သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 25, 2013

အားလုံးစောင့်ကြည့်နေသော မျိုးစောင့်ဥပဒေ

 မှော်ဘီမြို့၌ ဇွန်လ ၁၃ ရက်က ပြု လုပ်ခဲ့သော ဗုဒ္ဓသာသနာ တော်ဆိုင်ရာ သြ၀ါဒ ခံယူပွဲ အပြီးတွင် မျိုးစောင့် ဥပဒေနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ကျယ်လောင်စွာ ထွက်ပေါ်လာ ခဲ့သည်။   ထောက်ခံသူနှင့် ကန့်ကွက် သူများက ယင်းဥပဒေနှင့် ပတ်သက်၍ ကြေညာချက်များ ဆက်တိုက် ထုတ်ပြန်ခဲ့ ကြသည်။လတ်တလောတွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်သည့် ပဋိပက္ခများကြောင့် မျိုးစောင့် ဥပဒေသည် အများစောင့်ကြည့်နေသည့် အကြောင်းအရာ တစ်ခု ဖြစ်နေသည်။ မျိုးစောင့် ဥပဒေဟု လူသိများသည့် မြန်မာ ဗုဒ္ဓဘာသာဝင်
အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ် ဥပဒေ(မူကြမ်း)ဖြစ်ပေါ်လာရန် ၂၀၁၃ ခုနှစ် မေလ ၆ ရက်က စတင်ခဲ့သည်။ ထိုနေ့က အင်းစိန်ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော်နှင့် မစိုးရိမ် တိုက်သစ်ဆရာတော် အရှင်ဝီရသူ အပါအ၀င် ဆရာတော်ရှစ်ပါးက အဆိုပါ ဥပဒေမူကြမ်း ရေးဆွဲရန် သဘောတူခဲ့ကြသည်။

မျိုးစောင့် ဥပဒေပြဋ္ဌာန်းရန် ပြည်တွင်းပြည်ပ သံဃာ့ ကိုယ်စားလှယ် အပါး ၁၅၀၀ ကျော်က ဇွန်လ ၂၇ ရက် အင်းစိန် သံဃာ့ ညီလာခံတွင် တညီတညွတ်တည်း လက်ခံ အတည်ပြုခဲ့ကြ ပြန်သည်။ ယခုအခါ မျိုးစောင့် ဥပဒေကို ကျွမ်းကျင်သော ဥပဒေပညာရှင် များဖြင့် တိုင်ပင်၍ မူကြမ်းအဆင့် ရေးဆွဲ ထားပြီဖြစ်သည်။ ပြည်သူ၏ ထောက်ခံဆန္ဒမဲများဖြင့် လွှတ်တော်သို့ တင်သွင်းအတည်ပြုနိုင်ရန် ကြိုးပမ်းသွားမည်ဟု ဆရာတော်များက မိန့်ကြားထားသည်။ မျိုးစောင့် ဥပဒေ(မူကြမ်း) တွင် မည်သူမဆို ဗုဒ္ဓဘာသာဝင် မြန်မာအမျိုးသမီးကို လက်ထပ်မည့် သူသည် တရားဝင် ဗုဒ္ဓဘာဘာဝင် ဖြစ်ရမည်။ ဥပဒေပါ ပြဋ္ဌာန်းချက်များကို မလိုက်နာဘဲ လက်ထပ်ခြင်း၊ ပေါင်းသင်းခြင်း ပြုလုပ်ပါက ထိုသူကို ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ရမည့် အပြင် ထိုသူပိုင်ပစ္စည်းအားလုံးကိုလည်း သိမ်းယူ၍ ဗုဒ္ဓဘာသာဝင် အမျိုးသမီးအား ပေးရမည်ဟု ဖော်ပြထားသည်။

