိ နယ်ပယ်ချဲ့ထွင်လာသည်။ စက်မှုဇုန် မြေနေရာဝယ်ထားသူများ၏ မြေကွက်များအတွင်း လူများအိမ်ဆောက်ခြင်း၊ လာရောက်ကျူးကျော် နေထိုင်ခြင်းများရှိလာသည်။ ဖယ်ခိုင်းပါက တရားဥပဒေအတိုင်းရင်ဆိုင်မည်။ မဟုတ်ပါက လျော်ကြေးပေးဟု တောင်းဆိုလာကြသည်။

ကျွန်တော့်အကွက်ထဲမှာ လူတွေနေနေကြတယ်ဆိုတာ သူများပြောမှသိလိုက်ရတယ်။ သွားကြည့် တော့ ထရံကာ၊ ဓနိမိုးအိမ်က ၃ လုံး ဘာလို့နေကြတာလဲ၊ ဖယ်ပေးပါဆိုတော့ ဒါဟာသူတို့မြေ၊ ဖယ်စေချင်ရင် ၁၅ သိန်းလျော်ကြေးပေး၊ မဟုတ်ရင် တရားဥပဒေအရရှင်းမယ်ဆိုပြီးပြောတယ်။ အိမ်ကို ကြည့်လိုက်တော့ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ တံဆိပ်ကပ်ထားတယ်။ စက်မှုဇုန်များတွင် မြေကွက်ဝယ်ယူ ထားသူများအနေဖြင့် ၎င်းတို့ဝယ်ယူထားသော မြေကွက်များအတွင်း အစောင့်များချထားရသည်အထိ အခြေအနေဆိုးရွားလျက်ရှိသည်ဟု သိရသည်။ မြေယာပိုင်ဆိုင်မှုပြဿနာများကို အရပ်သားလုပ်ငန်းရှင် ပြည်သူများသာမက တပ်မတော်နှင့် အခြားငြိမ်းချမ်းရေးအဖွဲ့များပင် ရင်ဆိုင်ရလျက်ရှိသည်။ တပ်ကို ဒီမှာ စဖွင့်တုန်းက နေရာအတော်များများက ခြုံတွေ၊ တောင်တွေဖုံးနေတော့ ဒေသခံအလုပ်သမားတွေငှားပြီး စိုက်ပျိုးမြေဖြစ်အောင် လုပ်ခဲ့တယ်။ အခုတော့ အရင်တုန်းက ငှားရမ်းခနဲ့ အလုပ်လုပ်တဲ့သူတွေက ပိုင်ဆိုင်သူဆိုပြီး ပြောလာတယ်။ သူတို့နဲ့အတူ ဒီမြေတွေမှာလာပြီး အခြေချတဲ့သူတွေလည်း သူတို့ ပိုင်ပါတယ်ဆိုပြီး လုပ်လာတယ်။ ရှင်းမယ်ဆိုတော့ နိုင်ငံရေးပါတီအဖွဲ့အစည်းက လူတွေကိုခေါ်လာတယ် ဟု ခြေလျင်တပ်ရင်းတစ်ခုမှ တပ်ရေးဗိုလ်ကြီးက အခြေအနေကို ရှင်းပြခဲ့သည်။

    ကာကွယ်ရေးဝန်ကြီးအနေဖြင့် တပ်မတော်မှသိမ်းဆည်းထားသည့်မြေယာများတွင် မလိုအပ်ဘဲ သိမ်းထားသည့်မြေယာများရှိပါက တိုင်ကြားနိုင်ပြီး တိုင်ကြားမှုကို သုံးသပ်၍ ပြန်လည်ပေးအပ်သွားရန် ညွှန်ကြားထားသည်။ တိုင်ကြားလာသည့်အမှုများမှလည်း စိစိစစ်စစ်လုပ်ဖြေရှင်းပြီး အခြေအနေများကို မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ပေးလျက်ရှိသည်။ သို့သော် ထိုအခြေအနေများသည် နိုင်ငံရေး သမားများ၏ နိုင်ငံရေးလှည့်ကွက်တွင် ကွယ်ပျောက်လျက်ရှိသည်။

