သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 20, 2013

ပြည်သူများအားကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်အားမရှိသေး သည့် NLD ပါတီကို ပြည်သူများအနေဖြင့် အင်အားပွားပေးကြရန် ဒေါ်အောင် ဆန်းစုကြည် မေတ္တာရပ်ခံ

ပြည်သူများကိုကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်အားမရှိသေးသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ပြည်သူများ အနေဖြင့် အင်အားပွားပေးကြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံခဲ့သည်။

ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ အနောက်ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည့်(၆၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အပြီးတွင် အဖွဲ့ချုပ်ရုံး အပြင်တွင် ရှိသည့် ပြည်သူတစ်ထောင်ကျော်အား ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ မော်တော်ယာဉ်ပေါ်မှ မိန့်ခွန်း ပြောကြားစဉ် ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်း ဖြစ်သည်။



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေဖြင့် ပြည်သူများ၏ဘ၀တိုးတက်မြင့်မားအောင်တတ်နိုင်သလောက် ဆောင်ရွက်နေကြောင်း၊ ပြည်သူများအား ထိရောက်သည့် ကူညီမှုများ လုပ်ပေးရန် ပါတီအနေဖြင့် သြဇာ အာဏာမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

''ကျွန်မတို့လည်း တတ်နိုင်သလောက်တော့ ပြည်သူတွေရဲ့ ဘ၀တိုးတက်အောင်လို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကျွန်မ ခဏခဏ ပြောတယ်။ ကျွန်မတို့ အဖွဲ့ချုပ်က အဓိက ကျွန်မတို့ရဲ့ အင်အားက စိတ်ဓာတ်နဲ့ ကြိုးစား မှုပဲ။ အခုဆိုလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်က ပြည်သူတွေ ဘက်ကနေ တတ်နိုင်သမျှ လုပ်ပေးပေမယ့် လုပ်ပေးနိုင်တဲ့ အခွင့်အလမ်းဟာ အားလုံးသိတဲ့အတိုင်း လုပ်ပေးနိုင်တဲ့ သြဇာအာဏာကတော့ ရှိတာ မဟုတ်ဘူး။ ကျွန်မတို့မှာ စိတ်ဓာတ်ရှိတယ်။ တတ်နိုင်သမျှ ကျွန်မတို့ လုပ်ပေးတယ်'' ဟု ပြောကြားသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပါတီအနေဖြင့် ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက်နှင့် ဥပရေးရာ ကွန်ရက် များမှ တစ်ဆင့် ပြည်သူများအား တတ်နိုင်သလောက် အကူအညီ ပေးမှုများသာ လုပ်ဆောင်နိုင်သေးပြီး ပြည်သူများအား ထိရောက်သည့် အကူအညီများပေးရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီအနေဖြင့် အင်အားမွေးရဦးမည် ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

''ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက်၊ ဥပဒေရေးရာ ကွန်ရက်စသဖြင့် ပြည်သူတွေကို ကူညီတယ်။ ထိရောက်ဖို့ဆိုတာက ကျွန်မတို့ အင်အားဟာ အဲဒီလောက်ထိ မများသေးဘူး။ ပြည်သူ့အတွက်အင်အားတွေ ကျွန်မတို့ ဆက်ပြီးတော့ မွေးရမယ်။ ပြည်သူတွေကလည်း ကျွန်မတို့နဲ့ အတူတူ အင်အားတွေ ပွားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအပြီး  ပြန်လည် ထွက်ခွာ လာသည့် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အဖွဲ့ချုပ်ရုံး ပြင်ပတွင် စောင့်ဆိုင်းနေသည့် ပြည်သူများက ''အမေစု ကျန်းမာပါစေ''၊ ''အမေစု သမ္မတဖြစ်ပါစေ'' ဟု ဆုတောင်းပေးမှုများ ပြုလုပ်ခဲ့ကြသည်။

ပြည်သူများအနေဖြင့် အာဇာနည်ခေါင်းဆောင်များအား ကျေးဇူးဆပ်ချင်သည်ဆိုပါက ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်အောင်၊နိုင်ငံအတွင်း၌ ပြည်ထောင်စုသား အားလုံးအတွက် ခိုလုံရာ၊ လွတ်လပ်ရာလုံခြုရာ နေရာဖြစ်အောင် ၀ိုင်းဝန်းလုပ်ဆောင် ပေးကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် အာဇာနည် ခေါင်းဆောင်ကြီးများအားအကောင်းဆုံး ကျေးဇူးဆပ်သည့် နည်းလမ်းပင် ဖြစ်သည်ဟု ပြောကြားသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D