သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 18, 2013

အီဂျစ်လိုဖြစ်လာနိုင်သလား


မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲကျင့်သုံးမှုပုံစံနဲ့ အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေးစနစ် ပြောင်းလဲ ကျင့်သုံးခဲ့မှုပုံစံများမှာ ခပ်ဆင်ဆင်တူတာလေးရှိနေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ နိုင်ငံရေး စနစ်ပြောင်းလဲမှုဟာ အာဏာရှင် ဟော်စနီမူဘာရက်ကို အာဏာမှဖြုတ်ချပြီး မိုဟာမက်မော်စီ ဦးဆောင်တဲ့အစိုးရ က ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးခဲ့တာဖြစ်သလို ကျွန်တော်တို့ မြန်မာနိုင်ငံ မှာလည်း စစ်အုပ်ချုပ်ရေးစနစ်မှ ဒီမိုကရေစီစနစ် သို့ ပြောင်းလဲကျင့်သုံးခဲ့တာလေးက နည်းနည်း ဆင်တူနေတယ်။
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ ကာလသက်တမ်းအနေနဲ့လည်း   ရှေ့ဆင့်နောက် ဆင့် ပြောင်းလဲကျင့်သုံးခဲ့ကြတဲ့နိုင်ငံတွေဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

    သို့သော်လည်း ယနေ့အချိန်မှာ မော်စီအစိုးရရဲ့ ဒီမိုကရေစီသက်တမ်းပထမနှစ်မှာပင် အစိုးရ အား ဆန္ဒပြတောင်းဆိုမှုတွေကတစ်ဆင့် မော်စီ၏ဒီမိုကရေစီအစိုးရဖြုတ်ချခံရပြီး စစ်တပ်မှ အာဏာ သိမ်းမှု ဖြစ်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေးစနစ်၊ အာဏာရှင်အုပ်ချုပ်မှုစနစ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စရပ်များကို အမြဲတစေကန့်ကွက်ဆန့်ကျင်မှု ပြုလုပ်လေ့ရှိတဲ့ အမေရိကန်နိုင်ငံအနေဖြင့် လည်း အီဂျစ်စစ်တပ်ရဲ့အာဏာသိမ်းမှုအပေါ် အလေးထားပြောဆိုလုပ်ဆောင်မှုများမရှိခဲ့ပါဘူး။ ဒါဟာ အမေရိကန်နိုင်ငံအနေနဲ့ ၎င်းတို့ရဲ့လုံခြုံဘေးကင်းရေး၊ ၎င်းတို့ရဲ့နိုင်ငံသားများကို ကာကွယ်မှုပြုနိုင်ရေး၊ အကျိုးအမြတ်ဖြစ်ထွန်းရေးအတွက်သာ အဓိကရည်မှန်းပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တွေ့မြင်လာရမှာဖြစ်ပါတယ်။ အမေရိကန်တို့ အနေနဲ့ ဒီမိုကရေစီတိုက်ပွဲဝင်နိုင်ငံများရှိ ပြည်သူအများ၏ ဆင်းရဲဒုက္ခအခက်အခဲများကို ကူညီဖြေရှင်း ဆောင်ရွက်ရေး  ထက် ၎င်းတို့အတွက်သာအကျိုးဖြစ်ထွန်းမည်ဆိုပါက ယခုကဲ့သို့ အာဏာရှင် အစိုးရ   ဖြစ်နေစေကာမူ ရှင်သန်ရပ်တည်ခွင့်ပေးထားမယ့် သဘောဖြစ်ပါတယ်။

    ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေးနဲ့ ပြည်သူ တစ်ရပ်လုံး၏လိုအင်ဆန္ဒများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက ပြုပြင် ပြောင်းလဲအကောင်အထည်ဖော် ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန် မြန်လွန်းတာကြောင့် လိုအပ်ချက်ရှိသလောက် ဖြည့်စွမ်းမပေးနိုင်သေး ဘူး ဖြစ်နေပါ တယ်။ ပြည်သူလူထု အနေနဲ့လည်း မိမိတို့ရဲ့တောင်းဆိုလုပ်ဆောင်မှုများကို တရားဥပဒေနှင့်အ ညီ ဆောင်ရွက်ခြင်းဖြင့် ရယူ သင့်ပါတယ်။

 မိမိတို့ရဲ့လိုအပ်ချက်များ၊ ရလိုဖြစ်လိုမှုများကို ဥပဒေပြင်ပမှ အင်အားစုဖွဲ့တောင်းဆိုမှု များ၊ ဆန္ဒပြတောင်းဆိုမှု များကြောင့် နိုင်ငံတော်၏လုံခြုံရေးနှင့် အမျိုးသားရေးကိုသော်လည်းကောင်း၊ တပ်မတော်၏ လုပ်ငန်း တာဝန်များကိုသော်လည်းကောင်း ထိခိုက်မှုများရှိလာခဲ့ပါက မြန်မာနိုင်ငံမှာ လည်း အလားတူကိစ္စရပ်များ ဖြစ်ပေါ် လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသတွင်းမဟာဗျူဟာအရ အရေးပါသည့်ပထဝီ အနေ အထားကြောင့် အမေရိကန်အစိုးရအနေဖြင့်လည်း ၎င်းတို့၏ အကျိုးစီးပွား ဖြစ်ထွန်းနေမ ည်ဆိုပါက မြန်မာနိုင်ငံရဲ့ပြောင်းလဲမှုဖြစ်စဉ်အတိုင်း ဆက်ဆံရပ်တည်သွားနိုင် တယ် ဆိုတာကို အားလုံးက သတိပြုသင့်ပါကြောင်း။

From: မောင်ရိုး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D