ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျုံဒိုးမြို့၌ ဇူလိုင် ၁၉ ရက်တွင် ကျ ရောက်မည့် အာဇာနည်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ချုံနွယ်များဖြင့်ပိတ်ဖုံး ပျောက်ကွယ်နေသော အာဇာနည် ကျောက်တိုင် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦး၊ ဌာနဆိုင်ရာများ၊ ပါတီဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ချုံနွယ်များရှင်းလင်းခြင်း၊ ပြိုကျ ပျက်စီး သွားသော နေရာများ ကို ပြုပြင်ခြင်း၊ ဆေးသုတ်ခြင်းများကို ဇူလိုင် ၁၅ ရက် က အတူတကွ စုပေါင်း လုပ်ဆောင်ကြပြီး စေတနာရှင် မိဘပြည်သူများက အလှူငွေ များနှင့် လုပ်အားဒါနများ ပါဝင်လုပ်ဆောင် ကူညီလျက်ရှိကြောင်းသိရသည်။
မြ၀တီ


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...