သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 20, 2013

၂၀-၇-၂၀၁၃ စယ်လီဗစ်တီတွေရဲ့... ဖြစ်ရပ်မှန် ဇာတ်လမ်းကြီးကို မကြည့်ချင်ကြဘူးလားဟင်...

ဇာတ်လမ်းအကျဉ်းကတော့.....
ဇာတ်ကတော့ ဇာတ်ကြမ်းပဲဗျ။ ဇာတ်လမ်းအစမှာ မင်းသား ရဲတိုက်က ဘုရားရှိခိုးကျောင်း ရှေ့မှာ ကတ်ထူပြားကြီး ကိုင်ပြီးတော့ အင်္ဂလိပ်လို ဆန္ဒပြမယ်။ အဲဒီမှာ ဘုရားရှိခိုး ကျောင်းထဲက လူတစ်စု ထွက်လာပြီးတော့ ထိုးကြိတ်ကြမယ်။ မင်းသားက ဖိုက်တင်ခန်းတွေ လှလှပပ ကစားပြမယ်။ ဒါပေမယ့်


အများနဲ့ တစ်ယောက် ဆိုတော့ လမ်းကြားထဲ ထွက်အပြေးမှာ မင်းအုပ်စိုးနဲ့ ဆုံမယ်။ မင်းအုပ်စိုးက ဒုတ်ပြ ခဲပြနဲ့ ရဲတိုက်ကို ကယ်တင် လိုက်မယ်။ (လူရှိန်သွားအောင် မီးသတ်ကားမှန်ကို ခွဲပြမယ်)

အဲဒီမှာ ရဲတိုက်နဲ့ မင်းအုပ်စိုးက အရမ်းခင်တဲ့ မိတ်ဆွေတွေ ဖြစ်သွားမယ်။ မင်းအုပ်စိုးက ဒီကားမှာ ဒုစရိုက် ရာဇာဗျ။ မူးယစ်ရာဇာ ကြီးပေါ့။ မင်းအုပ်စိုးက ရဲတိုက်ရဲ့ လုပ်ရည် ကိုင်ရည်ကို သဘောကျ ပြီးတော့ ကျောက်တံခါး ဘက်ကို မူးယစ်ဆေးဝါး ကယ်ရီ လုပ်ခိုင်းမယ်။ သူနဲ့အတူ ဘုန်းလျှံ ကိုပါ အဖော် ထည့်ပေးလိုက်မယ်။ ရဲတိုက်က မမျှော်လင့်ဘဲ မေဇွန်နဲ့ ဆုံမယ်။ မေဇွန်က အိမ်ဖော်ကို သတ်ပြီးတော့ ထွက်ပြေးရင်း ၀ရမ်းပြေး ဖြစ်လာတာ။ သူတို့နှစ်ယောက် ကြိုက်သွားမယ်။

မင်းသားနဲ့ မင်းသမီး Love Scene လေးကို ဆူးလေ ဘုရားလမ်း ပေါ်မှာ ရိုက်မယ်။ သူတို့ နှစ်ယောက် အပြိုင် ကနေတုန်း ကုလားကား ထဲကလို နောက်ကနေ ယာဉ်ထိန်းရဲ တွေရော၊ ဈေးသည်တွေရော လိုက်ကမယ်။ ယာဉ်ထိန်းရဲ နေရာမှာ မင်းမင်းထွန်းကို သရုပ်ဆောင် ခိုင်းမယ်။ အဲဒီ အကကွက် တွေကို ဒါရိုက်တာ ဇော်ကိုကိုက ကြီးကြပ်မယ်။ နောက်ဆုံးမှာ မင်းမင်းထွန်းကို ရဲတွေ လာဖမ်းတဲ့ အကွက်နဲ့ တစ်ခန်းရပ်မယ်။

