သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 17, 2013

ခြေထောက်လေးချောင်းပါ ကလေးငယ်ကို ရန်ကင်းကလေး ဆေးရုံကြီး၌ စတင်ခွဲစိတ် 4legsbaby-july17

4legsbaby-july17
ဇူလိုင် ၁၆ ရက်က ရန်ကင်းကလေး ဆေးရုံကြီးတွင် ကလေးငယ်အား ခွဲစိတ်ကုသမှု ပြုလုပ်နေစဉ် (ဓာတ်ပုံ-ဧရာဝတီဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက်လေးချောင်းပါ သုံးလခွဲအရွယ် ကလေး
ငယ်ကို ဇူလိုင် ၁၆ ရက်က ရန်ကင်းကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရ သည်။

ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန်အတွက် နံနက် ၈ နာရီ ၀န်းကျင်မှစ၍ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် စတင်ခွဲစိတ် ကုသခဲ့ခြင်းဖြစ်ကြောင်းနှင့် ခွဲစိတ်ကုသမှုကို ဆေးတက္ကသိုလ် (၂)၊ အရိုးရောဂါ ပညာဌာနမှ ဌာနမှူးပါမောက္ခ ဒေါက်တာမြင့်သောင်း၊ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများဖြစ်သည့် ပါမောက္ခ ဒေါက်တာထူးဟန်နှင့် ပါမောက္ခ ဒေါက်တာအေးအေး၊ ရန်ကင်းနှင့် ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးအထူးကု ဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ် (၁)၊ (၂)မှ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ ပါဝင်သည့် ဆေးပညာအဖွဲ့များ ပူးပေါင်းခွဲ စိတ်ကုသခဲ့ခြင်းဖြစ်ကြောင်း ရန်ကင်းကလေး ဆေးရုံကြီး မှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်၏ ပြောကြားချက်အရ သိရသည်။
ခြေထောက်လေးချောင်းပါ ကလေးငယ်အား ခွဲစိတ်ကုသရာတွင် ပိုနေသည့်ခြေထောက် နှစ်ချောင်းကို အဓိက ဖယ်ထုတ်ခဲ့ခြင်းဖြစ်ပြီး ခွဲစိတ်ကုသပြီးနောက်ပိုင်း လမ်းလျှောက်နိုင်ရန်၊ ကျင်ကြီးကျင်ငယ် သွားနိုင်ရန် ခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။ 
ယင်းကလေးငယ်အား ခွဲစိတ်ကုသရန်အတွက် မေ ၁၂ ရက်က ရှမ်းပြည်နယ်မှ ရန်ကင်း ကလေး ဆေး ရုံ ကြီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ကျန်းမာရေး စစ်ဆေးမှု များ ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။ 
ထိုကလေးငယ်အား ခွဲစိတ်ရာတွင်လိုအပ်သည့် ခွဲစိတ်အထောက်အကူပြု စက်ကိရိယာ ပစ္စည်းများ၊ ကုန်ကျမည့် ကုန်ကျစရိတ်များ အားလုံးကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ယူ လုပ်ဆောင်ပေးခြင်းဖြစ်ပြီး ခွဲစိတ်မကုသမီ ကလေးငယ်နှင့် သူ၏မိသားစုအတွက် အထွေထွေ ကုန်ကျ စရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှပင် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
သုံးလခွဲအရွယ် ကလေးငယ်ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့တောင်ဘက် ၄၅ မိုင် အကွာရှိ ကျေး ရွာတစ်ရွာတွင် အဖဦးခွန်စံဒွေး၊ အမိဒေါ်နန်းနောင်းနောင့်တို့ မှ မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေး ချင်းလေး ဦးရှိကြောင်း သိရသည်။

From....EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D