တောင်ဒဂုံမြို့နယ် ဖို့မြေရပ်ကွက်ရှိ ငါးမွေးကန်မီးလောင်မှုကို ငြှိမ်းသတ်နေစဉ်
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် အတွင်းရှိ ဖို့မြေရပ်ကွက်တွင် ဇူလိုင် ၂၅ ရက် ညပိုင်းက မီးလောင် ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ တောင်ဒဂုံမြို့နယ် ဖို့မြေရပ်ကွက်ရှိ Rich Farm အမည် ငါးမွေးကန်တွင် မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ဇူလိုင် ၂၅ ရက် ည ၇နာရီ ခွဲခန့်တွင် စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
''မီးလောင်တဲ့အချိန် ငါးမွေးကန်ထဲမှာ ဘယ်သူမှ မရှိပါဘူး။ ကျွန်တော်လည်း အဲဒီရပ်ကွက်ထဲ ရောက်နေ တယ်။ ငါးစာထားတဲ့ ဂိုဒေါင်က မီးညွန့်တက်လာတဲ့ အချိန်ကျမှ ကျွန်တော် မြင်တာပါ။ တွေ့တွေ့ချင်း မီးသတ်ဌာနကို အကြောင်းကြားတာပါပဲ'' ဟု အဆိုပါ ငါးမွေးကန်၏ တာဝန်ခံဖြစ်သူ ကိုမင်းမင်းထွန်း က ပြောကြားသည်။
ကနဦး စုံစမ်းမေးမြန်းမှုများအရ ထိုသို့ မီးလောင်ကျွမ်းရခြင်းမှာ ဟောင်းနွမ်းဝါယာကြိုးများမှ တစ်ဆင့် အပူလွန်ကဲကာ မီးစတင် လောင်ကျွမ်းရခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မီးလောင်ကျွမ်းမှုကြောင့် ငါးမွေးကန်နှင့် စက်ရုံရှိ အဆောက်အအုံ အားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ၆၀ ၀န်းကျင်ခန့် ရှိနိုင်ကြောင်း သိရှိရသည်။
Rich Farm ငါးကန်နှင့်စက်ရုံ မီးလောင်ကျွမ်းရခြင်း၏ အကြောင်းအရင်းနှင့် အသေးစိတ် အချက်အလက် ကိုမူ သက်ဆိုင်ရာ အနေဖြင့် စုံစမ်းနေဆဲဖြစ်ကြောင်း တာဝန်ကျ မီးသတ်အရာရှိ တစ်ဦးက ဇူလိုင် ၂၅ ရက် ည ၁၁ နာရီအချိန်က The Daily Eleven သတင်းစာ၏ မေးမြန်းချက်အပေါ် ပြန်လည် ဖြေကြားခဲ့သည်။
မီးလောင်ကျွမ်းသည့် နေရာသို့ မီးသတ်ကား ငါးစီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ရပြီး ည ၉ နာရီတွင် မီးညွန့် ကျိုးသွားခဲ့ကာ ည ၁၀ နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
Eleven Media Group


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...