သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 19, 2013

ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ

Photo: ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့် 
အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းမိ
Friday, July 19, 2013

မုံရွာမြို့မှ ကလေး-တမူးသို့ ပြေးဆွဲနေသော ရွှေမြန်မာ လူစီးမှန်လုံယာဉ်ပေါ် 
တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယ ကုန်ပစ္စည်းများ အကောက်ခွန်မဲ့ 
သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးမိ ခဲ့ကြောင်း 
မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ကားပေါ်မှာ ကျွန်းသစ်ခွဲသားတွေ ပါတဲ့အတွက် ဖမ်းဆီးလိုက်တာပါ။ 
အိန္ဒိယနိုင်ငံက ထုတ်တဲ့မုန့်မျိုးစုံနဲ့ အနံ့ဆီလို့ဆိုရမယ့် 
ပုလင်းတွေကိုလည်း အကောက်ခွန်မဲ့ တင်လာတဲ့အတွက် အကောက်ခွန် အရာရှိတွေ ကို 
ခေါ်ပြီး စစ်ဆေးနေပါတယ်” ဟု ဖမ်းဆီးရမိသည့် ပစ္စည်းများစစ်ဆေးသည့် မုံရွာမှ 
အမြင့်သို့ သွားသည့် လမ်းဘီးခွန်ဂိတ်တွင် ရောက်ရှိနေသော ရဲအရာရှိ တစ်ဦး က 
ပြောကြားသည်။

ကလေးဝဘက်မှ တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသား တစ်တန်ကျော်ခန့် ကို 
ရှာဖွေတွေ့ရှိခဲ့ပြီး အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်း
 များ ဖြစ်သည့် ဘီစကစ်၊ ချိုချဉ်များနှင့် အနံ့ဆီပုလင်း များကို 
သိမ်းဆည်းရမိခဲ့ကြောင်း မုံရွာမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးမှ 
တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုမိတဲ့ပစ္စည်းတွေ အားလုံးက တရားဝင် အခွန်ဆောင်ပြီး တင်သွင်း လာတာ မဟုတ် 
ပါဘူး။ တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ ပစ္စည်းတွေပါ” ဟု 
အကောက်ခွန်အရာရှိက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွင်းကုန်ထုတ်ကုန် တရားဝင် ခွင့်ပြုထားသည့် 
ပစ္စည်းဦးရေမှာ ၃၁၈ မျိုးထိရှိပြီး ယင်းစာရင်းတွင် မပါဝင်ဘဲ တင်သွင်းလာသည့်
 ကုန်ပစ္စည်းများကို ရှောင်တခင်စစ် ဆေး၍ လိုအပ်သလို အရေးယူမှုများ 
ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တမူးမြို့တွင် စစ်ဆေးမှုများ စတင်နေပြီဖြစ်ပြီး
 ကလေးမြို့နှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့ကြီးများ ဖြစ်သော မုံရွာ၊ 
ကသာ၊ ရွှေဘိုနှင့် စစ်ကိုင်းမြို့များ တွင်လည်း တရားမဝင် ကုန်စည်တားဆီးရေး 
အဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း 
စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မေလအတွင်းတွင် 
ပြောကြားခဲ့ဖူးပြီး တရားမဝင် ကုန်စည်များမှာ ယခုအခါ မုံရွာမြို့တွင် 
ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။

The Voice Weeklyမုံရွာမြို့မှ ကလေး-တမူးသို့ပြေးဆွဲနေသော ရွှေမြန်မာလူစီးမှန်လုံယာဉ်ပေါ်တွင် ကျွန်းသစ်ခွဲသားများနှင့် အိန္ဒိယကုန်ပစ္စည်းများ အကောက်ခွန်မဲ့သယ်ဆောင်လာမှုကို ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီး မိခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ကားပေါ်မှာ ကျွန်းသစ်ခွဲသားတွေ ပါတဲ့အတွက် ဖမ်းဆီးလိုက်တာပါ။ အိန္ဒိယနိုင်ငံက ထုတ်တဲ့မုန့်မျိုးစုံနဲ့ အနံ့ဆီလို့ဆိုရမယ့် ပုလင်းတွေကိုလည်း အကောက်ခွန်မဲ့
တင်လာတဲ့အတွက် အကောက်ခွန် အရာရှိတွေ ကို ခေါ်ပြီးစစ်ဆေးနေပါတယ်” ဟု ဖမ်းဆီးရမိသည့် ပစ္စည်းများစစ်ဆေးသည့် မုံရွာမှ အမြင့်သို့သွားသည့် လမ်းဘီးခွန်ဂိတ်တွင် ရောက်ရှိနေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ကလေးဝဘက်မှ တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသားတစ်တန်ကျော်ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အိန္ဒိယနိုင်ငံထုတ် အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်းများ ဖြစ်သည့် ဘီစကစ်၊ ချိုချဉ်များနှင့် အနံ့ဆီပုလင်းများကို သိမ်းဆည်းရမိခဲ့ကြောင်း မုံရွာမြို့နယ် အကောက်ခွန်ဦးစီးဌာနရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

“အခုမိတဲ့ပစ္စည်းတွေ အားလုံးက တရားဝင် အခွန်ဆောင်ပြီး တင်သွင်းလာတာမဟုတ်ပါဘူး။ တရားမဝင် လမ်းကြောင်းကနေ ဝင်လာတဲ့ ပစ္စည်းတွေပါ” ဟု အကောက်ခွန်အရာရှိက ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သွင်းကုန်ထုတ်ကုန် တရားဝင် ခွင့်ပြုထားသည့် ပစ္စည်းဦးရေမှာ ၃၁၈ မျိုးထိရှိပြီး ယင်းစာရင်းတွင် မပါဝင်ဘဲ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို ရှောင်တခင်စစ် ဆေး၍ လိုအပ်သလို အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ တမူးမြို့တွင် စစ်ဆေးမှုများစတင်နေပြီဖြစ် ပြီး ကလေးမြို့နှင့် တိုင်းဒေသကြီးအတွင်း အခြားမြို့ကြီးများဖြစ်သော မုံရွာ၊ ကသာ၊ ရွှေဘိုနှင့် စစ်ကိုင်း မြို့များတွင်လည်း တရားမဝင် ကုန်စည်တားဆီးရေး အဖွဲ့များဖွဲ့စည်းပြီး စစ်ဆေးမှုများပြုလုပ် သွား မည် ဖြစ်ကြောင်း စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက မေလအတွင်း တွင် ပြောကြားခဲ့ ဖူးပြီး တရားမဝင် ကုန်စည်များမှာ ယခုအခါ မုံရွာမြို့တွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D