ယင်းဥပဒေနှင့် ပတ်သက်၍ မိမိအမျိုးဘာသာကို စောင့်ရှောက်ရာတွင် ဥပဒေဖြင့် ကန့်သတ်ခြင်းထက် လူထုပညာပေးစနစ်ဖြင့် ဆောင်ရွက်ခြင်းက ပိုသင့်လျော်မည်ဟု နိုင်ငံရေးပါတီနှင့် တိုင်းရင်းသားအင်အား စုအချို့က ၎င်းတို့ အမြင်ကို သုံးသပ်ပြောကြသည်။ “ကိုယ့်အမျိုးဘာသာကို စောင့်ရှောက်ဖို့ ဘာသာတိုင်း မှာ အနည်းအများရှိတယ်။ ကျွန်တော်တို့ဆိုရင်လည်း ကျမ်းစာတွေမှာ ဘာသာခြားနဲ့ယူတဲ့ အကျိုးအပြစ်တွေပါတယ်။ ဒါပေမဲ့ ဒါက Civil Education အနေနဲ့ လုံလောက်တယ်လို့ ယုံကြည်တယ်။ ဥပဒေတစ်ခုအနေနဲ့ မလိုအပ်ဘူးလို့ ယူဆတယ်။ ဥပဒေဆိုရင် ဒီထက်အရေးကြီးတဲ့ ဥပဒေတွေ အများကြီး ရှိတယ်။ ဒါတွေကို အရင်လုပ်သင့်တယ်လို့ပဲ ပြတ်ပြတ်သားသား ပြောချင်ပါတယ်” ဟု ချင်းအမျိုးသားပါတီဥက္ကဋ္ဌ ဦးဇိုဇမ်က ထောက်ပြပြောဆိုသည်။

မျိုးစောင့်ဥပဒေ ပြည်သူ့ဆန္ဒထောက်ခံ မဲများကို အထက်မြန်မာပြည်တွင် အရှင်ဝီရသူ၊ အောက်မြန်မာပြည် တွင် ဆရာတော် ဘဒန္တပညာဝရတို့က တာဝန်ယူ ကောက်ခံလျက် ရှိသည်။ ယင်းသို့ ကောက်ခံရာတွင် တိုင်းနှင့်ပြည်နယ်များမှ သံဃာတော်များ၊ ဒေသခံလူမှုရေးအဖွဲ့များ၊ နိုင်ငံရေးပါတီအချို့မှ အဖွဲ့ဝင်များတို့က ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ အချို့သော မြို့နယ်များတွင် မဏ္ဍပ်များထိုး၍ ကောက်ခံမှု များပင် တွေ့ရသည်။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ မျိုးစောင့်ဥပဒေကို ထောက်ခံသည့် လက်မှတ်ထိုးပွဲများကို ဆွမ်းလောင်းဓမ္မာရုံမဏ္ဍပ် အချို့တွင် ပြုလုပ်ခဲ့သော်လည်း လက်မှတ်ရေးထိုးခဲ့သည့် လူအများစုမှာ မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ တိတိကျကျသိရှိခြင်းမရှိကြောင်း ကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့သူ တစ်ဦးက ပြောကြားခဲ့သည်။

“မနေ့ကအထိ ထောက်ခံမဲ သုံးသန်းလောက်ရပါတယ်။ အထက်ပိုင်းမှာ စစ်ကိုင်းနဲ့ ရှမ်းက အများဆုံးပါ။ လွှတ်တော်ကိုတင်ဖို့ ဆက်လုပ်မှာပါ” ဟု အရှင်ဝီရသူက ဇူလိုင် ၂၁ ရက်က မိန့်ကြားသည်။ မျိုးစောင့်ဥပဒေပြဋ္ဌာန်းနိုင်ခြင်းနှင့် ပတ်သက်၍ မည်သည့်ဘာသာမဆို ထိန်းသိမ်းစောင့်ရှောက်သည့် ဥပဒေများရှိသော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာတွင်မူ မရှိသည့်အတွက် ဧည့်သည်များ၏ အနိုင်ကျင့်မှုများ ကြုံတွေ့ခဲ့ ရသောကြောင့် ယင်းဥပဒေ ပေါ်ပေါက်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဆရာတော်များက မိန့် ကြားထားသည်။ ကန့်ကွက်ကြသည့် အဖွဲ့အစည်းများကမူ ယင်းဥပဒေတွင် လူ့အခွင့်အရေးကို ချိုးဖောက်သည့် အချက်များ ပါဝင်သည့်အတွက် သဘောမတူနိုင်ခြင်းဖြစ်ကြောင်း ပြောကြသည်။

