သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 19, 2013

မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ

19.7.2013-ll1မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်တွင် (၆၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ပတ် သက်သော ကိုယ်ရေး အတ္ထုပတ္တိများ ဟောပြောခြင်း၊ သီချင်းဆိုပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ကျင်းပ ခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် အာဇာနည်နေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ကံတက် ကုန်း ကျောင်း မှ ကျောင်းသား များက အာဇာနည် ခေါင်းဆောင်ကိုးဦးတို့၏ ပုံများ၊ လွမ်းသူပန်းခွေများကို ကိုင်ဆောင်ကာ ကျောင်း ပတ်လည် တစ်မိုင်ခွဲ ဝန်းကျင်သို့ လှည့်လည်လမ်းလျှောက်ခဲ့ကြသည်။

ယင်းနောက် အခမ်းအနားကို (၉)နာရီ အချိန်တွင် ကျောင်းတိုက်၏ ပဒန္ဒနာယက ဆရာတော် ဘဒ္ဒန္တ တေဏောဘာသက အဖွင့်သြဝါဒ မိန့်ကြားခဲ့ပြီး ဆရာညီစေမင်း၊ ဆရာဦးသိန်းတန်၊ ဆရာ ဦးရွှေထူးနှင့် ကိုထက်(ရေဦး)တို့မှ အာဇာနည်နေ့ အောက်မေ့ဖွယ်များ၊ ကဗျာများကို ရွတ်ဆို ဟောပြော၍ သဝဏ်လွှာများကို ဖတ်ကြားခဲ့သည်။ ၁၀နာရီ ၃၇မိနစ်တွင် ဥသြဆွဲ၍ အလေးပြုခဲ့ ကြသည်။

ယင်းအခမ်းအနားသို့ မြင့်မြတ်ဧရာဝတီ လူမှုကွန်ယက်၊ သုခရိပ်မြုံလူငယ် ဖွံဖြိုးရေး ပရဟိတဂေဟာ၊ တက္ကသိုလ်ဆရာများသမဂ္ဂ(မဟာအောင်မြေ)၊ အမေ့ကျောင်းမိသားစု၊ ရှစ်လေးလုံးငွေရတု အခမ်းအနား ကျင်းပရေး ကော် မတီ(အထက်မြန်မာပြည်)၊ သစ်ပင်ပန်းမန်စိုက်ပျိုးသူများ အသင်းနှင့် မေတ္တာ ကြယ်စင် လူငယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြသည်။

လူလူ
မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D