သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Thursday, July 18, 2013
ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ များတွင် ဒေါ်အောင်ဆန်း စုကြည် ပါဝင်ရန် UNFC တောင်းဆို
အစိုးရနှင့် နောက်ထပ် တွေ့ဆုံမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင် စေ့စပ်သူ အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ထင်ရှားသည့် တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များကို ပါဝင်ခွင့်ပြုရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အစိုးရကို
တောင်းဆိုလိုက်သည်ဟု သိရသည်။
UNFC ၏ နည်းပညာ အထောက်အကူပြုအဖွဲ့ (Technical Ten) နှင့် ပြည်ထောင်စု အစိုးရ ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော်မတီ (UPWC) ၏ နည်းပညာ
အထောက်အကူပြုအဖွဲ့ (Technical Ten) တို့ ယခုလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးကြစဉ် UNFC က ယင်းသို့ တင်ပြ တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့နဲ့ အစိုးရနဲ့ နှစ်ဘက်ဆွေးနွေးတဲ့ကြားမှာ ညှိနှိုင်း ဆက်စပ်ပေးတဲ့ အင်အားစုအနေနဲ့ပေါ့ ဗျာ၊ ဒေါ်အောင်ဆန်း စုကြည် ကိုရော ပြည်တွင်းမှာဆိုရင် တိုင်းရင်းသားအင်အားစုဖြစ်တဲ့ UNA နဲ့ NBF တို့ကိုပါ ပါဝင်စေချင်တယ်၊ အဲဒါကြောင့် ကျနော်တို့က တောင်းဆိုလိုက်တာ” ဟု UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။
UNFC အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အောင်ဆန်း စုကြည်၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးစုများ မဟာမိတ် အဖွဲ့ (UNA) နှင့် ညီနောင် တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်း (NBF) တို့ကို ကြားဝင်စေ့စပ်သူများအဖြစ် ထည့်သွင်းပေးရန် တောင်းဆိုခြင်းသည် ပထမဆုံးဖြစ်ကြောင်းလည်း သိရသည်။
UNA အဖွဲ့သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသား ပါတီများဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ် အဖွဲ့ဖြစ်ပြီး မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဇိုမီး အမျိုးသား ကွန်ဂရက်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် အဖွဲ့များပါဝင်ပြီး NBF သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော တိုင်းရင်းသား ပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
UNFC ၏ တောင်းဆိုချက်ကို အစိုးရဘက်မှ လက်ခံခဲ့ပါက ပြည်တွင်း၊ ပြည်ပ၌ ကျော်ကြား သည့် ဒေါ်အောင်ဆန်း စုကြည် ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ပါဝင်လာမည်ဖြစ်ပြီး UNA မှ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် နှင့် တခြားထင်ရှားသည့် တိုင်းရင်းသား ခေါင်းဆောင်များ၊ NBF မှ ထင်ရှားသည့် ခေါင်းဆောင်များပါ ပါဝင်လာမည်ဖြစ်သည်။
သို့သော်လည်း ယင်းပုဂ္ဂိုလ်များ ပါဝင်နိုင်ရေး တောင်းဆိုချက်ကို အစိုးရဘက်က ချက်ချင်းဆုံးဖြတ်ချက် မပေးကြောင်း၊ ယခင်ကလည်း ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ တရုတ်၊ ထိုင်း စသည့် နိုင်ငံများမှ ကိုယ်စားလှယ်များကိုပါ ကြားဝင် စေ့စပ်ခွင့်ပေးရန် UNFC က အစိုးရကို တောင်းဆိုထားမှုကိုလည်း အစိုးရဘက်က ငြင်းဆိုခဲ့ပြီး လေ့လာသူ အဖြစ်သာ ခွင့်ပြုခဲ့ကြောင်း သိရသည်။
