သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 20, 2013

ပြည်မြို့ မြင်းစီးရုပ်တုမှာ ပန်းခွေချခွင့်မရလို့ ပန်းခြင်းချ

Photo: ပြည်မြို့ မြင်းစီးရုပ်တုမှာ ပန်းခွေချခွင့်မရလို့ ပန်းခြင်းချ

မြန်မာပြည်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာ ၂ နှစ် 
ရှိပါပြီ။
ဒီစနစ်က ပြည်မြို့မှာ အတော်လေး အလုပ်ဖြစ်နေဟန် ရှိပါတယ်။
ဒီအကြောင်း ပြည်မြို့က သတင်းထောက် ကိုဘရှီး ပေးပို့ထားတဲ့ သတင်းကို 
တင်ဆက်လိုက်ပါတယ်။

အာဇာနည်နေ့မတိုင်မီ ည(၁၀း၃၀)ခန့်လောက်က ဟန်းစပီကာတလုံးနှင့် လူနှစ်ယောက်က- 
ဇူလိုင် ၁၉ တွင် မြို့လယ် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်သို့ သွားရောက်ပြီး 
လွမ်းသူ့ပန်းခွေမချရ၊ ချလျှင်ပုဒ်မ(၁၈၈)ဖြင့် အရေးယူခြင်းခံရမည်ဟု 
-နေရာတချို့တွင် လိုက်လံအော်ဟစ် ကြေညာခဲ့ကြသဖြင့် အာဇာနည်နေ့ ရောက်သည့်အခါ 
မြင်းစီးကျောက်ရုပ် တွင် မည်သူမှပန်းခွေမချခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ယမန်နှစ်ကပန်းခွေချအလေးပြုခဲ့ကြသော အဖွဲ့အစည်းလူပုဂ္ဂိုလ်များကိုလဲ 
မြို့နယ်ရဲတပ်ဖွဲ့မှုး၊ စခန်းမှုးများက ယခုနှစ်မှာ ပန်းခွေမချဖို့ရန် ခေါ်ယူ 
သတိပေးခဲ့ကြောင်း NLD ပါတီမှ ကိုကျော်ဆန်းက ပြောပြပါသည်။

တရားလွှတ်တော်ရှေ့နေ၀တ်ရုံကြီးကိုဝတ်ဆင်ထားသော- တရားလွှတ်တော်ရှေ့နေ 
ဦးမြင့်အေး၊ သူ့ တပည့်မ ရှေနေတို့နှစ်ဦးတည်း တက်ရောက် 
ပန်းစည်းချအလေးပြုခဲ့ပါသေးသည်-

သူ့အနေနှင့် အစဉ်အလာကို ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်ဖို့က မိမိတို့ 
တာဝန်ဖြစ်ကြောင်း၊ အခုလဲ ပန်းခွေချလျှင်အရေးယူမည်ဟု ဆိုသဖြင် 
့ပန်းစည်းချရခြင်းဖြစ်ကြောင်း ပြောပြပါသည်။

ပြည်မြို့ NLD ပါတီ ရွာဘဲရုံးဉ်နံနက်(၆)နာရီတွင်ဘုန်းကြီးဆွမ်းကပ်ပြီး၊ 
အာဇာနည်ခေါင်းဆောင်ကြီး(၉)ယောက်၏ ထေရုပတ္တိ ဖတ်ကြားခြင်း၊ 
အောက်မေ့ဖွယ်ရှေး ဟောင်းနှောင်းဖြစ်များပြောဆိုခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက် မြို့ထဲသို့ 
ဗိုလ်အောင်ဆန်းစစ်ကြောင်း၊
သခင်မြစစ်ကြောင်း၊
ဦးရာဇတ်စစ်ကြောင်း၊
မန်းဘခိုင်စစ်ကြောင်း၊
ဒီးဒုတ်ဦးဘချိုစစ်ကြောင်း၊
ဦးဘ၀င်းစစ်ကြောင်း၊
မိုင်းပွန်စော်ဘွားစဝ်စံထွန်းစစ်ကြောင်း၊
ဦးအုန်းမောင်စစ်ကြောင်း၊
ရဲဘော်ကိုထွေးစစ်ကြောင်း-
စသဖြင့်စစ်ကြောင်းကြီး (၉)ကြောင်းဖြင့် ချီတက်ခဲ့ကြသည်။

