သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 23, 2013

ကမ္ဘာ့အဆင့်သင်္ချာပြိုင်ပွဲ မြန်မာကျောင်းသားရှစ်ဦး ရွှေတံဆိပ်ဆုရ

 အမေရိကန်နိုင်ငံအခြေစိုက် SASMO Association မှ ကြီးမှုးကျင်းပသော ကမ္ဘာ့အဆင့် သင်္ချာပြိုင်ပွဲတွင် မြန်မာကျောင်းသား ရှစ်ဦး ရွှေတံဆိပ်ဆုရရှိခဲ့သည်ဟု ယင်းအစီအစဉ်ကို မြန်မာနိုင်ငံမှ ပူးပေါင်းကျင်းပသော T&H သချာင်္သင်တန်းကျောင်းမှ သိရသည်။

ယင်းအစီအစဉ်ကို မြန်မာနိုင်ငံတွင် SASMO Association နှင့် T&H သင်္ချာသင်တန်းကျောင်းတို့ ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး စာမေးပွဲကို ဧပြီ ၂၃ ရက်တွင် ကျင်းပခြင်းဖြစ်ကာ နိုင်ငံအချို့ရှိ ကျောင်းသားများ ပါဝင် ယှဉ်ပြိုင်သည်။ ပါဝင်ရာတွင် အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိ လစ်ပိုင်၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ပါဝင်ယှဉ်ပြိုင်ကြသည်။

ယင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်ရှစ်ဆု၊ ငွေတံဆိပ် ၁၂ ဆုနှင့် ကြေးတံဆိပ် ၁၂ဆု ရရှိခဲ့သည်။ ဆု ရရှိသော ကျောင်းသားများကို ဇူလိုင်၂၂ ရက်တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်တွင် ဆုချီးမြှင့်ခဲ့သည်။

အဆိုပါ သချာင်္ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား ၁၆၂ ဦး ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ပြိုင်ပွဲမေးခွန်း အား စင်ကာပူရုံးခွဲမှပေးပို့ပြီး ဒုတိယတန်းမှန၀မတန်းအထိ ကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်နိုင်သော ကမ္ဘာ့အဆင့် ပြိုင်ပွဲဖြစ်သည်ဟု T&H သချာင်္သင်တန်းကျောင်းမှ အထွေထွေမန်နေ ဂျာ ဒေါက်တာ သက်ဇော် မှ မဇ္ဈိမသို့ ပြောသည်။

သင်္ချာပညာရပ်နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Collage of the Redwo- ods တွင် သချာင်္ဘာသာရပ် သင်ကြားပေးသော ဆရာမဒေါ်သဲသဲကျော်ကလည်း “သချာင်္ပညာရပ်ကို တ ချို့ကျောင်းသားတွေက ဒီပညာရပ်က တကယ့် လူမှုဘ၀မှာ အသုံးဝင်မှာလားပေါ့။ တကယ်က အသုံးဝင် ပါတယ်။ ဒီသချာင်္ပညာရပ် အခြေခံကနေ လူမှုပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာပါ” ဟု ပြောသည်။

ရွှေတံဆိပ်ဆုရရှိသော ကျောင်းသားများသည် ထိုင်ဝမ်နိုင်ငံတွင် ကျင်းပမည့် အာရှနိုင်ငံများမှ ရွှေတံဆိပ် ဆုရရှိသော ကျောင်းသားများ နှီးနှောဖလှယ်ပွဲသို့လည်း တက်ရောက်ရမည်ဖြစ်ပြီး ယင်းပွဲကို ဇူလိုင် ၂၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတွင်လည်း သင်္ချာဘာသာရပ်နှင့် ပတ်သက်ပြီး ထပ်မံ ယှဉ်ပြိုင်ရ မည်ဖြစ်သည်။

အဆိုပါ ကမ္ဘာ့အဆင့် သချာင်္ပြိုင်ပွဲသို့ တစ်နှစ်လျှင် နိုင်ငံတကာမှကျောင်းသားများ နှစ်သိန်းခန့် ၀င်ရောက် ယှဉ်ပြိုင်ကြပြီး မြန်မာနိုင်ငံတွင် ကျင်းပနိုင်ရန် SMSM0 Association မှ ခွင့်ပြုချက်ရရန်အတွက် တစ်နှစ်ခွဲခန့် ကြိုးစားခဲ့ရသည်ဟုလည်း ဒေါက်တာသက်ဇော်က ပြောသည်။

From:Mizzima

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D