“ကျနော်တို့ ဆွေးနွေးကြတော့ အစိုးရဘက်က ကြားဝင် Mediator အနေနဲ့တော့ သူတို့ လက်မခံနိုင်ဘူး။ ဒါ ကျနော်တို့ အချင်းချင်း ဖြေရှင်းလို့ရသားပဲ၊ သူတို့ (နိုင်ငံတကာအဖွဲ့များ) ကိုတော့ လေ့လာသူအဖြစ်နဲ့ပဲ တက်ရောက်ခွင့် ပြုနိုင်မယ် ဆိုပြီးတော့ သဘောထားပေးတယ်ဗျ” ဟု နိုင်ဟံသာက ပြောသည်။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ၎င်းကို ကမ်းလှမ်းခဲ့လာလျှင် တတ်နိုင်သမျှ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က တရားဝင် ထုတ်ဖော် ပြောဆိုထားသည်။
အလားတူ UNA အဖွဲ့ဝင်များကလည်း စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် ကူညီနိုင်ကြောင်း မကြာခဏ ပြောဆိုထားပြီး NBF အဖွဲ့ကလည်း ယခင်လတွင် ပြုလုပ်ခဲ့သော အစည်းအဝေးကျင်းပစဉ် လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ကူညီလုပ်ဆောင် ပေးလိုကြောင်း ထုတ်ဖော်ပြောဆို
ထားသည်။
ကြားဝင်စေ့စပ်သူအဖြစ် ခွင့်ပြုပေးရန် အစိုးရကို တောင်းဆိုထားသော ဒေါ်အောင်ဆန်းစုကြည်၊ UNA နှင့် NBF တို့၏ သဘောထား များကိုလည်း UNFC အနေဖြင့် စုံစမ်းထားပြီးဖြစ်ကြောင်း၊ အစိုးရဘက်က ခွင့်ပြုချက်ပေးလျှင် တရားဝင် ဆက်သွယ် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း နိုင်ဟံသာကပြောသည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအနေဖြင့် သေနတ်သံများ ချုပ်ငြိမ်းသွားတော့မည် ဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးနှင့် တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို လာမည့် ရက်သတ္တပတ်များအတွင်း အမြန်ဆုံး ဖော်ဆောင်မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ဗြိတိန် နိုင်ငံကို ရောက်ရှိနေစဉ် လန်ဒန်မြို့ရှိ Chatham House တွင် ပြုလုပ်သော မြန်မာ့ အရေး ဆွေးနွေး ပွဲ၌ ပရိသတ်ကို ပြောကြားခဲ့သည်။
သို့သော်လည်း ပြည်တွင်း၌ အစိုးရနှင့် ပဏာမ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရ တပ်တို့အကြား သဘောတူညီမှု ရရှိပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားမှုများ ရှိနေသကဲ့သို့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့်လည်း အပစ်အခတ် ရပ်စဲနိုင်ခြင်းမရှိသေးဘဲ မကြာခဏ ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေသည်။
ဧရာဝတီ
Labels:
ပြည်တွင်းသတင်း,
ဝေဖန်ရေး
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
-
▼
07/14 - 07/21
(219)
- ၂၀-၇-၂၀၁၃ပေါက်တောမြို့နယ်တွင် ကျွဲ(၄)ကောင်နှင့်အတူ...
- ၂၀-၇-၂၀၁၃ စယ်လီဗစ်တီတွေရဲ့... ဖြစ်ရပ်မှန် ဇာတ်လမ်း...
- ၂၁-၇-၂၀၁၃စေတီရှိအလှူခံပုံးမှန်အား ခွဲ၍ အလှူငွေခိုး...
- ၂၁-၇-၂၀၁၃ အိမ်နီးချင်း နိုင်ငံများက ရေတပ်အင်အား တု...
- အမျိုးသားများ၏ ဆီးလမ်းကြောင်း ပြဿနာအဖြာဖြာ
- တပ်မတော် ခန်းမတွင် ကုန်စည်ပြပွဲနှင့် ကားပြပွဲကျင်းပ
- ထားဝယ် တိုင်းရင်း သားများ ပါတီ
- ၂၀၁၂ ခုနှစ် တရုတ် အစိုးရ အရာရှိများ အသုံးစရိတ် လျေ...
- သူရဦးရွှေမန်းနှင့် မိမိ သမ္မတအဖြစ် ယှဉ်ပြိုင်မည်ဆို...
- အခြေခံဥပဒေပြင်ပြီး အာဇာနည်ကြီးများကို ကျေးဇူးဆပ်ရန...
- NLD နှင့် ကြံ့ခိုင်ရေးသင့်မြတ်မှု အခြားပါတီများ မစိ...
- "ရွှေလုပ်ကွက် ကြွေးကျန်များအစိုးရထံသို့ ၂ဝ၁၅ အပြီးေ...
- ပြည်သူများအားကူညီမှုများ ထိရောက်စွာ ပေးနိုင်ရန် အင်...
- ရိုဟင်ဂျာလူကုန်ကူးမှုစုံစမ်းဖို့ ထိုင်းကိုအမေရိကန်တ...
- တရုတ်သိုင်း ရုပ်ရှင်မင်းသား Bruce Lee အမှတ်တရပွဲကျ...
- ၂၀၁၄ မြန်မာ့သန်းခေါင်စာရင်းကောက်ယူရေး ရန်ပုံငွေလို...
- မိထ္ထီလာခရိုင် အရေးပေါ်အမိန့်ရုပ်သိမ်း
- မြန်မာ့ တပ်မတော် အရာရှိ ၃၀ ကို ခေါ်ယူ လေ့ကျင့်ပေးရန...