မြို့လည်မြင်းစီးကျောက်ရုပ်တွင် ခေတ္တခဏ အလေးပြုပြီးနောက် 
အာဏာပိုင်အဖွဲ့အစည်းတို့ သတ်မှတ်ထားသော- မြို့ပြင်ဘော်လုံးကွင်းတွင် 
သွားရောက်ပန်းခွေချခဲ့ပြီးမနက်(၁၁)နာရီတွင်အခမ်းအနားပြီးဆုံးခဲ့ကြ
ပါသည်။

ချီတက်အလေးပြုသူအင်အား တထောင်ခန့်ရှိပြီး-မြို့ပြင်ဘော်လုံးကွင်းတွင်- 
ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဋ္ဌာနဆိုင်ရာများပါတက်ရောက် 
အလေးပြုခဲ့ကြပါသည်။

ရပ်ကွက် မီးသတ်တပ်ဖွဲ့တခုမှ ကိုအောင်သိန်းက- သူတို့ကတော့(၁၀း၃၇)မှာ 
ဥသြဆွဲချင်တယ်-ဒါပေမဲ့ တပ်စုမှုးဆီက လုံးဝ ခွင့်ပြုမိန့်မရဘူး 
ဟုပြောပြပါသည်။ 

ဒီမိုကရေစီခေတ်ရောက်နေပြီဆိုပြီး မြို့လယ် မြင်းစီးကျောက်ရုပ်မှာ 
အခုလိုပိတ်ပင်တားဆီးတာက အရမ်းကို ရုပ်ဆိုးလွန်းပါတယ်-
ဒါကပြည်မြို့သူ/သားတွေရဲ့ငွေကျေး နဲ့တည်ဆောက်ထားတဲ့ 
အောက်မေ့ဘွယ်ရုပ်ထုဖြစ်တယ်-
တတိုင်းပြည်လုံးရဲ့ ခေါင်းဆောင် ကျေးဇူးရှင်လဲဖြစ်တယ်-
ဒါကို တားဆီး ပိတ်ပင်တာကတော့ သူတို့ကို ဘယ်လိုကင်ပွန်းတပ်ရမလဲဆိုတာသာ 
တွေးကြည့်ပါတော့လို့ အောင်မင်္ဂလာဈေးမှဈေးသည်- ကိုစိုးနိုင်က ပြောပြပါတယ်။

Posted From ဧရာဝတီ
မြန်မာပြည်မှာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတာ ၂ နှစ် ရှိပါပြီ။
ဒီစနစ်က ပြည်မြို့မှာ အတော်လေး အလုပ်ဖြစ်နေဟန် ရှိပါတယ်။
ဒီအကြောင်း ပြည်မြို့က သတင်းထောက် ကိုဘရှီး ပေးပို့ထားတဲ့ သတင်းကို တင်ဆက်လိုက်ပါတယ်။

အာဇာနည်နေ့မတိုင်မီ ည(၁၀း၃၀)ခန့်လောက်က ဟန်းစပီကာတလုံးနှင့် လူနှစ်ယောက်က- ဇူလိုင် ၁၉ တွင် မြို့လယ် ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်သို့ သွားရောက်ပြီး လွမ်းသူ့ပန်းခွေမချရ၊ ချလျှင်ပုဒ်မ(၁၈၈)ဖြင့် အရေးယူခြင်းခံရမည်ဟု -နေရာတချို့တွင် လိုက်လံအော်ဟစ် ကြေညာခဲ့ကြသဖြင့် အာဇာနည်နေ့ ရောက်သည့်အခါ မြင်းစီးကျောက်ရုပ် တွင် မည်သူမှပန်းခွေမချခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ယမန်နှစ်ကပန်းခွေချအလေးပြုခဲ့ကြသော အဖွဲ့အစည်းလူပုဂ္ဂိုလ်များကိုလဲ မြို့နယ်ရဲတပ်ဖွဲ့မှုး၊ စခန်းမှုးများက ယခုနှစ်မှာ ပန်းခွေမချဖို့ရန် ခေါ်ယူ သတိပေးခဲ့ကြောင်း NLD ပါတီမှ ကိုကျော်ဆန်းက ပြောပြပါသည်။