ယင်းမျိုးစောင့် ဥပဒေကို Rain Fall ၊ အခရာအမျိုးသမီးအဖွဲ့၊ ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့၊ ဖန်မီးအိမ်၊ ၈၈ မျိုးဆက် (အမျိုးသမီး)၊ Colorful Girls နှင့် Triangel Women Support Group အပါအ၀င် အဖွဲ့အစည်း ရှစ်ခုက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အခန်း(၁၆)တွင် အသက်အရွယ်ပြည့်သူ အမျိုးသား၊ အမျိုးသမီးတိုင်းသည် လူမျိုး၊ နိုင်ငံသား (သို့မဟုတ်) ဘာသာရေးအရ ကန့်သတ်ထားမှု တစ်စုံတစ်ရာမရှိဘဲ လွတ်လပ်စွာထိမ်းမြားခွင့်၊ မိသားစုထူထောင်ခွင့်ရှိသည်။ ၎င်းတို့သည် လက်ထပ်ထိမ်းမြားခြင်း မတိုင်မီလည်းကောင်း၊ အိမ်ထောင်ဖက်ဘ၀၌လည်းကောင်း၊ ကွာရှင်းပြတ်စဲရာတွင်လည်းကောင်း တူ ညီသော အခွင့် အရေးများ ရှိရမည်ဟု ဖော်ပြထားသည်။


မြန်မာ့ဓလေ့ထုံးတမ်းထိမ်းမြားမှုဥပဒေတွင် မည်သူ့ကို လက်ထပ်ခွင့်မရှိဟုမပါဝင်ဘဲ သွေးရင်း သားရင်းမှ လွဲ၍ လွတ်လပ်စွာ လက်ထပ်ခွင့်ရှိကြောင်း ဖော်ပြထားသည်။ “၁၉၅၄ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှုဥပဒေ ရှိတယ်။ ပြည့်စုံပြီးသားပါ။ ပြီးရင်လွှတ်တော်ကတစ်ဆင့် လုပ်ရမှာ။ အရမ်းလုပ်လို့ မရဘူး။ လုပ် ရင် ဘောင်မ၀င်ပါဘူး” ဟု ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က သုံးသပ် သည်။ ပြည်ထောင်စု လွှတ်တော် သို့ ဥပဒေကြမ်းများ တင်သွင်းရာ တွင် ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ် များ၊ ပြည်ထောင်စု ၀န်ကြီး ဌာနနှင့် အဖွဲ့အစည်းများကသာ တိုက်ရိုက်တင်သွင်းခွင့်ရှိသည်။ “ဒီဥပဒေကြမ်းကို လွှတ်တော်တင်ဖို့ နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးထားတာ မရှိသေးပါဘူး။ ပြည်သူ့ဆန္ဒမဲနဲ့ တင်သွင်းမှာပါ” ဟု ဆရာတော်ဘဒ္ဒန္တဒေါက်တာ ဓမ္မပီယက မိန့်ကြားထားသည်။ ယခုပြည်သူများ လက်ဝယ်ရောက်ရှိနေသည့် ဥပဒေမှာ မူကြမ်းသာဖြစ်ပြီး အကြိမ်ကြိမ်လေ့လာသုံးသပ်ပြီးမှ အတည်ပြု၍ လွှတ်တော်သို့ တင်ပြမည်ဟုလည်း ဆရာတော်များက မိန့်ကြားသည်။ မျိုးစောင့်ဥပဒေ ကို ပြည်ထောင် စုအဆင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြလာမှ စဉ်းစားသွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားထားသည်။

နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသ နနှင့် ပြည့် စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။ နိုင်ငံတော်သည် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုကြောင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်မှုမှာ အများဆုံးဖြစ်ပြီး ၈၉ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ အရေးကြီးသည့် အသွင်ကူးပြောင်းရေးကာလတွင် အချင်းချင်းစိတ်ဝမ်းမကွဲသင့်ဘဲ ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်ကြောင်း လူမှုရေးအဖွဲ့အစည်းအချို့နှင့် ပညာရှင်များက ထောက်ပြပြောဆိုသည်။ “ကန့်ကွက်တာလည်း ဗုဒ္ဓဘာသာ၊ ဒီဥပဒေကို လုပ်တာကလည်း ဆရာတော်တွေ၊ ဗုဒ္ဓဘာသာတွေ၊ နှစ်ဖက်လုံးက ကောင်းတာကို လိုချင်လို့။ ဒါကြောင့် ဘာဖြစ်လို့ ဒီဥပဒေကို လုပ်တာလဲ ကန့်ကွက်သူတွေကို ဖိတ်ခေါ်ညှိနှိုင်း ဆောင်ရွက် သင့်ပါတယ်။ နှစ်ဖက်ထိပါး တာတွေ မလုပ်သင့်ဘူး” ဟု စာရေးဆရာမ ဒေါ်သန်းမြင့်အောင် က ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အများဆုံးဖြစ်သော်လည်း ခရစ်ယာန်ဘာသာကိုးကွယ် မှုမှာ လေးရာခိုင်နှုန်း ခန့်ရှိသည်။ ခရစ်ယာန်ဘာသာကိုးကွယ်မှုမှာ ကချင်၊ ချင်း၊ ကရင်စသည့် တိုင်းရင်းသားများတွင် အများဆုံး ဖြစ်သည်။ ကမ္ဘာတွင် ပြည်တွင်းစစ် သက်တမ်းအရှည်ဆုံးဖြစ် သည့် မြန်မာနိုင်ငံ တွင် တိုင်းရင်းသားမျိုးနွယ်စုများမှာ တန်းတူညီမျှအခွင့် အရေးရှိ သည့် ပြည်ထောင် စုစနစ် ဖြစ်ပေါ်လာရန် လိုလားကြသည်။ ယခုမျိုးစောင့်ဥပဒေအတည်ပြုဖြစ်ပါက တိုင်းရင်းသားလူမျိုးစု များအပေါ် အကျိုးသက်ရောက်မှုများ ရှိလာနိုင်ကြောင်း တိုင်းရင်းသားပါတီ အချို့နှင့် ခေါင်းဆောင်များက ထောက်ပြသည်။

“ဖက်ဒရယ်စနစ်ကို အနည်းအများတော့ ထိခိုက်မှာပဲ။ ဖက်ဒရယ်ဆိုတာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်လေ။ နောက်ပြီး အမျိုးသားရေးဝါဒတွေ ပေါ်ထွက်လာမှာကို စိုးရိမ်မိတယ်။ ဥပဒေလုပ်မယ်ဆိုရင် ပါလီမန်ဒီမိုကရေစီကို ဦးတည်တဲ့ဥပဒေမျိုးဘဲ လုပ်သင့်တယ်” ဟု ဦးဇိုဇမ်ကပြောသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင် လူ့အသိုင်းအ၀ိုင်းနှစ်ခုကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအဖြစ် ဒေသတွင်း အရေးကိစ္စ၊ နိုင်ငံတကာအရေး ကိစ္စအဖြစ် ပုံဖော်ပြီး ကုလသမဂ္ဂ မျက်နှာစာတွင် တင်ပြရန် ကြိုးစားမှုများ စတင်တွေ့ရှိလာရပြီဖြစ်ပြီး မိမိတို့နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဘာသာကြီးလေးခုကို အသိအမှတ်ပြုကာကွယ်စောင့်ရှောက်ရ မည့် ပြဋ္ဌာန်းချက်များ ပါဝင်ပြီးဖြစ်၍ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုများကို လုံးဝလက်မခံနိုင်ကြောင်း ဇူလိုင် ၂၁ ရက်က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့နှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

From:ရိုးရာလေး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D