၁၉၇၁ ခုနှစ်က ပါကစ္စတန်ထံမှ လွတ်လပ်ရေး တိုက်ပွဲ ကာလအတွင်း စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သော ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ ခေါင်းဆောင် တစ်ဦးကို သေဒဏ် ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြ ထားသည်။ ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ္မစ်ပါတီ ဖြစ်သော Jamaat-e-Islami ပါတီ ခေါင်းဆောင် အလီအာရှန် မိုဟာမက် မူဂျာဟစ်ကို ၁၉၇၁ ဘင်္ဂလားဒေ့ရှ် စစ်ပွဲကာလအတွင်း လူအစုလိုက် အပြုံလိုက် သတ်မှု၊ ညှဉ်းပန်း နှိပ်စက်ခဲ့မှု စသော ပြစ်မှုများဖြင့် သေဒဏ် ပြစ်ဒဏ် ချမှတ် ခဲ့ခြင်းဖြစ်သည်။၎င်းသည် ပါကစ္စတန်နိုင်ငံမှ လွတ်လပ်ရေးယူမည့် ကိစ္စကို ထောက်ခံ သည့် ခေါင်းဆောင်များ၊ ပညာတတ်များကို သတ်ဖြတ်ခဲ့သော စစ်သွေးကြွ အဖွဲ့များကို ဦးဆောင်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အစိုးရ ရှေ့နေများ က ပြောကြားသည်။
ပြီးခဲ့သည့် တနင်္လာနေ့ကလည်း ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ တစ်ခုဖြစ်သော Jammat-e-Islami ပါတီ၏ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဂူလန် အာဇန်ကိုလည်း ယင်း စစ်ပွဲ ကာလအတွင် လူသားမျိုးနွယ် အပေါ် ပြစ်မှု ကျူးလွန်မှုဖြင့် ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့သည်။ ဂူလန်အာဇန်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ ပြစ်မှု ခုံရုံးက ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းကို ထောက်ခံသူများက အင်္ဂါနေ့တွင် ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုကြောင့် အနည်းဆုံး လူ နှစ်ဦး သေဆုံးခဲ့သည်။
From:ရိုးရာလေး


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...