တရားလွှတ်တော်ရှေ့နေ၀တ်ရုံကြီးကိုဝတ်ဆင်ထားသော- တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး၊ သူ့ တပည့်မ ရှေနေတို့နှစ်ဦးတည်း တက်ရောက် ပန်းစည်းချအလေးပြုခဲ့ပါသေးသည်-

သူ့အနေနှင့် အစဉ်အလာကို ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်ဖို့က မိမိတို့ တာဝန်ဖြစ်ကြောင်း၊ အခုလဲ ပန်းခွေချလျှင်အရေးယူမည်ဟု ဆိုသဖြင့် ပန်းစည်းချရခြင်းဖြစ်ကြောင်း ပြောပြပါသည်။

ပြည်မြို့ NLD ပါတီ ရွာဘဲရုံးဉ်နံနက်(၆)နာရီတွင်ဘုန်းကြီးဆွမ်းကပ်ပြီး၊ အာဇာနည်ခေါင်းဆောင်ကြီး(၉)ယောက်၏ ထေရုပတ္တိ ဖတ်ကြားခြင်း၊
အောက်မေ့ဖွယ်ရှေး ဟောင်းနှောင်းဖြစ်များပြောဆိုခြင်းများပြုလုပ်ခဲ့ကြသည်။

ထို့နောက် မြို့ထဲသို့
ဗိုလ်အောင်ဆန်းစစ်ကြောင်း၊
သခင်မြစစ်ကြောင်း၊
ဦးရာဇတ်စစ်ကြောင်း၊
မန်းဘခိုင်စစ်ကြောင်း၊
ဒီးဒုတ်ဦးဘချိုစစ်ကြောင်း၊
ဦးဘ၀င်းစစ်ကြောင်း၊
မိုင်းပွန်စော်ဘွားစဝ်စံထွန်းစစ်ကြောင်း၊
ဦးအုန်းမောင်စစ်ကြောင်း၊
ရဲဘော်ကိုထွေးစစ်ကြောင်း-
စသဖြင့်စစ်ကြောင်းကြီး (၉)ကြောင်းဖြင့် ချီတက်ခဲ့ကြသည်။

မြို့လည်မြင်းစီးကျောက်ရုပ်တွင် ခေတ္တခဏ အလေးပြုပြီးနောက် အာဏာပိုင်အဖွဲ့အစည်းတို့ သတ်မှတ်ထားသော- မြို့ပြင်ဘော်လုံးကွင်းတွင် သွားရောက်ပန်းခွေချခဲ့ပြီးမနက်(၁၁)နာရီတွင်အခမ်းအနားပြီးဆုံးခဲ့ကြ
ပါသည်။

ချီတက်အလေးပြုသူအင်အား တထောင်ခန့်ရှိပြီး-မြို့ပြင်ဘော်လုံးကွင်းတွင်- ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဋ္ဌာနဆိုင်ရာများပါတက်ရောက် အလေးပြုခဲ့ကြပါသည်။

ရပ်ကွက် မီးသတ်တပ်ဖွဲ့တခုမှ ကိုအောင်သိန်းက- သူတို့ကတော့(၁၀း၃၇)မှာ ဥသြဆွဲချင်တယ်-ဒါပေမဲ့ တပ်စုမှုးဆီက လုံးဝ ခွင့်ပြုမိန့်မရဘူး ဟုပြောပြပါသည်။

ဒီမိုကရေစီခေတ်ရောက်နေပြီဆိုပြီး မြို့လယ် မြင်းစီးကျောက်ရုပ်မှာ အခုလိုပိတ်ပင်တားဆီးတာက အရမ်းကို ရုပ်ဆိုးလွန်းပါတယ်-
ဒါကပြည်မြို့သူ/သားတွေရဲ့ငွေကျေး နဲ့တည်ဆောက်ထားတဲ့ အောက်မေ့ဘွယ်ရုပ်ထုဖြစ်တယ်-
တတိုင်းပြည်လုံးရဲ့ ခေါင်းဆောင် ကျေးဇူးရှင်လဲဖြစ်တယ်-
ဒါကို တားဆီး ပိတ်ပင်တာကတော့ သူတို့ကို ဘယ်လိုကင်ပွန်းတပ်ရမလဲဆိုတာသာ တွေးကြည့်ပါတော့လို့ အောင်မင်္ဂလာဈေးမှဈေးသည်- ကိုစိုးနိုင်က ပြောပြပါတယ်။

Posted From ဧရာဝတီ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D