- သမ္မတဦးသိန်းစိန်၏ ခရီးစဉ် အကျိုးအမြတ်အဖြစ် မြန်မာက...
- လူမျိုးသုဉ်း သတ်ဖြတ်နေသည် ဆိုသော စွပ်စွဲချက်များသည...
- ရခိုင်ဒုက္ခသည်များကို လုံးချင်းအိမ်များသို့ နေထိုင်...
- အဆိုတော်ဆိုတေး သတိပြန်ရလာတဲ့အချိန် မိမိကို သူ့ဇနီး...
- မျိုးစောင့် ဥပဒေ ပြဌာန်းရေး ထောက်ခံ လက်မှတ် ၂ သန်း...
- ရန်ကုန်မြို့တော်စည်ပင် မှ ခိုင်ခံ့မှုအတွက် အသိအမှတ်...
- မွေးမြူရေး နှင့် ရေလုပ်ငန်း ၀န်ကြီးဌာန သို့ ငွေကျပ...
- မြန်မာ တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံ ၁၅၃ ရုံကို ဒစ...
- ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်တွင် လက်နက် ကိုင်ဆောင...
- မိုင်းတုံမြို့ အဝင် စစ်ဆေးရေး ဂိတ်တွင် တရားမဝင် ဝင...
- ရေနံချောင်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့လက်ရေးမူစာအုပ်ြ...
- ထိုင်းနိုင်ငံနှင့် ထိစပ်လျက်ရှိသော နယ်စပ်ဂိတ်ပေါက်...
- ပြည်မြို့ မြင်းစီးရုပ်တုမှာ ပန်းခွေချခွင့်မရလို့ ပ...
- ခြေလေးချောင်းပါ ကလေးငယ်၏ ဒုတိယအဆင့် ခွဲစိတ်မှု တစ်လ...
- ကလေးအဖေဘယ်သူလဲ
- ပြည့်တန်ဆာနှင့် ဥပဒေ
- လူ့ အခွင့်အရေး လှုပ်ရှားတက်ကြွသူ ဒေါ်ဘောက်ဂျာအား ဖမ်...
- ဖန်တီးသူ
- ၁၉-၇-၂၀၁၃ အာဇာနည်နေ့ အခမ်းနားမြင်ကွင်းပုံများ
- ထိုင်းမှ သက်တမ်း အရင့်ဆုံး ဟွာဆင် ဟန်းရွှေဆိုင် လာဖ...
- ပုဂံဒေသမှအပ ယဉ်ကျေးမှု အမွေအနှစ် ဇုန်ဝင်ကြေးများ မြ...
- ယခုနှစ်တွင် ပြည်ပ ပို့ကုန်များ၌ သဘာဝ ဓာတ်ငွေ့ကိုပိ...
- မြောက် ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးဝင်းမှ ခေ...
- ရွှေမြန်မာခရီးသည်တင်ယာဉ်မှ ကျွန်းသစ်ခွဲသားများနှင့်...
- မန္တလေးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ်ပွဲကျင်းပ
- လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြ...
- Password Lock ကျနေသော Lumia 920 ကို Hard Reset လုပ...
- (၆၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ လွှတ်တော်ကိ...
- မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေ ကြီးသည့်ကာလ၌ မြေသ...
- လှေစီးပြေးဒုက္ခသည် Australia မှာ လက်ခံတော့မည်မဟုတ်
- အာဇာနည်နေ့ နယ်မြို့တွေမှာ ကျင်းပ
- အာဇာနည်နေ့ ရန်ကုန်မှာ ထူးထူးခြားခြားဂုဏ်ပြု
- Sexy အနမ်းပါဝင်သည့် “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရ...
- သမီးရည်းစား ချိန်းတွေ့ရာမှ အလိုမတူပြုကျင့်မှုဖြစ်ပွား
- အခွင့်အလမ်းတွေ ကုန်ဆုံး အဆုံးသတ်ရတော့မည့် Nld
- ဒေါ်စု သမ္မတလုပ်မည်ဟု အာဏာရူးကာ ကြုံးဝါးနေချိန် ၂၀၁၅...
- ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဦးရွှေမန်း ပူးတွဲသတင်းစာရှ...
- ပြင်သစ်ရောက်သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှပ်နှံရေး ...
- မာဖီးယားဂိုဏ်းချုပ် နေဆန်းညီနောင်တို့ ကတိဖောက်ဖျက်...
- "ဆရာတော် ဦးဝီရသူနှင့် စကားစစ်ထိုးလိုသည်ဟု ပြည်ပရော...
- တေးသံရှင် ဆိုတေး နိုင်ငံခြား သွားရောက် ဆေးကုသရန် မ...