ရဲတိုက်နဲ့ မေဇွန်က မူးယစ်ဆေးဝါး ကယ်ရီလုပ်ဖို့ အသွား လမ်းမှာ ကားပျက်သွားလို့ ဖြတ်သွားတဲ့ ကားတစ်စီး လှမ်းတားမယ်။ ရပ်ပေးတာက ဆိုတေးတို့ စီးလာတဲ့ကား။ ဆိုတေးက တစ်လမ်းလုံး သူ့ကောင်မလေးနဲ့ စကားများ နေတယ်။ ကောင်မလေးက ဘန်ကောက်မှာ မယားကြီး ရှိရက်သားနဲ့ ဘာကြောင့် သူ့ကို လာကြူသလဲ ဆိုပြီး ပြဿနာ ရှာနေတာ။ ကြာလာတော့ ရဲတိုက်တို့ အတွဲလည်း နားငြီးလာတာနဲ့ ၁၁၅ မိုင်မှာ ဆင်းနေခဲ့ကြမယ်။

ဆိုတေးတို့ အတွဲက စကားများရင်းနဲ့ မိတ္တီလာ အရောက်မှာ လက်တွေ ခြေတွေ ပါလာပြီး ကားထဲမှာ ရုန်းရင်းဆန်ခတ် ဖြစ်မယ်။ ဒရိုင်ဘာလည်း စီယာတိုင် မထိန်းနိုင်ဘဲ လမ်းဘေးကို ကားထိုးကျ သွားမယ်။ အဲဒီမှာ ဆိုတေးရဲ့ ကောင်မလေး ပွဲချင်းပြီး ဆုံးမယ်။ ဆိုတေးက အလောင်းကို ဖက်ပြီး ငိုမယ်။ နောက်ခံ သီချင်းက "ငါ့ဘ၀ရဲ့ မီးအိမ်ရှင်" ဆိုပြီးတော့ Playback ဖွင့်ပေး ထားမယ်။

ရဲတိုက်နဲ့ မေဇွန်က တခြားကား စီးပြီး ခရီးဆက်ထွက် လာမယ်။ ရဲတိုက်က အမှတ်တမဲ့ မေဇွန်ရဲ့ ဖုန်းကို ယူကြည့်မယ်။ ဖုန်းထဲမှာ ရိုတရဲ့ ပဲမြစ်ကြော်ငြာ ပုံတွေ တွေ့မယ်။ အဲဒီမှာ ရိုတက မေဇွန်ရဲ့ တိတ်တိတ်ပုန်း လင်ဆိုပြီး စွပ်စွဲမယ်။ နှစ်ယောက်သား အထင်တွေ လွဲမယ်။ တစ်ယောက် တစ်လမ်းစီ လမ်းခွဲပြီး သွားမယ်။ ရဲတိုက်က ကျောက်တံခါး အရောက်မှာ ရိုတနဲ့ ဆုံမယ်။ သူနဲ့ မေဇွန် ဘာမှ မပတ်သတ်ကြောင်း ရှင်းပြလိုက်လို့ အဖြစ်မှန်ကို သိသွားမယ်။ မေဇွန်ကို ဖုန်းဆက်ပြီး လက်ဘက်ရည်ဆိုင် တစ်ဆိုင်မှာ ထိုင်စောင့်နေမယ်။

ဖြစ်ချင်တော့ ဒီဘက်မှာ ဘုန်းလျှံကို မူးယစ်ဆေးဝါး တွေနဲ့ လက်ပူးလက်ကြပ် ဖမ်းမိမယ်။ ဒီတော့ သူ့ကို စစ်မေးရင်း ရဲတိုက် ရောက်တဲ့နေရာကို သိသွားမယ်။ ချက်ချင်း နယ်မြေခံ ရဲစခန်း ဖုန်းဆက်ပြီး လူအင်အားနဲ့ ၀ိုင်းမယ်။ အဲဒီအချိန်မှာ မေဇွန်ကလည်း ရဲတိုက်ရှိတဲ့ ဆိုင်ထဲ ၀င်လာမယ်။ သူတို့နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ပြေးဖက်ကြ ချိန်မှာ ရဲတွေက လက်ထိပ် ၀င်ခတ်မယ်။ နှစ်ယောက်စလုံး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး မျက်ရည်တွေ ကျနေတဲ့ အခန်းနဲ့ ဇာတ်သိမ်းမယ်။

ကဲ .... ဘယ်လိုလဲ။ အချစ်၊ အလွမ်း၊ အကြမ်း ရသစုံ ပါဝင်တဲ့ ဇာတ်ကားကြီးကို မကြည့်ချင် ကြဘူးလား။

We Love True

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D