    မြေယာပိုင်ဆိုင်မှုကြောင့် ကမ္ဘာတွင်စစ်ပွဲများဖြစ်ပွားရသည်။ အငြင်းပွားမှုဖြင့် ပြည်တွင်း အဓိကရုဏ်း များ နိုင်ငံတကာတွင် ဖြစ်ပွားနေသည့် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်သူများ၏ပစ်မှတ်မှာ မြေယာကို အကြောင်းပြ၍ အစိုးရ၊ တပ်မတော်အပါအ၀င် အဖွဲ့အစည်းအားလုံးနှင့် ထိပ်တိုက်ရင်ဆိုင်မှု များ ဖြစ်ပွား နေပြီး အကြီးမားဆုံး အဓိကရုဏ်းကြီးတစ်ခု နိုင်ငံအနှံ့ဖြစ်ပေါ်စေ ရန် ဖြစ်လာသည်။

    ယခုတော့ စက်မှုဇုန်များ၊ ပိုင်ဆိုင်သည့်မြေယာများတွင် မြေစောင့်တဲများ၊ မြေစောင့်ကင်းများဖြင့် လှုပ်ရှားလျက်ရှိပြီး မြေပိုင်ရှင်အစစ်အမှန်များ၊ နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများ၊ ကျူးကျော်သူများဖြင့်   ခေတ်သစ်စစ်ပွဲတစ်ခုအလား ဖြစ်လို့နေတော့သည်။
    ဆက်လက်၍ပြည်သူများအား နိုင်ငံရေးသမားဟူသော ဝေါဟာရနှင့် တပ်မတော်သားဟူသော ဝေါဟာရ၏ အဓိပ္ပာယ်ကို အကျယ်ဖွင့်ပြရဦးမည်။
    နိုင်ငံရေးသမားဟူသည် မိမိသိသောပညာ၊ အတတ်တို့ဖြင့် မိမိ၏ ကောင်းကျိုးကိုသော် လည်းကောင်း၊ တိုင်းပြည်၏အကျိုးကိုသော်လည်းကောင်း ကောင်းသထက်ကောင်းမွန်အောင် ပြုနေသူများ ဖြစ်ပါသည်။ ကိုယ်ကျိုးရော၊ တိုင်းပြည်ကျိုးရောပါ ထမ်းဆောင်နေသူများဖြစ်ပါသည်။ အခြေခံဥပဒေများကို ပူးပေါင်းညှိနှိုင်းရေးဆွဲကာ ပြည်သူများ၏ အလိုဆန္ဒနှင့် ထပ်တူပြု မဲဆန္ဒခံယူကာ တိုင်းပြည်အကျိုးကို သယ်ပိုးသူများဖြစ်ပါသည်။ သို့သော် ဤသို့ပြုလုပ်ရာ၌ မိမိ၏ရလဒ်ပေါ်မူတည်၍ အခွင့်အာဏာကို အသုံးပြု ကာ လမ်းကြောင်းမမှားရန် လိုအပ်ပေသည်။

    တပ်မတော်သားဟူသည်မှာ မိမိအကျိုးကိုရော၊ တိုင်းပြည်အကျိုးကိုပါမကျန် မည်သူတစ်ဦး တစ်ယောက်ကိုမှ မငဲ့ကွက်၊ မိမိအသက်ကိုပင် ပဓာနမထားဘဲ အသက်ကိုစွန့်ကာ တိုင်းပြည်ကို ကာကွယ် နေသူပင်ဖြစ်သည်။ အတ္တကို မဖက်တော့ဘဲ မည်သူတွေမည်သို့ဖြစ်နေစေကာမူ “တစ်ခဏစွန့်သူ များ မဟုတ်ဘဲ၊ အမြဲနိယာမ စွန့်လွှတ်စွန့်စားနေသူများ” ဖြစ်ပါသည်။

    အနှစ်ချုပ်ဆိုရသော် မြေယာကိစ္စများကို ပြန်ကြည့်မည်ဆိုရင် မိဘက သားသမီးကို မုန့်ဖိုးပေးပြီးမှ ပြန်တောင်းသလို ဖြစ်ရပ်နှင့် အလားသဏ္ဍာန်တူနေတော့ပေ မည်။ နိုင်ငံမြေကွက်ဧရိ ယာအနည်းငယ် မဆိုထားဘိ တိုင်းပြည်တစ်ခုလုံးကိုပါ ကာကွယ်စောင့်ရှောက်နေ သူအဖို့ ထပ်မံပြောစရာ ပင် လိုတော့မည် မဟုတ်ကြောင်း ပြည်သူ  ၊ ပြည်သားများသိမြင်စေ ရန် ရေးသားလိုက်ရပါသည်။

From: ဧရာဝတီ(အင်းမ)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D