- ဘင်္ဂလားဒေ့ရှ် အစ္စလာမ္မစ်ပါတီ ခေါင်းဆောင်ဟောင်း တစ်ဦး...
- ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရန် ဂျပန် ကူညီမည်
- နောက်ကြောင်းပြန် လှည့်ရန်နောက်ကွယ်မှ ကြိုးကိုင်နေသ...
- " အိမ်အပြန်"
- သစ္စာရှိသော သခင်
- ဆော်ဒီက ရိုဟင်ဂျာ များအရေး
- ဗိုလ်ချုပ်က ကုလားကို ကုလားလို့ ခေါ်ခဲ့တယ်
- ကွန်စတင်တီနီုပလ် အဖြစ်မျိုး မကြာခင်ကြုံလာရတော့မယ့်...
- ဗိုလ်ချုပ်နှင့်ဒေါ်စု အပေါ် ကျွန်တော့် အမြင်
- ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျောက်မျက် ရတနြာ...
- မန္တလေးမြို့တွင် ကျောက်စိမ်းအချောနည် လုပ်ငန်းများ လ...
- ဗေဒါလမ်း (၂) – မယ့်လမ်းပါတဲ့
- ဘုရားရှင်မှ ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ
- ၁၉-၇-၂၀၁၃ ၆၆ကြိမ်မြောက် ၁၉ဇူလှိုင် အာဇာနည်နေ့ အမှတ်...
- ဧပြီမှ ဇူလိုင် လဆန်းပိုင်း အထိ ပဲမျိုးစုံ တင်ပို့မ...
- ငြိမ်း ချမ်းရေး ဆွေးနွေးပွဲ များတွင် ဒေါ်အောင်ဆန်း ...
- ကွန်ဒိုမီနီယံ ဥပဒေ ပြင်ဆင်ရေး ဆွဲရေး အပြီး မသတ်နို...
- ဖေ့ဘွတ် အကောင့်များ အဟက် ခံထားရပြီး ရေးသား ခံနေရသေ...
- " သမိုင်း တွင်ခဲ့ သည့် အာဇာ နည် ခေါင်းဆောင်ကြီး မျ...
- အာဇာ နည်နေ့ မှာ ရင်သိမ့် သိမ့်တုန်အောင် ၀မ်းနည်းခြ...
- မန်းကျုံး တွင် လူသေ အလောင်းတွေ့ပြန်
- ရွန်နီ အတွက် ကမ်းလှမ်းခဲ့ ပါတယ်----ချဲလ်ဆီး အသင်း ...
- ပေါ်စခိုးလ် နဲ့ တွဲဖက် ကစား ဖို့ အခွင့် အရေး
- သမ္မတကြီး ဦးသိန်းစိန် နှင့် ဟာဂျီ ဒေါ်စုတို့အပေါ် မြ...
- အသုံးချခံ မြေယာပြဿနာ
- ရေနွေးပူလောင်းခံရသည့် ကရင်မိန်းကလေး ခွဲစိတ်မှုအောင်...
- အမျိုးစောင့် ဥပဒေသာရှိခဲ့လျှင်
- သမ္မတ ဦးသိန်းစိန် နဲ့ ဘီဘီစီ မေးမြန်းခန်း ၂
- စစ်တွေ ဘောဒူဘ ကုလားဒုက္ခသည်စခန်းတွင် ကုလားဒုက္ခသည်ဆိ...
- “လူနည်းစုတဲ့လား”
- မြန်မာနိုင်ငံ၏ လူမျိုးစုသမိုင်းတွင် ရိုဟင်ဂျာလုံးဝ...
- လေးစားရပါသော လူထုခေါင်းဆောင် ဒေါ်စုကြည် ခင်ဗျား
- မိတ္တီလာ အရေးပေါ်အခြေအနေ ဇူလိုင် ၂၀ တွင် ရုပ်သိမ်းမည်
- ၂၀၁၅ မှာ မြန်မာနိုင်ငံအတွင်း အဓမ္မခိုင်းစေမှု ပပျောက...
- စနိုးဒင်ကို နိုဗဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွ...
- ဆိုတေး၏ အလုံးစုံ ကိစ္စအားလုံး ဆိုတေး အဖေ ဖြစ်သူရဲ့ ...
- အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုဂါရဝ အစီအစဉ်မ...
- အီဂျစ်လိုဖြစ်လာနိုင်သလား
- နှစ်လနာရီ ခါရာသီရွေ့ပေမယ့် ....
- အာဇာနည်နေ့ ဥသြသံ ရယူသူ ၈၀၀ ကျော်ရှိပြီ ဟုဆို
- ခရစ္စမတ်ကျွန်းနား လှေမှောက် ခိုလှုံခွင့်တောင်းလိုသူ...
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...