သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 24, 2013

"ဦးဝီရသူ ထိခိုက်ဒဏ်ရာရ လူနာများထံ သွားရောက်အားပေး"





 မန္တလေးဆေးရုံကြီး၊ ထိခိုက်ဒဏ်ရာ ကုသဆောင်၌ ကုသမှုခံယူနေသော ဒေါ်အေးအေးခင်၊ (၄၆)နှစ် (အောင်မြေသာဇံမြို့နယ်၊ ဓမ္မပိယတရားနာအဖွဲ့)ထံ သွားရောက်ကာ အားပေးစကား ပြောကြားရင်း စားစရာနှင့် ငွေကြေးများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ဒေါ်အေးအေးခင်သည် ပရိသတ်အလယ်ရှိ လျှောက်လှမ်းဘက်သို့ ခန္ဓာကိုယ်တစ်ခြမ်း ထွက် နေမိအောင် ထိုင်မိခြင်းမှာ နောက်ကျ၍ နေရာမရသောကြောင့် ဖြစ်ကြောင်း၊ တရားဟောဆရာတော် ကိုသာ ဖူးမျှော်ရင်း တရားနာနေသောကြောင့် ဘာမျှမမြင်မိကြောင်း ဒေါ်အေးအေးခင် ဘေးမှ အဖော် အမျိုးသမီးက မဏ္ဍပ်ဘေးမှာ မီးခိုးလုံးကြီး ကျသွားသည်ကို မြင်လိုက်ရကြောင်း၊ မဏ္ဍပ်စင်အောက်မှ ရဲရဲအလုံးကြီး ပြေး လာသည်ကို မြင်ရ၍ လက်တို့သတိပေးမည်အပြုတွင် ထိမှန်သွားခဲ့ကြောင်း၊ ထိထိခြင်း ဘာမျှမသိလိုက်ကြောင်း၊ ပြီးမှ သွေးများ ဒလဟောယိုစီးကျ လာခြင်းဖြစ်ကြောင်း   ပြောပြ လျှောက် ထားပါသည်။

ဒေါ်အေးအေးခင် ပေါင်သားထဲ စူးနစ်ဝင်နေသော ခဲယမ်းအစကို ယခုထိ ခွဲစိတ်ထုတ်ယူခြင်း မရှိသေး၍ အနာ၏ အထက်ဘက်မှ အမြဲတမ်း နာကျင်မှုကို ခံစားနေရကြောင်း၊ ထုတ်စရာလိုရင်လည်း ထုတ်ပေးဖို့နှင့် ထုတ်စရာမလိုက ဆေးရုံမှဆင်းလိုကြောင်း လျှောက်ထား တင်ပြနေပါသည်။

ယနေ့ (23.7.2013) ရက်နေ့တွင် ၆၂-လမ်းရှိ အရိုးဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရကြောင်း သိရပါသည်။
ဒေါ်အေးအေးခင်နှင့်အတူ ဆေးကုသမှုခံယူနေရသည့် အခြားတစ်ဦးမှာ အသက်(၇၀)ကျော်၊ (၈၀)နီးပါးရှိ အမေကြီးတစ်ဦးဖြစ်ပြီး အမည်လည်းမပြော စကားလည်းမပြော ဘာမျှလည်းမေးမရ၊ နားလည်းမကြား၊ ဆွံ့.အ.နား မကြားပုံစံမျိုး သက်ရောက်နေပြီး၊ ဆွေမျိုးအသိုင်းအ၀န်းလည်းမရှိ၊ ရပ်ကွက်မှ ကြည့်ရှုထားရသူဖြစ်ကာ၊ ပလက်ဖောင်းပေါ်တွင် အမြဲတမ်း နေသူဖြစ်သည်ဟု သိရသည်။

ကိုရင် ဥာဏသာမိသည် ပေါင်မှာခဲစ မှန်ရုံသာဖြစ်၍ ဆေး ထိုး ဆေးထည့် ရုံနှင့် ပျောက် ကင်း နိုင်၍ ဆေးရုံမတက်ခဲ့ကြောင်း သိရသည်။(နောက်ဆုံးသတင်းအရ၊ နားမကြားသူ အမေအိုကြီး၏ ပေါင်ရင်းတွင် စူးနစ်ဝင်နေသော ခဲယမ်းစက ပေါင်းရိုးနှင့် ထိစပ်နေ၍ ချက်ချင်းဆွဲနှုတ်၍ မရကြောင်း၊ ဒေါ်အေးအေးခင်၏ ပေါင်တွင် စူးနစ်ဝင်နေသော ခဲယမ်းစက အကြောနှစ်ခုကြား ညပ်နေ၍ ချက်ချင်းခွဲကု၍ မရသေးကြောင်း ဖြစ်သည်ဟု အရိုးအထူးကု ဆရာဝန်ကြီးက ရှင်းပြသည် ဟု သိရပါသည်။ )

From:Wira Thu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D