သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 26, 2013

မြောင်းမြမြို့နယ် ပြင်ရွာကျေးရွာတွင် လေပွေတိုက်ခတ်ခြင်းနှင့် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်


7.25.9

ရွေးမြစ်ရေ တိုက်စားမှုကြောင့် ပြင်ရွာကျေးရွာတွင် ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နေစဉ်
               မြောင်းမြမြို့နယ် ပြင်ရွာကျေးရွာတွင် ဇူလိုင် ၂၄ ရက်
တစ်နေ့တည်းတွင် လေပွေတိုက်ခတ်ခြင်းကြောင့် ကျေးရွာစာသင်ဆောင် အမိုးများ ပျက်စီးလွင့်ပါခြင်း၊ မြစ်ရေတိုက်စား ခြင်းကြောင့် ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါနေ့ ညနေ ၆ နာရီခန့်တွင် မိုးအနည်းငယ် ရွာသွန်းကာ လေပွေတိုက်ခတ်မှုကြောင့် ပြင်ရွာကျေးရွာ အထက်တန်းကျောင်းခွဲရှိ ရတနာဆောင်နှင့် သီဟဆောင်များမှ စာသင်ခန်းအချို့ အမိုးများ လွင့်ပျံကာ အမိုးကိုင်းများပါ ပျက်စီးခဲ့ရကြောင်း၊ လူထိခိုက်မှု မရှိကြောင်း သိရသည်။

''မနေ့ညနေ ၆ နာရီ ၅ မိနစ်မှာ လေပွေတိုက်ပြီး ကျောင်းက ကိုးတန်းဆောင်နှစ်ဆောင် အမိုးတွေ လွင့်ထွက်သွားတယ်၊ အမိုးတန်း သစ်သားတွေပါ ပျက်စီးသွားတယ်။ ကျောင်းဆင်းချိန်မို့လို့ ကလေးတွေနဲ့ အခြားသူတွေ ထိခိုက်မှု မရှိဘူး'' ဟု အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်က ဆိုသည်။
ညနေဖက် လေပွေတိုက်လို့ စာသင်ကျောင်းပျက်ပြီး ည ၉ နာရီ ၅၀ လောက်မှာ ကမ်းစပြိုတာပဲ။ ကမ်းက တအိအိနဲ့ ပဲ့ကျပြီး ပြိုတာဘဲ မြစ်ထဲကို ပေ ၃၀ လောက်ပဲသွားတယ်။ ကမ်းနားတလျှောက်ဆို ပေ ၆၀ လောက် ရှိမယ်...

အဆိုပါနေ့ ည ၁၀ နာရီခန့်တွင်လဲ ရွေးမြစ်ရေ တိုက်စားမှုကြောင့် ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ရေဆင်းတံတားနှင့် ကမ်းပြိုမှု တားဆီးထားသော ရေတားတန်းများ ပြိုကျပျက်စီးခဲ့ကြောင်း၊ မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကမ်းစပ်တစ်လျှောက် အလျားပေ ၆၀၊ အနံပေ ၃၀ ခန့် ပြိုကျခဲ့ရကြောင်း သိရသည်။
''ညနေဖက် လေပွေတိုက်လို့ စာသင်ကျောင်းပျက်ပြီး ည ၉ နာရီ ၅၀ လောက်မှာ ကမ်းစပြိုတာပဲ။ ကမ်းက တအိအိနဲ့ ပဲ့ကျပြီး ပြိုတာဘဲ မြစ်ထဲကို ပေ ၃၀ လောက်ပဲသွားတယ်။ ကမ်းနားတလျှောက်ဆို ပေ ၆၀ လောက် ရှိမယ်။ လူနေအိမ်တော့ မပါဘူး။ ရပ်ကွက်ရုံးကတော့ ခေါင်းရင်းဘက် ပါသွားတယ်။ ရေ၀ဲကကတော့ ထိုးပြီးပြိုတာ'' ဟု ပြင်ရွာကျေးရွာ ဒေသခံ တစ်ဦးဖြစ်သူ ကိုအောင်ခိုင်က ပြောကြားသည်။
ပြင်ရွာကျေးရွာသည် မကြာခဏ မြစ်ကမ်းပါး ပြိုလေ့ရှိသော ကျေးရွာတစ်ခုဖြစ်ပြီး၊ ယခုအကြိမ် ကမ်းပြိုမှုသည် ငါးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D