သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 17, 2013

မြန်မာပြည်ကပို့လိုက်တဲ့ ပတ္တမြား ၂၄ လုံးတပ် စာတစောင်

အလောင်းမင်းတရားက အင်္ဂလိပ်ဘုရင် King George II ကို ပေးပို့ခဲ့တယ် ဆိုတဲ့  ရွှေပေလွှာတစောင်ဟာ ဂျာမဏီနိုင်ငံက နယ်ဘက် စာကြည့်တိုက်တခုမှာ ရောက်နေပါတယ်။

ရွှေသားအတိပြီးတယ်ဆိုတဲ့ ဒီစာမှာ ပတ္တမြား ၂၄ လုံးကိုလည်း လှလှပပ တန်ဆာဆင်ထားတာပါ။

 
ဆင်စွယ်ဘူးနဲ့ ထည့်ပို့လိုက်တဲ့စာ (ဓာတ်ပုံများ - NDR/ဂျာမန်ရေဒီယိုဝက်ဆိုက်)

ဒီစာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ဝန်းကျင်မှာ ပေးပို့လိုက်တဲ့စာပါ။

 အင်္ဂလိပ်ဘုရင်လက်ထဲကို ရောက်ဖို့ ၂ နှစ်လောက် ကြာတယ်လို့ ဆိုပါတယ်။  အင်္ဂလိပ်ဘုရင်က သူ့ဇာတိမြေမှာ ရှိတဲ့ စာကြည့်တိုက်ကို ပို့လိုက်တယ်လို့ ဆိုပါတယ်။

စာနဲ့ ပတ်သက်တဲ့ အခမ်းအနားတခု မကြာသေးခင်က ပြည်ပမှာ ပြုလုပ်ခဲ့ပုံကို http://www.youtube.com/watch?v=Cd3gekCyZz8 မှာ ကြည့်နိုင်ပါတယ်။
စာကိုသိမ်းထားတဲ့ စာကြည့်တိုက်မှာ ပြုလုပ်ခဲ့ပုံပါပဲ။

ဒီရှေးဟောင်းပစ္စည်းက အခုတော့ မြန်မာပြည် ရောက်လာဖွယ် ရှိနေပါပြီ။
ဒီအကြောင်း မနေ့က ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ဂျာမနီ နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။
ရွှေပေလွှာသိမ်းထားတဲ့ စာကြည့်တိုက်က သဘောတူမယ်၊ စာကြည့်တိုက်ရှိတဲ့ပြည်နယ်ရဲ့ အစိုးရက သဘောတူမယ် ဆိုရင် ဒီစာက မြန်မာပြည် ပြန်ရောက်လာမှာပါ။

အလောင်းမင်းတရားရဲ့သ၀ဏ်လွှာကို ဆင်စွယ်နဲ့လုပ်ထားတဲ့ ဗူးနဲ့ ထည့်ပေးလိုက်တာပါ။
အင်တာနက်မှာ စုံစမ်း ဖတ်ရှုကြည့်တော့ Christian VII  လို့ အမည်ရတဲ့ ဒိန်းမတ်ဘုရင်တပါးက လက်ကမြင်းလိုက်တာကြောင့် သ၀ဏ်လွှာက ကြေသွားခဲ့တယ်လို့ ဆိုတယ်။ ဖတ်ရခက်သွားတာပေါ့လေ။သ၀ဏ်လွှာမှာ အလောင်းမင်းတရား ရေးထားတာကတော့ လက်နက် အကူအညီ ရရှိရေး နဲ့ ကုန်သွယ်မှုကိစ္စတွေဖြစ်ကြောင်း သိရပါတယ်။

အင်္ဂလိပ်ဘုရင်က ဒီစာကို သဘောမပေါက်၊ သူ့ဆီရောက်သွားတာလည်း နောက်ကျသွားတယ် ဆိုတော့ ဒီစာကို အကြောင်းပြန်ဖို့၊ အလောင်းမင်းတရားဆီကို စာပြန်ဖို့ အစီအစဉ် ရှိခဲ့ပုံ မရဘူးလို့ ယူဆရပါတယ်။


စာပေးပို့သူ မြန်မာဘုရင်  အလောင်းဘုရား


အင်္ဂလိပ်ဘုရင်။ သူက စာလက်ခံရပေမယ့် ဘာတွေရေးထားမှန်း သိမသွားဘူးလို့ ယူဆရပါတယ်။

 တန်ဘိုးကြီး ပေးစာ။

 နှစ်ပေါင်း ၂ဝဝ ကျော် အကြာမှာ ဒီစာကို ပြန်လေ့လာကြပါပြီ။


 စာရတနာ


    * ဧရာဝတီ Facebook

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D