သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 26, 2013

အမျိုးသမီးများထက် အမျိုးသားများက အိမ်တွင်းအကြမ်းဖက်ခံရမှု ပိုများလာနိုင်

အိမ်တွင်း အကြမ်းဖက်ခံရမှုတွင် အမျိုးသမီးများထက် အမျိုးသားများက ပို၍ခံစားလာရနိုင်ကြောင်း အကြမ်းဖက်မှုရေးရာ ကျွမ်းကျင်သူများက သုံးသပ်ပြောကြားလိုက်ပါသည်။

ယခင် စစ်တမ်းများအရ အမျိုးသမီးများသည် အကြမ်းဖက်ခံရမှု၏ သားကောင်များ အများဆုံး ဖြစ်လေ့ ရှိသော်လည်း ယခုအခါတွင် အမျိုးသားများက ပိုများပြားလာနိုင်ကြောင်း ထပ်မံကောက်ယူထားသည့် စစ်တမ်းများက ဖော်ပြကြသည်။


“အိမ်တွင်း အကြမ်းဖက်မှုဆိုတာ ယေဘုယျ သဘောဆန်ပါတယ်။ လိင်ခွဲခြားမထားပါဘူး။ နေရာတိုင်း၊ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်” ဟု မျှော်လင့်ချက် ဆိပ်ကမ်းဟူသည့် အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး လင်းဆေးရီးစ်က ပြောသည်။
အမေရိကန်နိုင်ငံ ၂၀၀၅ ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်သည်မှာ အမေရိကန် အမျိုးသား ကိုး ယောက်တွင် တစ်ယောက်သည် အိမ်တွင်းအကြမ်းဖက်မှု ခံစားနေရသည်ဟု ဆိုသည်။

အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်တစ်ခုတွင် အတူနေချစ်သူခြင်းကတောက်ကစဖြစ်ကြရာ ၂၃ နှစ် အရွယ် ယောက်ျားလေးသည် မိန်းကလေး၏ ထိုးကြိတ်မှုကြောင့် ဒါဏ်ရာရရှိသွားခဲ့ပြီး ထွက်ပြေး ခဲ့ရသည်။

အကြမ်းဖက်ခံရသူ အမျိုးသားသည် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိသွားပြီး ဦးခေါင်းနှင့် ခြေထောက် များတွင်လည်း အတွင်းဒဏ်ရာများ ရရှိသွားခဲ့သည်ဟု ရဲဌာနက ပြောဆိုသည်။ ထို့ပြင် ဆေးရုံသို့ အချိန်မီရုံရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“အိမ်တွင်း အကြမ်းဖက်မှု ဖြစ်စဉ်တွေဟာ လျော့နည်းလာတယ်လို့တော့ ဆိုကြတာပဲ” ဟု ရီးစ်က ဆို သည်။

ထို့ပြင် အမျိုးသားများသည် အမျိုးသမီးများ၏ အကြမ်းဖက်ခံရခြင်းကို ရှက်ရွံ့သဖြင့် ထုတ်ဖော်ပြောလေ့ မရှိဟု စစ်တမ်များက ဆိုသည်။ အမှန်တကယ် တရားရုံးတွင် ရင်ဆိုင်လာရသောအခါတွင်လည်း တရား လိုဘက်က သံသယဖြစ်ဖွယ် မေးခွန်းများမေးခံရလေ့ရှိပြီး အောင်မြင်မှုမရှိဟု ဆိုသည်။

မြတ်ကျော်သူ
မဇ္ဈိမ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D