မင်းနဲ့ငါဟာ အကြောင်းသိလို့
ပေါင်းမိကြတဲ့ သူငယ်ချင်းတွေဖြစ်တယ်
တစ်ယောက်နဲ့တစ်ယောက်
ပြောမနာ ဆိုမနာ
စေတနာထားခဲ့ကြတယ်
ရင်ဘက်နဲ့ပေါင်းတဲ့ သူငယ်ချင်းတွေဖြစ်လို့
တစ်ယောက်အကျိုးတစ်ယောက်
လိုလားကြတယ်ဆိုတာ
ပြောဖို့မလိုဘူးထင်တယ်
ဒါ့ကြောင့်...ငါ့ရင်ထဲမှာရှိတဲ့
စေတနာစကားတွေကို
မင်းအကျိုးမျှော်ကိုးပြီးပြောခဲ့တဲ့အတွက်
ဘာမျှော်လင့်ချက်မှ မရှိခဲ့ဘူးဆိုတာ ယုံပါ
မတော်တဆ မင်းမကြိုက်တာ ပါခဲ့ရင်လည်း
နားလည်ခွင့်လွှတ်ပေးပါလို့ ပန်ကြားပါရစေ...
အစစအရာရာ အစဉ်ပြေပါစေ...
သူငယ်ချင်း...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...