သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 26, 2013

တန်ချိန် ၃၃၃ တန်ရှိ ကြေးသွန်း ခေါင်းလောင်းကြီး တစ်ခုကို စတင် တည်ဆောက်နေပြီဖြစ်

Photo: တန်ချိန် ၃၃၃ တန်ရှိ ကြေးသွန်း ခေါင်းလောင်းကြီး တစ်ခုကို စတင်
 တည်ဆောက်နေပြီဖြစ်
Friday, July 26, 2013

မြောင်းမြမြို့၊မြစိမ်းရောင်တောင် ရှေးဟောင်း သုတေသန နယ်မြေမှာ ၂၁၆ တောင် 
ဉာဏ်တော်ရှိ မြတိဂုံစေတီတော်ကြီး ရင်ပြင်၌ တန်ချိန် ၃၃၃ တန်
အထိ သွန်းလုပ်မယ့်  ကြေးသွန်း ခေါင်းလောင်းကြီးကို စတင် တည်ဆောက်နေပြီ 
ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကြေးသွန်း ခေါင်းလောင်းကြီး မှာတော့ 
ကြေးပိဿာချိန် ၂ သိန်းနဲ့ တည်ဆောက်မှာ ဖြစ်ပြီး ကမ္ဘာ အကြီးဆုံး 
ခေါင်းလောင်ကြီး အဖြစ် တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို ကြေးသွန်း ခေါင်းလောင်းကြီးကို ပြီးခဲ့တဲ့ ဇွန်လပိုင်း ကတည်းက 
ဆရာတော်ကြီးရဲ့ ဆိုဆုံးမမှုကို ခံယူပြီး လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ 
တိုင်ပင်ကာ တွက်ချက်မှု များပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကြေးသွန်း 
ခေါင်းလောင်းကြီး တည်ဆောက်မှုဟာ ကြာချိန် အနေနဲ့ ၃ နှစ်ခန့် ကြာမြင့်မယ်လို့
 သိရပါတယ်။အဆိုပါ ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှု ကုန်ကျငွေမှာ 
ခန့်မှန်းခြေ အားဖြင့် သိန်းပေါင်း ၇ သောင်းခန့် ကုန်ကျမှာ ဖြစ်တယ်လို့ 
သိရပါတယ်။
 
အခုလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်ရာမှာ အလှူငွေ ထည့်ဝင် 
လှူဒါန်းလိုတဲ့ အလှူရှင်တွေ အနေနဲ့ တစ်ဦးလျင် အများဆုံး ငွေကျပ် သုံးသောင်း
 အထိသာ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်ငွေ 
စာရင်း အမှတ် SY 11 သို့ ထည့်ဝင် လှူဒါန်းနိုင် တယ်လို့ သိရပါတယ်။
 
အခုလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှုဟာ ဧရာဝတီတိုင်း၊ 
မြောင်းမြမြို့၊ မြစိမ်းရောင်တော်ပေါ် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာ 
ဆံတော်ရှင်မြတိဂုံ စေတီတော်နဲ့တည်ထား ဖို့အတွက် ဆောက်လုပ်မှုတွေ ပြုလုပ်တာ 
ဖြစ်ပါတယ်။ ဒီလို မြတိဂုံစေတီတော် တစ်ဆူဖြစ်လာတဲ့ အခါ အများပြည်သူ 
ကောင်းမှုနဲ့ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး တစ်ခုရှိဖို့ လိုအပ်လာမှာ 
ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4
မြောင်းမြမြို့၊မြစိမ်းရောင်တောင် ရှေးဟောင်း သုတေသန နယ်မြေမှာ ၂၁၆ တောင် ဉာဏ်တော်ရှိ မြတိဂုံစေတီတော်ကြီး ရင်ပြင်၌ တန်ချိန် ၃၃၃ တန်
အထိ သွန်းလုပ်မယ့် ကြေးသွန်း ခေါင်းလောင်းကြီးကို စတင် တည်ဆောက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကြေးသွန်း ခေါင်းလောင်းကြီး မှာတော့ ကြေးပိဿာချိန် ၂ သိန်းနဲ့ တည်ဆောက်မှာ ဖြစ်ပြီး ကမ္ဘာ အကြီးဆုံး ခေါင်းလောင်ကြီး အဖြစ် တည်ဆောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။အခုလို ကြေးသွန်း ခေါင်းလောင်းကြီးကို ပြီးခဲ့တဲ့ ဇွန်လပိုင်း ကတည်းက ဆရာတော်ကြီးရဲ့ ဆိုဆုံးမမှုကို ခံယူပြီး လိုအပ်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ကာ တွက်ချက်မှု များပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။
ဒီလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှုဟာ ကြာချိန် အနေနဲ့ ၃ နှစ်ခန့် ကြာမြင့်မယ်လို့ သိရပါတယ်။အဆိုပါ ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှု ကုန်ကျငွေမှာ ခန့်မှန်းခြေ အားဖြင့် သိန်းပေါင်း ၇ သောင်းခန့် ကုန်ကျမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်ရာမှာ အလှူငွေ ထည့်ဝင် လှူဒါန်းလိုတဲ့ အလှူရှင်တွေ အနေနဲ့ တစ်ဦးလျင် အများဆုံး ငွေကျပ် သုံးသောင်း အထိသာ မြန်မာ့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်ငွေ စာရင်း အမှတ် SY 11 သို့ ထည့်ဝင် လှူဒါန်းနိုင် တယ်လို့ သိရပါတယ်။

အခုလို ကြေးသွန်း ခေါင်းလောင်းကြီး တည်ဆောက်မှုဟာ ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ မြစိမ်းရောင်တော်ပေါ် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှာ ဆံတော်ရှင်မြတိဂုံ စေတီတော်နဲ့တည်ထား ဖို့အတွက် ဆောက်လုပ်မှုတွေ ပြုလုပ်တာ ဖြစ်ပါတယ်။ ဒီလို မြတိဂုံစေတီတော် တစ်ဆူဖြစ်လာတဲ့ အခါ အများပြည်သူ ကောင်းမှုနဲ့ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး တစ်ခုရှိဖို့ လိုအပ်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D