သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 25, 2013

ဝန်ကြီးဌာန ရုံးဟောင်းလေးလုံးကို ဟိုတယ်အဖြစ် ပြောင်းလဲသွားမည်

ကိုလိုနီခေတ် လက်ကျန်အဆောက်အဦးတွေဖြစ်တဲ့ ဝန်ကြီးဌာနရုံးဟောင်း ၄ လုံးကို ပုဂ္ဂလိကလုပ်ငန်းရှင် တွေထံ လွှဲပြောင်းပေးပြီး ဟိုတယ်လုပ်ငန်းတွေအဖြစ် ပြောင်းလဲအသုံးပြုသွားမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှပ် နှံမှုကော်မရှင် အကြီးအကဲတွေက ဒီနေ့ပြောလိုက်ပါတယ်။
ဒီနေ့ရန်ကုန်မြို့ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာရင်းနှီးမြှပ်နှံမှု ကော်မရှင် တွဲဘက်အတွင်းရေးမှူးလည်းဖြစ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး သူရ ဦးသောင်းလွင်က ပြောခဲ့တာပါ။



"ဆူးလေဘေးနားက အဆောက်အဦးဟာ နောက်သုံး၊လေးနှစ်ဆိုမရတော့ဘူး၊ပြိုတောင်ပြိုနိုင်တယ်၊ အချိန်မီ အောက်မှာ ဒေါက်ထောက်မှရမယ်၊ ယနေ့ရုံးဟောင်းအဆောက်အဦးအောက်မှာဝင်သွားတဲ့အခါကျတော့ ဒေါက်ထောက်ထားတာကိုတွေ့တယ်၊ ဒီဟာကိုပြင်ရင်ကို အနည်းဆုံးဒေါ်လာ ၁ဝ သန်းလောက်ကုန်မယ် စသဖြင့် ဒီလိုပြောတဲ့ပုဂ္ဂိုလ်တွေရှိပါတယ်”

မြန်မာနိုင်ငံဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဟိုတယ်ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် လာရောက် လည်ပတ်လိုသူတွေအတွက် အခက်အခဲရှိသလို နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေလည်းနည်းပါးနေသေး
တယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ ညွှန်ကြားရေးမှုးချူပ် ဦးအောင်နိုင်ဦးက အခုလိုပြောပါတယ်။

"ကျနော်တို့မှာ ဟိုတယ်အခန်းက နည်းနေပြီး လာတဲ့လူကများတော့ ဟိုတယ်ခတွေက အဆပေါင်းများစွာ တက်သွားတာဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဟိုတယ်ကဏ္ဍနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ရင်းနှီးမြှပ်နှံမှုတွေ ကို ဖိတ်ခေါ်တဲ့အနေအထားရှိပါတယ်”

တချိန်တည်းမှာပဲ ရန်ကုန်တိုင်း စုပေါင်းတရားရုံးကြီးကိုလည်း တရုတ်ကုမ္ပဏီဖြစ်တဲ့ Flying Tiger ကုမ္ပဏီ ကို ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်တာကြောင့် ရှေ့နေများကွန်ရက်က အစိုးရနဲ့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်တို့ကိုလည်း တရားစွဲဖို့ ပြင်ဆင်နေကြောင်း ရှေ့နေများကွန်ရက်က တရားဝင်စာတင်ထား တယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D